အခုဆိုရင် ဇန်န၀ါရီအပြောင်းအရွေ့ဈေးကွက်ကာလဆီကို ဆိုက်ရောက်ဖို့အတွက် တစ်ပတ်ကျော်ကျော်သာ လိုတဲ့အချိန်ကိုရောက်ရှိလာခဲ့ပါပြီ။ ဥရောပတစ်လွှားဆီက ဘောလုံးပြိုင်ပွဲများဆီမှာ ဈေးနှုန်းမြင့်မားတဲ့ အ ရောင်းအ၀ယ်များပြုလုပ်ကြမှာဖြစ်တာကြောင့် ပရိသတ်များစိတ်ဝင်တစားရှိကြတဲ့ အချိန်ကာလဆိုရင်လည်း မမှားပါဘူး။ ဒီလိုဈေးမြင့်တဲ့အပြောင်းအရွေ့များရှိနေသလို ဈေးပေါပေါနဲ့ ဘောလုံးသမားကောင်းများကိုဝယ် နိုင်မယ့် အခြေအနေများကလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်မှာ သက် ဆိုင်ရာကလပ်အသင်းများနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဇန်န၀ါရီဈေးကွက်ကာလအတွင်း သက် သာသောနှုန်းထားနဲ့ ၀ယ်ယူနိုင်မယ့် ဘောလုံးသမား(၁၀)ဦးကို ရှာဖွေဖော်ပြပေးလိုက်ရပါတယ်။
ဒီလိုအောက်ဈေးနဲ့ နှိုက်လို့ရနိုင်မယ့်သူများထဲမှာ ထိပ်ဆုံးကရှိနေသူကတော့ ရီးရဲလ်မက်ဒရစ်က အသည်းအသန် လိုချင်နေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ရောဘတ်လီဝင်ဒိုစကီးကတော့ ထိပ်ဆုံးမှာရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့အကြို စာချုပ်ချုပ်ထားခဲ့ပြီးပြီလို့ သတင်းတွေထွက်နေပေမယ့် တရားဝင်မထုတ်ပြန်သေးသမျှတော့ အာဆင်နယ်၊ ချဲလ် ဆီးနဲ့ မန်ယူတို့လို အင်္ဂလန်အသင်းများကလည်း (၂၅)နှစ်သာရှိသေးတဲ့ ပိုလန်တိုက်စစ်မှူးကိုပစ်မှတ်ထားနေကြ ဦးမှာဖြစ်ပါတယ်။ အခြားကစားသမား(၉)ဦးကတော့ ဇာဗီအလွန်ဆို(ရီးရဲလ်မက်ဒရစ်)၊ အန်ဒရီပီယာလို(ဂျူဗင် တပ်စ်)၊ ဘက်ဖက်တင်ဘီဂိုမစ်(လီယွန်)၊ ဂျယ်ရမိုင်မီနက်ဇ်( ပီအက်စ်ဂျီ)၊ ဗစ်တာဗဲလ်ဒက်စ်(ဘာစီလိုနာ)၊ ဒီယေ ဂို(၀ုဖ်ဘတ်)၊ ကမ်ဘီယာဆို(အင်တာမီလန်)၊ အီမန်နူရယ်လ်ဆင်(အေစီမီလန်)၊ ဘလာဆီမတ်တူဒီ(ပီအက်စ်ဂျီ) တို့ဖြစ်ကြပါတယ်။