ကိုယ္႔အခ်စ္ရဆံုးေသာသူရဲ႕ အခ်စ္ဦးမျဖစ္ခဲ႔လို႕ မသိမ္ငယ္ပါနဲ႕…

လူတစ္ေယာက္နဲ႕တစ္ေယာက္ဟာသိပ္ခ်စ္လာျကတဲ႔အခါကိုယ္ခ်စ္ရသူရဲ႕ ပထမဆံုးဆိုတာ ေတြကို ျဖစ္ခ်င္တတ္ျကပါတယ္။ ကိုယ္႔ခ်စ္သူရဲ႕ပထမဦးဆံုးခ်စ္သူက ကိုယ္မျဖစ္ခဲ႔လို႕ ဆိုတဲ႔မေက်နပ္မႈမ်ိဳးကို ကေလးဆန္ဆန္ေတြးတတ္ျကမွာပါ။ ဒါဆိုရင္ေတာ႔သင္ဒါေလးေတြကိုသိထားဖို႕လိုေနပါျပီ။တစ္ေယာက္နဲ႕တစ္ေယာက္ေတြ႕ဆံု ျကတယ္ ေ၀းကြာသြားျကတယ္ဆိုတာ ကံစီမံရာပါပဲ…အစပိုင္းတုန္းကဘယ္ေလာက္ပဲခ်စ္ခဲ႔ခ်စ္ခဲ႔ ဒီလူနဲ႔ညားဖို႕ဖူးစာမပါဘူးဆုိရင္ဘယ္လုိမွဆက္ျပီးတူတူရွိေနလုိ႕မရေတာ႔တာအေသခ်ာပါပဲ။ ဒါေျကာင္႔ သူ႕ရဲ႕ အခ်စ္ဦးဆိုတာလည္း မနာလုိစရာေကာင္းေလာက္တဲ႔ သူမ်ိဳးေတာ႔မဟုတ္ေလဘူးဆုိတာသိလုိက္ပါ။

အေရးျကီးတာကလက္ရွိRS ကိုတည္တံ့ေအာင္ ခိုင္ျမဲေအာင္တစ္ေယာက္နဲ႕တစ္ေယာက္ပိုျမတ္နုိးခ်စ္တတ္လာေအာင္ေနဖို႕ပဲလုိပါတယ္။တစ္ခါတစ္ရံ အေ၀းျကီးမွာရွိေနတဲ႔အရာေတြက အေ၀းကျကည္႔ေတာ႔လွတယ္လုိ႕ထင္ရပင္မဲ႔ တကယ္႔လက္ရွိ ကိုယ္႔ေဘးနားရွိေနတဲ႔အရာ ေလာက္မေကာင္းမြန္နုိင္ပါဘူး။ ေနာက္တစ္ခုက ကိုယ္႔ခ်စ္သူရဲ႕ရည္းစားဦးေတြကို မမုန္းပါနဲ႕၊ အတင္းလည္း မေမ႔ခိုင္းပါနဲ႕…သူတို႕ကပဲသင္တုိ႕ခ်စ္သူေတြကို အခ်စ္နဲ႕ပတ္သတ္တဲ႔ခံစားခ်က္ေတြသင္ခန္းစာေတြနားလည္ေအာင္သင္ျကားေပးခဲ႔တဲ႔သူေတြပါ၊ သင္႔ကိုခ်စ္သေလာက္သူတုိ႕ကိုခ်စ္ခဲ႔ခ်င္မွခ်စ္ခဲ႔မယ္ ၊ပိုခ်စ္ရင္လည္းခ်စ္ခဲ႔မယ္ ဒါပင္မဲ႔လက္ရွိအေရးျကီးတာက သူကိုယ္႔အေပၚမွာနွစ္နွစ္ကာကာခ်စ္ျမတ္နုိးေနဖို႕ပါပဲ။ အတင္းမေမ႔ခိုင္းနဲ႕လုိ႕ ေျပာတဲ႔စကားရဲ႕အဓိပၸါယ္က တစ္ခ်ိန္ခ်ိန္မွာ အရာရာတိုင္းကသူ႕အလုိလုိေမ႔သြားနုိင္ပါတယ္။ အဓိကကခ်စ္မေနရင္ျပီးတာပဲ။

