ေျခာက္ေသြ႔ဖြာထြက္လြယ္တဲ႔ ဆံသားကုိပုိင္ဆုိင္ထားလို႔ စိတ္ညစ္ေနရျပီလား? 😒

ဆံပင္သားေပ်ာ့ေပ်ာ့အိအိစင္းစင္းေလးေတြပုိင္ဆုိင္ထားရင္ေတာ့ အင္မတိအင္မတန္ကံေကာင္းလြန္းတဲ႔ပ်ိဳေမေတြပါပဲ။မနက္အိပ္ရာကႏုိးလုိ႔ေခါင္းျဖီးစရာမလိုပဲ လက္ေလးနဲ႔သပ္လိုက္ရံုနဲ႔ သပ္ရပ္သြားတဲ႔ဆံေကသာမ်ိဳးကုိ မိန္းကေလးတုိင္းလိုခ်င္ၾကမွာပါ။ဒါေပမဲ႔ကိုယ့္ဆံပင္သားက ေျခာက္ေသြ႔ဖြာထြက္လြယ္တဲ႔ဆံေကသာမ်ိဳးျဖစ္ေနလုိ႔စိတ္ညစ္ေနရလား?အထူးသျဖင့္ ဆံေကသာေကာက္သားပုိင္ရွင္ေတြဆုိရင္ နဂိုကဆံပင္က ေကာက္ပါတယ္ဆုိ ဖြာထြက္ေနေတာ့ ၾကည့္ရဆုိးတာေပါ့။ဒါေၾကာင့္ ေခါင္းေလ်ွာ္ျပီးစအခ်ိန္ေလးပဲ ဆံပင္သားကသပ္ရပ္ေနျပီး ေနာက္ရက္ဆုိတာနဲ႔ ဖြာထြက္ဆံေကသာေျခာက္လြယ္တတ္တဲ႔ဦးေရျပားပုိင္ရွင္ေတြအတြက္ နည္းလမ္းေကာင္းေလးေတြျပန္ျပီးမ်ွေ၀ေပးသြားပါမယ္။

Apple Cider Vinegar

စီးတီမတ္တုိင္းမွာ Apple Cider Vinegar ကုိအလြယ္တကူရွာေတြ႔ႏုိင္ပါတယ္။Apple Cider Vinegar ဟာ ဆံေကသာကုိေခ်ာေမြ႔ေစတဲ႔အျပင္ ေတာက္ပေစပါတယ္။ဘယ္လိုလုပ္ရမလဲဆုိေတာ့ ဒီ Apple Cider Vinegar နဲ႔ ေခါင္းေလ်ွာ္သလုိ ေခါင္းေပၚကေလာင္းခ်ေပးရမွာပါ။ျပီးရင္ ၃၀စကၠန္႔ေလာက္ခဏထားျပီးေရေဆးခ်လိုက္ပါ။ေရေအးေအးနဲ႔ေဆးခ်ရင္ေတာ့ ပုိျပီးေကာင္းပါတယ္တဲ႔။တစ္ပတ္ကုိ တစ္ခါ ပံုမွန္လုပ္ေပးသြားမယ္ဆုိရင္ဆံေကသာဖြာထြက္ျပီးေျခာက္ေသြ႔လြယ္တာမ်ိဳးမျဖစ္ေတာ့ပါဘူး။တကယ့္ကိုအသံုး၀င္တဲ႔နည္းလမ္းေလးမို႔လုိ႔ စမ္းျပီးလုပ္ၾကည့္ၾကေနာ္။

