နားကျပ်တပ်ပြီးသီချင်းနားထောင်ရတာကြိုက်တယ်ဆိုရင် ဒီအန္တရာယ်တွေကို ကာကွယ်တတ်ဖို့လိုတယ်🌻
Unicode
နားကျပ်က သေးငယ်တဲ့နည်းပညာပစ္စည်းတစ်ခုဆိုပေမဲ့ ကျန်းမာရေးအတွက်တော့ သေးငယ်တာနဲ့မကာမိတဲ့ ဆိုးကျိုးတွေပေးလာနိုင်ပါတယ်။ကိုယ်တွေအပါအဝင် တော်တော်များများက ဘယ်နေရာမဆို နားကျပ်လေးတပ်၊သီချင်းလေးနားထောင်ပြီး သွားတတ်ကြပါတယ်။ဒါပေမဲ့ ဒီနားကျပ်ဟာ
သွယ်ဝိုက်တဲ့နည်းနဲ့ကျန်းမာရေးကိုထိခိုက်နေစေတာလို့ပြောရင် မမှားပါဘူး။ဒီလိုပြောလို့ နားကျပ်ကိုလုံးဝမသုံးရဘူးလို့မဆိုလိုဘူးနော်။အလွန်အကျွံဆိုတဲ့စကားကိုတော့ မမေ့ထားနဲ့ပေါ့ဗျာ။
နေ့တိုင်းနားကျပ်တပ်ပြီးသီချင်းနားထောင်မယ့်အစား ရက်လေးခြားပြီးသုံးမယ်၊အိမ်မှာနေရင်တော့ နားကျပ်မတပ်ပဲသီချင်းလေးဖွင့်ပြီးနားထောင်မယ်။ဒီလိုမျိုး နားကျပ်အသုံးပြုတာကို လျှော့နိုင်ရင်အကောင်းဆုံးပါပဲ။နားကျပ်ကိုအလွန်အကျွံတပ်ဆင်အသုံးပြုတဲ့အခါမှာ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်သလဲ ဗဟုသုတအနေနဲ့ ဖတ်ထားကြည့်လိုက်ပါဦး။
*အကြားအာရုံကိုထိခိုက်လာစေတယ်
နားကျပ်တပ်ပြီးသီချင်းနားထောင်တဲ့အခါ အသံကနားထဲကိုတိုက်ရိုက်ရောက်တာပါ။ဒါပေမဲ့ နားစည်ကခံနိုင်တဲ့အသံအားအပြင်းအပျော့ဆိုတာရှိပါတယ်။နားစည်ကမခံနိုင်တဲ့ အသံအမြင့်ဖွင့်ပြီးနားထောင်တဲ့အခါမှာ အကြားအာရုံကိုသွားပြီးထိခိုက်လာပါတယ်။နားကျပ်တပ်ပြီးသီချင်းနားထောင်မယ်ဆိုရင် ၁၅မိနစ်ထက်ကျော်ပြီးဆက်တိုက်နားမထောင်သင့်ပါဘူးတဲ့။ဒီတော့ ကိုယ်က ဆက်တိုက်နားထောင်ချင်တယ်ဆိုရင် ကြားထဲမှာ ခဏတာတော့ နားကိုအနားပေးဖို့လိုပါတယ်။
*လေဝင်ပေါက်ကိုပိတ်သွားတတ်တယ်
အသံကောင်းကောင်းနားထောင်ရအောင် နားကျပ်ကုမ္ပဏီတွေကတော့ အကောင်းဆုံးလုပ်ကြမှာပါပဲ။ဒါပေမဲ့ ကိုယ်တွေသုံးမယ်ဆိုရင်တော့ နားအတွင်းထဲကိုထည့်ရတယ်မဟုတ်လား။ဒီလိုနားထဲထည့်ထားတာကြာလာတဲ့အခါ လေဝင်ပေါက်ကိုပိတ်ဆို့သွားတတ်ပါတယ်။ပြီးတော့ နားဖာချေးတွေပိတ်ဆို့၊ကူးစက်ရောဂါတွေဖြစ်လာပြီး နောက်ဆုံးအကြားအာရုံကို ဆုံးရှုံးရနိုင်ပါတယ်။
*ဦးနှောက်ကိုထိခိုက်စေတယ်