တစ္ခါတစ္ရံသူ႕စိတ္ထဲက မထင္မွတ္ပဲအမွတ္တရေလးေတြသတိရမိရင္ရမိမယ္ ဒါကသင္႔အေပၚစိတ္နဲ႕ေဖာက္ျပန္တာမ်ိဳးမဟုတ္ပါဘူး…လူတုိင္းလူတိုင္းကိုယ္႔အခ်စ္ဦးနဲ႕ပတ္သတ္တဲ႔နာက်င္စရာေတြပဲျဖစ္ျဖစ္ ေပ်ာ္ရႊင္စရာေတြပဲျဖစ္ျဖစ္ တုိက္ဆုိင္မႈရွိလာရင္သတိရတတ္ျကပါတယ္။ ျဖဴျဖဴစင္စင္နဲ႕အေတြးထဲျပန္ေပၚလာတာမ်ိဳးပါ…ဒါကိုလြမ္းဆြတ္တမ္းတေနတယ္လုိ႕မထင္လုိက္ပါနဲ႕…ေနာက္ဆံုးတစ္ခုေျပာခ်င္တာကေတာ႔အခ်စ္ဦးမျဖစ္လိုက္ရတာကံေကာင္းတယ္မွတ္ပါ…အခ်စ္ဦးဆိုကတည္းက ေနာက္ထပ္အခ်စ္ေတြေပၚလာလို႕ျဖစ္လာတာမ်ိဳးပါပဲ…အခ်စ္ဦးနဲ႕တန္းျပီးညားသြားတဲ႔သူမ်ိဳးလည္းရွိေကာင္းရွိုျကပင္မဲ႔ ေတာ္ေတာ္မ်ားမ်ားကေတာ႔အခ်စ္ဦးထက္ အခ်စ္ဆံုးေတြနဲ႕ေပါင္းဖက္ျကရတာမ်ားပါတယ္။ ဒါေျကာင္႔ ဘ၀မွာ ကိုယ္ခ်စ္ရသူရဲ႕အခ်စ္ဦးျဖစ္ဖို႕ထက္ အခ်စ္ဆံုးနဲ႕ေနာက္ဆံုးအခ်စ္ျဖစ္ဖို႕ပဲလုိပါတယ္။ သက္ဆံုးတုိင္အဖိုးဖြားျကီးျဖစ္တဲ႔အထိသူ႕အနားမွာ ကိုယ္႔အခ်စ္ေတြကို ထုိင္ေပးရင္း သူ႕ဆီကေနျကင္နာယုယမႈေတြတစ္၀ျကီးယူရင္းေအးေအးခ်မ္းခ်မ္းအိုမင္းေနရတဲ႔အခ်ိန္မွာ သူ႕ရဲ႕ေနာက္ဆံုးအခ်စ္ (အခ်စ္ဆံုး) ျဖစ္ေနရတာကို သင္ထုိင္ဂုဏ္ယူမိေနမွာပါ…

Unicode

လူတစ်ယောက်နဲ့တစ်ယောက်ဟာသိပ်ချစ်လာကြတဲ့အခါကိုယ်ချစ်ရသူရဲ့ ပထမဆုံးဆိုတာ တွေကို ဖြစ်ချင်တတ်ကြပါတယ်။ ကိုယ့်ချစ်သူရဲ့ပထမဦးဆုံးချစ်သူက ကိုယ်မဖြစ်ခဲ့လို့ ဆိုတဲ့မကျေနပ်မှုမျိုးကို ကလေးဆန်ဆန်တွေးတတ်ကြမှာပါ။ ဒါဆိုရင်တော့သင်ဒါလေးတွေကိုသိထားဖို့လိုနေပါပြီ။တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံ ကြတယ် ဝေးကွာသွားကြတယ်ဆိုတာ ကံစီမံရာပါပဲ…အစပိုင်းတုန်းကဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့ ဒီလူနဲ့ညားဖို့ဖူးစာမပါဘူးဆိုရင်ဘယ်လိုမှဆက်ပြီးတူတူရှိနေလို့မရတော့တာအသေချာပါပဲ။ ဒါကြောင့် သူ့ရဲ့ အချစ်ဦးဆိုတာလည်း မနာလိုစရာကောင်းလောက်တဲ့ သူမျိုးတော့မဟုတ်လေဘူးဆိုတာသိလိုက်ပါ။