Avocado & Olive Oil Mask

ေနာက္ထပ္ဆံပင္သား သဘာ၀ေပါင္းတင္နည္းကေတာ့ ေထာပတ္သီးနဲ႔သံလြင္ဆီကုိေရာစပ္ျပီးသံုးေပးရမွာပါ။ေထာပတ္သီးမွာပါ၀င္တဲ႔ fatty acid ဟာဆံေကသာ ဖြာထြက္တာကိုေခ်ာေမြ႔သြားေစပါတယ္။သံလြင္ဆီကလည္းသိတဲ့အတုိင္းဆံေကသာအတြက္အထူးေကာင္းမြန္ေစတာပါ။ဒီႏွစ္ခုကုိေရာစပ္ျပီး ေခါင္းေလ်ွာ္ရည္လို ဆံပင္အႏွံ႔ပြတ္လိမ္းေပးပါ။နာရီ၀က္ျဖစ္ေစ၊တစ္နာရီျဖစ္ေစ ထားျပီးရင္ ေရနဲ႔ေသခ်ာသန္႔စင္ေပးပါ။ပံုမွန္လုပ္ေပးသြားရင္ကိုယ္လိုခ်င္တဲ႔အတိုင္းျဖစ္လာမွာမလြဲပါဘူး။ဒါေၾကာင့္ တစ္ပတ္ကုိတစ္ခါလုပ္ေပးရင္ ဆံသားက ႏူးည့ံျပီးဖြာထြက္တာေတြမျဖစ္ေတာ့တာသတိထားမိမွာပါ။

Raw Egg & Olive Oil Treatment

ၾကက္ဥအစိမ္းတစ္လံုးနဲ႔သံလြင္ဆီဇြန္းတစ္ဇြန္းအျပည့္ေရာစပ္ျပီး ဆံေကသာကိုေပါင္းတင္ေပးပါ။ၾကက္ဥအႏွစ္မွာ ပရိုတင္းနဲ႔အဆီဓာတ္ပါ၀င္ျပီး ၾကက္ဥအကာမွာဘတ္တီးရီးယားနဲ႔မလိုအပ္တဲ႔အဆီေတြဖယ္ရွားေပးတဲ႔အင္ဇုိင္းေတြပါ၀င္ပါတယ္။သံလြင္ဆီဟာလည္း ဆံပင္သားအစိုဓာတ္ကုိထိန္းသိမ္းေပးႏုိင္လို႔ခါတုိင္းေခါင္းေလ်ွာ္ျပီးတစ္ရက္ႏွစ္ရက္နဲ႔ဖြာထြက္ျပီးေျခာက္ေသြ႔သြားတဲ႔ဆံပင္မ်ိဳးမျဖစ္ေတာ့မွာအေသအခ်ာပါပဲ။ဒီေတာ့ေရာစပ္ထားတဲ႔အႏွစ္ေတြကုိ ဆံပင္အႏွံ႔လိမ္းေပးျပီးနာရီ၀က္ေလာက္ထားပါ။ျပီးရင္ေတာ့ ေရနဲ႔ေသခ်ာသန္႔စင္ေအာင္ေဆးေၾကာေပးပါ။

Coconut Oil or Olive Oil Treatment

အုန္းဆီနဲ႔သံလြင္ဆီကေတာ့ ဆံေကသာအတြက္ အျမဲလိုအပ္တဲ႔အဆီဓာတ္ပါ။သံလြင္ဆီျဖစ္ေစ၊အုန္းဆီျဖစ္ေစ ကုိယ္နွစ္သက္ရာကုိေရြးခ်ယ္ႏုိင္ပါတယ္။ၾကိဳက္တဲ႔ေခါင္းလိမ္းဆီကုိ ေခါင္းမေလ်ွာ္ခင္ညဘက္ထဲက ဆံပင္အႏွံ႔လိမ္းေပးပါ။ဆံပင္အရင္းဓာတ္ အဖ်ားေလးေတြကိုပုိျပီးလိမ္းေပးပါ။အဲ႔ဒါမွ ဦးေရျပားမွာအဆီေတြမ်ားမေနမွာျဖစ္ပါတယ္။ေနာက္တစ္ေန႔မနက္ေရာက္ရင္ေတာ့ ေခါင္းေလ်ွာ္လိုက္ရံုပါပဲ။ဒီနည္းလမ္းေလးကုိေတာ့ ကုိယ္မနက္ေခါင္းေလ်ွာ္မယ္ဆုိရင္ညကတည္းက လုပ္ထားေပးပါ။

