ဒီအလုပ်မှာမြဲပြီဆိုတာ ဒီအချက်တွေကပြောပြနေ…


Unicode

သင့်ရဲ့အလုပ်မှာသင်ဟာမြဲမှာလား…ပြောချင်တာကလက်ရှိအလုပ်ဟာသင်နဲ့အနည်းဆုံးတော့နှစ်နဲ့ချီမြဲနေလောက်တဲ့အလုပ်ဖြစ်မယ်ဆိုတာကို အနီးစပ်ဆုံး ဘယ်လိုအချက်တွေကနေပြောပြနေသလဲဆိုတာ…
(၁) အလုပ်သွားဖို့ကို အမြဲတမ်းငြီးငွေ့နေတာမျိုးမရှိဘူး
အလုပ်သွားဖို့ကို နေ့တိုင်းပျင်းရိနေတာမျိုးမရှိဘူး( တစ်ခါတစ်လေတော့အပျင်းတစ်တတ်တာပေါ့)…
(၂) အလုပ်လုပ်နေရတဲ့အချိန်မှာ ပျော်ရွှင်နေရတယ်
အလုပ်လုပ်နေရတဲ့အချိန်မှာ အလိုလိုပျော်ရွှင်ကျေနပ်နေမိတယ်။ အလုပ်ဟာကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဆိုလည်းမမှားဘူးဆိုတာမျိုးဖြစ်နေတတ်ပါတယ်။
(၃) အပြင်မှာဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အလုပ်ရောက်ရင် အလိုလိုပျော်ရွှင်နေရတယ်
အပြင်မှာဘာကိစ္စတွေနဲ့ဘယ်လောက်ပဲ Feel … အလုပ်ရောက်လာရင်အလုပ်ကလူတွေနဲ့ စကားတွေပြောအလုပ်တွေလုပ်ရယ်ကျမောကျရင်းပင်ပန်းမှုတွေကိုဖြေဖျောက်ပစ်နိုင်တယ်။
(၄) ရည်မှန်းချက်တွေ Target တွေနဲ့ပြည့်နှက်နေတတ်တယ်
ဒီအလုပ်မှာသင့်ဘဝအတွက်စိန်ခေါ်မှုတွေအောင်မြင်မှုတွေနဲ့ပြည့်နှက်နေတတ်တယ်။ ဒါတွေကိုကြိုးစားဖို့သင်ကအားသန်နေတတ်ပြီးဒီလိုကြိုးစားနေရတာကိုပဲ ပျော်နေတတ်တာမျိုးပါ။

128 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.