အရေးကြီးတာကလက်ရှိRS ကိုတည်တံ့အောင် ခိုင်မြဲအောင်တစ်ယောက်နဲ့တစ်ယောက်ပိုမြတ်နိုးချစ်တတ်လာအောင်နေဖို့ပဲလိုပါတယ်။တစ်ခါတစ်ရံ အဝေးကြီးမှာရှိနေတဲ့အရာတွေက အဝေးကကြည့်တော့လှတယ်လို့ထင်ရပင်မဲ့ တကယ့်လက်ရှိ ကိုယ့်ဘေးနားရှိနေတဲ့အရာ လောက်မကောင်းမွန်နိုင်ပါဘူး။ နောက်တစ်ခုက ကိုယ့်ချစ်သူရဲ့ရည်းစားဦးတွေကို မမုန်းပါနဲ့၊ အတင်းလည်း မမေ့ခိုင်းပါနဲ့…သူတို့ကပဲသင်တို့ချစ်သူတွေကို အချစ်နဲ့ပတ်သတ်တဲ့ခံစားချက်တွေသင်ခန်းစာတွေနားလည်အောင်သင်ကြားပေးခဲ့တဲ့သူတွေပါ၊ သင့်ကိုချစ်သလောက်သူတို့ကိုချစ်ခဲ့ချင်မှချစ်ခဲ့မယ် ၊ပိုချစ်ရင်လည်းချစ်ခဲ့မယ် ဒါပင်မဲ့လက်ရှိအရေးကြီးတာက သူကိုယ့်အပေါ်မှာနှစ်နှစ်ကာကာချစ်မြတ်နိုးနေဖို့ပါပဲ။ အတင်းမမေ့ခိုင်းနဲ့လို့ ပြောတဲ့စကားရဲ့အဓိပ္ပါယ်က တစ်ချိန်ချိန်မှာ အရာရာတိုင်းကသူ့အလိုလိုမေ့သွားနိုင်ပါတယ်။ အဓိကကချစ်မနေရင်ပြီးတာပဲ။

တစ်ခါတစ်ရံသူ့စိတ်ထဲက မထင်မှတ်ပဲအမှတ်တရလေးတွေသတိရမိရင်ရမိမယ် ဒါကသင့်အပေါ်စိတ်နဲ့ဖောက်ပြန်တာမျိုးမဟုတ်ပါဘူး…လူတိုင်းလူတိုင်းကိုယ့်အချစ်ဦးနဲ့ပတ်သတ်တဲ့နာကျင်စရာတွေပဲဖြစ်ဖြစ် ပျော်ရွှင်စရာတွေပဲဖြစ်ဖြစ် တိုက်ဆိုင်မှုရှိလာရင်သတိရတတ်ကြပါတယ်။ ဖြူဖြူစင်စင်နဲ့အတွေးထဲပြန်ပေါ်လာတာမျိုးပါ…ဒါကိုလွမ်းဆွတ်တမ်းတနေတယ်လို့မထင်လိုက်ပါနဲ့…နောက်ဆုံးတစ်ခုပြောချင်တာကတော့အချစ်ဦးမဖြစ်လိုက်ရတာကံကောင်းတယ်မှတ်ပါ…အချစ်ဦးဆိုကတည်းက နောက်ထပ်အချစ်တွေပေါ်လာလို့ဖြစ်လာတာမျိုးပါပဲ…အချစ်ဦးနဲ့တန်းပြီးညားသွားတဲ့သူမျိုးလည်းရှိကောင်းရှိုကြပင်မဲ့ တော်တော်များများကတော့အချစ်ဦးထက် အချစ်ဆုံးတွေနဲ့ပေါင်းဖက်ကြရတာများပါတယ်။ ဒါကြောင့် ဘဝမှာ ကိုယ်ချစ်ရသူရဲ့အချစ်ဦးဖြစ်ဖို့ထက် အချစ်ဆုံးနဲ့နောက်ဆုံးအချစ်ဖြစ်ဖို့ပဲလိုပါတယ်။ သက်ဆုံးတိုင်အဖိုးဖွားကြီးဖြစ်တဲ့အထိသူ့အနားမှာ ကိုယ့်အချစ်တွေကို ထိုင်ပေးရင်း သူ့ဆီကနေကြင်နာယုယမှုတွေတစ်ဝကြီးယူရင်းအေးအေးချမ်းချမ်းအိုမင်းနေရတဲ့အချိန်မှာ သူ့ရဲ့နောက်ဆုံးအချစ် (အချစ်ဆုံး) ဖြစ်နေရတာကို သင်ထိုင်ဂုဏ်ယူမိနေမှာပါ…

651 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.