ဒီနည္းလမ္းေတြထဲက ၾကိဳက္ရာႏွစ္သက္တဲ႔နည္းလမ္းကုိ ပံုမွန္ေလးလုပ္ေပးသြားမယ္ဆုိရင္ ဆံပင္သားေလးေပ်ာ့စင္းျပီး ပံုသြင္းထားသလုိလွေနမွာပါ 👧

Unicode

ဆံပင်သားပျော့ပျော့အိအိစင်းစင်းလေးတွေပိုင်ဆိုင်ထားရင်တော့ အင်မတိအင်မတန်ကံကောင်းလွန်းတဲ့ပျိုမေတွေပါပဲ။မနက်အိပ်ရာကနိုးလို့ခေါင်းဖြီးစရာမလိုပဲ လက်လေးနဲ့သပ်လိုက်ရုံနဲ့ သပ်ရပ်သွားတဲ့ဆံကေသာမျိုးကို မိန်းကလေးတိုင်းလိုချင်ကြမှာပါ။ဒါပေမဲ့ကိုယ့်ဆံပင်သားက ခြောက်သွေ့ဖွာထွက်လွယ်တဲ့ဆံကေသာမျိုးဖြစ်နေလို့စိတ်ညစ်နေရလား?အထူးသဖြင့် ဆံကေသာကောက်သားပိုင်ရှင်တွေဆိုရင် နဂိုကဆံပင်က ကောက်ပါတယ်ဆို ဖွာထွက်နေတော့ ကြည့်ရဆိုးတာပေါ့။ဒါကြောင့် ခေါင်းလျှော်ပြီးစအချိန်လေးပဲ ဆံပင်သားကသပ်ရပ်နေပြီး နောက်ရက်ဆိုတာနဲ့ ဖွာထွက်ဆံကေသာခြောက်လွယ်တတ်တဲ့ဦးရေပြားပိုင်ရှင်တွေအတွက် နည်းလမ်းကောင်းလေးတွေပြန်ပြီးမျှဝေပေးသွားပါမယ်။

Apple Cider Vinegar
စီးတီမတ်တိုင်းမှာ Apple Cider Vinegar ကိုအလွယ်တကူရှာတွေ့နိုင်ပါတယ်။Apple Cider Vinegar ဟာ ဆံကေသာကိုချောမွေ့စေတဲ့အပြင် တောက်ပစေပါတယ်။ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီ Apple Cider Vinegar နဲ့ ခေါင်းလျှော်သလို ခေါင်းပေါ်ကလောင်းချပေးရမှာပါ။ပြီးရင် ၃ဝစက္ကန့်လောက်ခဏထားပြီးရေဆေးချလိုက်ပါ။ရေအေးအေးနဲ့ဆေးချရင်တော့ ပိုပြီးကောင်းပါတယ်တဲ့။တစ်ပတ်ကို တစ်ခါ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်ဆံကေသာဖွာထွက်ပြီးခြောက်သွေ့လွယ်တာမျိုးမဖြစ်တော့ပါဘူး။တကယ့်ကိုအသုံးဝင်တဲ့နည်းလမ်းလေးမို့လို့ စမ်းပြီးလုပ်ကြည့်ကြနော်။

