ဘဝရဲ့အဓိပ္ပာယ်ကို သေချာပုံဖော် ရိုက်ကူးထားတဲ့ Netflixမှ ဇာတ်ကားကောင်းများ

တကယ့်ဖြစ်ရပ်တွေကို ရုပ်ရှင်တွေ ၊ ဝတ္ထုတွေအဖြစ် ဖော်ကျုးလိုက်တဲ့အခါ ဝမ်းနည်းကြေကွဲစရာကောင်းသလို ကြည့်ရှုသူတိုင်းကို ရင်ထဲထိစေမယ့် powerful message တွေပေးနိုင်စွမ်းရှိကြတယ်။ ဒီဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါ ကိုယ့်ကိုကိုယ့် အရှိကို အရှိတိုင်း လက်ခံလာနိုင်ပြီး ဘဝရဲ့အဓိပ္ပာယ်ကိုလည်း ကောင်းကောင်းနားလည်သွားအောင် ပုံဖော်ထားပါတယ်။ ဝမ်းနည်းစရာ ရုပ်ရှင်လေးတွေရှာနေတယ်ဆိုရင် Netflix movies လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Beasts of No Nation

Netflix ရဲ့ original ရုပ်ရှင်ဖြစ်တဲ့ Beasts of No Nation ဟာ အာဖရိကရဲ့ပြည်တွင်းစစ်ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ကလေးစစ်သားလေးတွေရဲ့ဘဝ ၊ Commander တွေရဲ့အထိန်းကြောင်းခံခဲ့ရပုံ ၊ အန္တရာယ်များတဲ့ စစ်တွင်းမှာ သင်ထားတာထက် ကြမ်းတမ်းရက်စက်တဲ့အရာတွေ ဖြစ်ပျက်ခဲ့ပုံကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ကလေးလေးတစ်ယေက် ငယ်ရာမှကြီးပြင်းလာပုံကို အဆင့်ဆင့်ရိုက်ပြသွားတာပါ။

Life Is Beautiful

Life Is Beautiful ဇာတ်ကားဟာ ၁၉၉၈ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး အော်စကာဆုကို ခူးဆွတ်နိုင်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျုးလူမျိုး Guido နဲ့ ကျောင်းဆရာမတစ်ယောက်
Doraတို့ ချစ်ကြိုက်ခဲ့ပြီး သူတို့ဘဝဖြတ်သန်းပုံကို အပြောင်မြောက်ဆုံး ရိုက်ပြထားတာဖြစ်ပါတယ်။

Extremis

Extremis ကတော့ မိသားစုတစ်စုရဲ့အရေးပါသူတစ်ယောက် အသက်အန္တရာယ်ကြုံတွေ့နေရချိန်
သူတစ်သက်လုံး အေးချမ်းစွာ အနားယူနိုင်အောင် ဆုံးဖြတ်ချက်ချရမလား ၊ ဒါမှမဟုတ် အသက်ဆက်ရှင်သန်နိုင်အောင် သူတို့ဆက်ပြီးထိန်းနိုင်မလားဆိုတာကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ ဒါက ရုပ်ရှင်ထက် documentary ပုံစံမျိုးရိုက်ထားတာဖြစ်ပါတယ်။ လူနာနဲ့ ဆရာဝန်ကြားက ကတောက်ကဆတွေ ၊ ဆရာဝန်တွေရဲ့ လူနာအပေါ်ထားတဲ့စေတနာတွေ ကို ကြည့်ရှုသူအား ရင်ထဲထိစေအောင် ကွင်းကွင်းကွက်ကွက် ရိုက်ပြထားတာဖြစ်ပါတယ်။

Schindler’s List

Schindler’s List ဟာ ဒါရိုက်တာ Steven Spielberg ရိုက်ကူးထားတာဖြစ်ပြီး Life is Beautiful ဇာတ်ကားလိုပဲ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန် စီးပွားရေးသမား Oskar Schindler က ဂျုးသုတ်သင်ရေး စီမံကိန်းမှာ ထောင်ပေါင်းများစွာသော ဂျုးလူမျိုးတွေကို ကယ်တင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ happy ending ပါ။ ဒါပေမယ့် ဂျုးလူမျိုးတွေအတွက် သမိုင်းတစ်လျှောက် ကံဆိုးမိုးမှောင်ကျခဲတဲ့ နေ့ရက်တွေဟာ ကြေကွဲစရာပါပဲ။

The Place Beyond the Pines

ဖခင်တစ်ယောက်ရဲ့မေတ္တာကို ပုံဖော်ရိုက်ကူးထားတာပါ။ အသည်းကွဲဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ။ ဖခင်နှစ်ယောက်ရဲ့ သူတို့ကလေးတွေအပေါ်ထားတဲ့ မေတ္တာတွေကို ကွဲပြားစွာ မြင်တွေ့ရမှာပါ။ ဒီမှာ နာမည်ကြီးမင်းသား Ryan Gosling နဲ့ Bradley Cooper တို့ သရုပ်ဆောင်ထားပါတယ်။ အိမ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ့်ဘဝကိုယ် လက်ခံနိုင်ဖို့ကို သေချာရိုက်ပြသွားတာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လောက်ထိရုန်းကန်လာရတယ်ဆိုတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

106 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.