နားကျပ်၊ဖုန်းစတဲ့ နည်းပညာနဲ့သက်ဆိုင်တဲ့ခေတ်မီကိရိယာတွေဟာ လူသားတွေရဲ ့ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့အစွမ်းရှိပါတယ်။ဒါပေမဲ့ ဒီအချက်ကိုလက်တွေ့ထောက်ပြနိုင်တဲ့သက်သေသာဓကတော့မရှိသေးပါဘူး။သို့သော်ငြားလည်း နားကျပ်၊ဖုန်း စတဲ့ကိရိယာတွေကို နေ့တိုင်းအနားမပေးပဲ
သုံးစွဲတဲ့အခါ ဦးနှောက်နဲ့သက်ဆိုင်တဲ့ပြဿနာတွေဖြစ်လာတတ်ပါတယ်။
*နားအတွင်းနာကျင်မှုဝေဒနာခံစားလာရမယ်
နားကျပ်ကို အချိန်တွေအကြာကြီးသုံးမိတဲ့အခါ၊ဆက်တိုက်ဆိုသလို အမြဲနားကျပ်တပ်ထားမိတဲ့အခါ နားအတွင်းနာကျင်မှုတွေ၊စူးအောင့်လာတာတွေခံစားလာရပါလိမ့်မယ်။နားထဲမှာ တစ်ခုခုပဲရှိနေသလို အသံမျိုးကြားနေရတတ်ပြီး တစ်ခါတစ်လေ နားအကြားအာရုံမရှိတော့သလိုခံစားလာရတတ်ပါတယ်။မကြာခဏဆိုသလို နားထဲက ကိုက်နေတယ်။အောင့်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသတာအကောင်းဆုံးပါပဲ။
ဒီစာကိုဖတ်ပြီးပြီးချင််းတော့ နားကျပ်ကိုအမြဲတပ်တဲ့အလေ့အကျင့်ပြင်မှလို့တွေးမိမှာပါ။ဒါပေမဲ့ ရက်ပိုင်းလောက်ကြာပြီးရင်တော့ နားကျပ်တပ်တာကိုအနားပေးဖို့မေ့သွားပြီး အမြဲလိုလိုတပ်ထားနေမိပါလိမ့်မယ်။ဒါက လူတော်တော်များများဖြစ်လေ့ဖြစ်ထရှိပါတယ်။ဒီတော့ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေလည်းနားကျပ်တပ်ပြီးနားထောင်ချင်တယ်။အပြင်က အသံဗလံတွေမကြားမှအလုပ်လုပ်လို့ရတယ်ဆိုသူတွေအတွက်တော့ဒီနည်းလေးတွေကိုသုံးကြည့်ပါ။
*နားအတွင်းဘက်ထိထိုးထည့်မှရတဲ့သေးငယ်တဲ့နားကျပ်တွေကိုမသုံးပါနဲ့။လှပေမဲ့ ဒါတွေက နားကိုတိုက်ရိုက်ထိခိုက်စေတာပါ။အဲ့ဒါကြောင့် နားကျပ်ကြီးတာကိုဝယ်ပါ။တစ်ချို့နားကျပ်တွေက နားအတွင်းထဲထိထိုးထည့်ပြီးသုံးစရာမလိုပါဘူး။
*တစ်ခြားသူတွေနဲ့ မျှပြီးမသုံးပါနဲ့။ကိုယ့်နားကျပ်နဲ့ ကိုယ်သုံးပါ။မိသားစုချင်းတောင် မရှယ်ပါနဲ့။
*အသံအကျယ်ကြီးမဖွင့်ပါနဲ့။ကိုယ်တစ်ကိုယ်စာကြားတယ်ဆိုရုံအသံအနေအထားကိုဖွင့်ပါ။
*ကားစီးတဲ့အချိန်၊ခရီးသွားတဲ့အချိန်ဘေးကအသံတွေမကြားအောင်လို့ အသံအကျယ်ကြီးဖွင့်တာမျိုးမလုပ်ပါနဲ့။အဲ့ဒါက နားကိုပိုုပြီးထိခိုက်စေပါတယ်။
*၁၅မိနစ်တစ်ကြိမ်စီ နားကိုအနားပေးနိုင်အောင်ကြိုးစားပါ။
ကိုယ်သဘောကျတဲ့အရာက ကိုယ့်ကိုထိခိုက်အောင်လုပ်ခွင့်မပေးပါနဲ့။ကျန်းမာရေးကိုမထိခိုက် အောင် နားကျပ်အောင်သုံးကြပါလို့အကြံပြုလိုက်ပါတယ်။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.