Avocado & Olive Oil Mask
နောက်ထပ်ဆံပင်သား သဘာဝပေါင်းတင်နည်းကတော့ ထောပတ်သီးနဲ့သံလွင်ဆီကိုရောစပ်ပြီးသုံးပေးရမှာပါ။ထောပတ်သီးမှာပါဝင်တဲ့ fatty acid ဟာဆံကေသာ ဖွာထွက်တာကိုချောမွေ့သွားစေပါတယ်။သံလွင်ဆီကလည်းသိတဲ့အတိုင်းဆံကေသာအတွက်အထူးကောင်းမွန်စေတာပါ။ဒီနှစ်ခုကိုရောစပ်ပြီး ခေါင်းလျှော်ရည်လို ဆံပင်အနှံ့ပွတ်လိမ်းပေးပါ။နာရီဝက်ဖြစ်စေ၊တစ်နာရီဖြစ်စေ ထားပြီးရင် ရေနဲ့သေချာသန့်စင်ပေးပါ။ပုံမှန်လုပ်ပေးသွားရင်ကိုယ်လိုချင်တဲ့အတိုင်းဖြစ်လာမှာမလွဲပါဘူး။ဒါကြောင့် တစ်ပတ်ကိုတစ်ခါလုပ်ပေးရင် ဆံသားက နူးည့ံပြီးဖွာထွက်တာတွေမဖြစ်တော့တာသတိထားမိမှာပါ။

Raw Egg & Olive Oil Treatment
ကြက်ဥအစိမ်းတစ်လုံးနဲ့သံလွင်ဆီဇွန်းတစ်ဇွန်းအပြည့်ရောစပ်ပြီး ဆံကေသာကိုပေါင်းတင်ပေးပါ။ကြက်ဥအနှစ်မှာ ပရိုတင်းနဲ့အဆီဓာတ်ပါဝင်ပြီး ကြက်ဥအကာမှာဘတ်တီးရီးယားနဲ့မလိုအပ်တဲ့အဆီတွေဖယ်ရှားပေးတဲ့အင်ဇိုင်းတွေပါဝင်ပါတယ်။သံလွင်ဆီဟာလည်း ဆံပင်သားအစိုဓာတ်ကိုထိန်းသိမ်းပေးနိုင်လို့ခါတိုင်းခေါင်းလျှော်ပြီးတစ်ရက်နှစ်ရက်နဲ့ဖွာထွက်ပြီးခြောက်သွေ့သွားတဲ့ဆံပင်မျိုးမဖြစ်တော့မှာအသေအချာပါပဲ။ဒီတော့ရောစပ်ထားတဲ့အနှစ်တွေကို ဆံပင်အနှံ့လိမ်းပေးပြီးနာရီဝက်လောက်ထားပါ။ပြီးရင်တော့ ရေနဲ့သေချာသန့်စင်အောင်ဆေးကြောပေးပါ။

Coconut Oil or Olive Oil Treatment
အုန်းဆီနဲ့သံလွင်ဆီကတော့ ဆံကေသာအတွက် အမြဲလိုအပ်တဲ့အဆီဓာတ်ပါ။သံလွင်ဆီဖြစ်စေ၊အုန်းဆီဖြစ်စေ ကိုယ်နှစ်သက်ရာကိုရွေးချယ်နိုင်ပါတယ်။ကြိုက်တဲ့ခေါင်းလိမ်းဆီကို ခေါင်းမလျှော်ခင်ညဘက်ထဲက ဆံပင်အနှံ့လိမ်းပေးပါ။ဆံပင်အရင်းဓာတ် အဖျားလေးတွေကိုပိုပြီးလိမ်းပေးပါ။အဲ့ဒါမှ ဦးရေပြားမှာအဆီတွေများမနေမှာဖြစ်ပါတယ်။နောက်တစ်နေ့မနက်ရောက်ရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။ဒီနည်းလမ်းလေးကိုတော့ ကိုယ်မနက်ခေါင်းလျှော်မယ်ဆိုရင်ညကတည်းက လုပ်ထားပေးပါ။

ဒီနည်းလမ်းတွေထဲက ကြိုက်ရာနှစ်သက်တဲ့နည်းလမ်းကို ပုံမှန်လေးလုပ်ပေးသွားမယ်ဆိုရင် ဆံပင်သားလေးပျော့စင်းပြီး ပုံသွင်းထားသလိုလှနေမှာပါ 👧

687 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.