သိပ်ချစ်မိသွားတဲ့လူတိုင်းမှာ ဒီလိုPsycho မျိုးတွေရှိတတ်ကြတယ်ဆိုတာလုံးဝငြင်းလို့မရတဲ့အမှန်တရားတစ်ခုပါပဲ…😋😋😋


Unicode

လူတစ်ယောက်နဲ့တစ်ယောက်ဟာသိပ်ကိုမြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားပြီးချစ်တတ်သွားတဲ့ အခါတစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့စိတ်ပူပန်မှုတွေပိုင်ဆိုင်လိုမှုတွေနဲ့ သဝန်တိုမှုတွေကလည်း တစ်နေ့တစ်ခြားကြီးထွားလာတယ်ဆိုတာ မလွဲဧကန်ပါပဲ။ ဒီလိုစိတ်တွေကိုခံစားရတဲ့အခါ ကိုယ်တစ်ယောက်တည်းများအရူးထပြီးဖြစ်နေသလားလို့မတွေးလိုက်ပါနဲ့…မှားသွားမယ်…သင့်လိုပဲတစ်ဦးတစ်ယောက်အပေါ်မေတ္တာသက်ဝင်သွားမိပြီဆိုရင် ဒီလိုPsycho မျိုးတွေကလူတိုင်းလိုလိုခံစား
တတ်ကြတာမျိုးတွေပါ…ဆိုတော့ ဒီလိုPsycho မျိုးတွေသင်ခံစားနေရပြီလားဆိုတာ…
(၁) ဆုံးရှုံးရမှာကြောက်တတ်စိတ်အလိုလိုဖြစ်လာတယ်
(၂) ကိုယ်ကလွဲလို့တစ်ခြားသူကကူညီပေးတာမျိုး၊ နှစ်သိမ့်ပေးတာမျိုးလုံးဝမလိုလားဘူး
(၃) တစ်ယောက်ယောက်ကများကိုယ့်ချစ်သူကို စကားလေးနဲ့ပဲထိပါးကြည့်အူး ခံရတဲ့ကိုယ့်ချစ်သူထက်ကိုယ်ကပိုပြီးဆက်ဆက်ထိမခံနာတတ်တယ်
(၄) ကိုယ့်ချစ်သူမှာရှိတဲ့ ရှိရင်းစွဲသဘာဝအလှတွေကို ကိုယ်တစ်ယောက်တည်းပဲ မြင်တွေ့ချင်တတ်တယ်
(၅) ကိုယ်မဟုတ်ပဲတစ်ခြားသူတစ်ယောက်ကိုချီးကျူးရင်(မင်းသမီး မင်းသားဖြစ်နေပစေ အုံးတော့ ) သဝန်တိုတတ်တယ်
(၆) သူ့တတ်လမ်းအတွက်ကိုယ်တစ်ယောက်ကပဲ သူ့ရဲ့လူစွမ်းကောင်း၊သူ့ရဲ့မီးအိမ်ရှင်ဖြစ်ချင်တတ်ကြတယ်
(၇) မဖောက်ပြန်မှန်းသိပေမဲ့၊ ယုံကြည်နေပင်မဲ့လည်း ခဏခဏ Acc ကိုဝင်စစ်ပြီးဘာတွေများရှိမလဲဆိုတဲ့စိတ်နဲ့ အတွေးတွေများတတ်တယ်။
အိုကေ ဒီလိုအရာတွေကို ကလေးဆန်တယ် လို့ထင်ကောင်းထင်နိုင်ပါတယ်…ဒါပင်မဲ့တကယ်ချစ်ဖူးတဲ့သူတိုင်း ကိုယ့်ချစ်သူအတွက် ရင်ပူစိတ်ပူဖူးတဲ့သူတိုင်းဒီခံစားချက်ကို နားလည်နိုင်မှာပါ…လူတစ်ယောက်ကိုချစ်ရတယ်ဆိုတာလွယ်ပင်မဲ့ ရင်ဘတ်ကြီးထဲထည့်ပြီး တစ်ဘဝလုံးစာအတွက်ချစ်မိသွားရင်တော့မလွယ်ဘူးဗျ…ပျော်စရာရှိလည်းလည်းအတိုင်းမသိပျော်ရသလို နာကျင်စရာတွေပူလောင်စရာတွေကို ကိုယ့်ချစ်သူကမပေးရင်တောင် သူ့ကိုအချစ်လွန်တဲ့စိတ်နဲ့တစ်ယောက်တည်းပူလောင်နေတတ်တာမျိုးပါ…သင်တို့ရော ဒီလိုPsycho တွေဖောက်ရလောက်အောင် ရင်နဲ့တစ်မျှချစ်မိတဲ့သူရှိနေပြီလား…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.