မိန္းကေလးေတြရဲ ႔မုန္းတယ္ဆုိတဲ႔စကားက ဒီလုိအဓိပၸာယ္ေတြဆုိတာ ယူတုိ႔ Boy ေတြသိသင့္တယ္ 😅

မိန္းကေလးေတြရဲ ႔စိတ္ကနားလည္ရခက္ျပီးရႈပ္ေထြးလြန္းပါတယ္။၁၀ခါမွာ ၇ခါ ၈ခါေလာက္က သူတုိ႔တကယ္ေျပာခ်င္တဲ႔စကားနဲ႔ေျပာင္းျပန္ကုိေျပာေလ့ရွိၾကပါတာပါ 🙄 ဒါေၾကာင့္လည္း မလိုလားအပ္တဲ႔နားလည္မႈလြဲတာေတြ၊အခ်ိန္ေတြအလကားကုန္တာေတြျဖစ္ကုန္တာေပါ့။

မိန္းကေလးေတြက သူတုိ႔ရဲ႔ခ်စ္သူကုိ တစ္ခါတစ္ေလမုန္းတယ္ဆုိျပီးေျပာတတ္ၾကတယ္။ဒါက ေယာက်္ားေလးေတြစိတ္ထဲမွာ နာက်င္သြားႏုိင္တဲ႔စကားဆုိေပမဲ႔  တကယ္မုန္းတယ္လုိ႔ေျပာတာမဟုတ္ပါဘူး။တစ္ခါတစ္ေလ စိတ္ရႈပ္တဲ႔အခ်ိန္၊ေဒါသထြက္တဲ႔အခိ်န္ေတြမွာလည္း ဒီစကားကုိေျပာၾကတယ္ဆုိေပမဲ႔ အဲ႔စကားကုိ အမွန္လို႔မွတ္ယူျပီး ေယာက်္ားေလးဘက္ကပါ ေဒါသကုိဆြတဲ႔စကားမ်ိဳးေျပာလာမယ္ဆုိရင္ ေျပလည္ရမယ့္ကိစၥက ေျဖရွင္းလို႔မရျဖစ္တတ္ပါတယ္။

ျပီးေတာ့ တကယ္ၾကီးမုန္းေနတယ္ဆုိရင္ေတာင္ ဒါက အားျပင္းတဲ႔ခံစားခ်က္တစ္ခုပါပဲ။အမုန္းကျပင္းထန္လာေလ အဲ႔ဒီလူကုိပဲ တစ္ခ်ိန္လံုးေတြးေနမိတတ္ပါတယ္။ပုိျပီးေတြးေလေလ အဲ႔လူက သူမစိတ္ထဲပုိေရာက္ေလပါပဲ။အမုန္းဟာ တစ္ခါတစ္ေလ အခ်စ္ဆုိတဲ႔ခံစားခ်က္ဘက္ကုိလည္းေျပာင္းလဲသြားတတ္ပါတယ္။အခ်စ္နဲ႔အမုန္းက ဒဂၤါးျပားလို ေက်ာခ်င္းကပ္အေနအထားပါ။ဒါေၾကာင့္လည္း အရင္တုန္းက အရမ္းမုန္းခဲ့တယ္ဆုိတဲ႔သူက အခုေတာ့အရမ္းခ်စ္ရတဲ႔သူျဖစ္သြားၾကတဲ႔ အျဖစ္အပ်က္ေလးေတြေပၚလာတာေပါ့။

မိန္းကေလးေတြေျပာေလ့ရွိတဲ႔ ငါနင့္ကုိမုန္းတယ္ဆုိတဲ႔စကားဟာ အေျခအေန အခ်ိန္အခါအရလည္း ကြဲျပားမႈေတြရွိပါေသးတယ္။

*မုန္းတယ္ဆုိတဲ႔စကားကုိေျပာေနရင္း သူမရဲ ႔မ်က္ႏွာက ပန္းေရာင္သမ္းရွက္ေသြးျဖာေနရင္ ဒါက ခ်စ္တယ္ဆုိတဲ႔အဓိပၸာယ္ပါပဲ။
*တစ္ခါတစ္ေလ ကုိယ့္အေပၚ ပုိျပီးၾကင္နာယုယေစခ်င္တယ္။ပုိျပီးဂရုစုိက္ေစခ်င္တဲ႔အခါမ်ိဳးမွာ ကုိယ့္ခ်စ္သူက မထံုတက္ေတးျဖစ္ေနရင္ မုန္းတယ္ဆုိတဲ႔စကားကုိေျပာေလ့ရွိပါေသးတယ္။
*ခ်စ္သူဆီက စပရိုက္စ္လက္ေဆာင္တစ္ခုခုရတဲ႔အခါ(ေသးေသးေလးပဲျဖစ္ျဖစ္ေပါ့) မိန္းကေလးေတြရဲ႔စိတ္ထဲ တအားေက်နပ္သြားတတ္ၾကပါတယ္။ဒါေပမဲ႔ႏႈတ္ကေတာ့ မုန္းလိုက္တာဆုိတဲ႔စကားကုိေျပာတတ္ပါေသးတယ္။တကယ္ေတာ့ ခ်စ္သူက ကုိယ့္အေပၚအေလးထားျမတ္ႏုိးမႈမွာ ေပ်ာ္၀င္သြားတာပါ။

*စိတ္ဆုိးေဒါသထြက္တဲ႔အခါမွာေျပာတဲ႔မုန္းတယ္ဆုိတဲ႔စကားကေတာ့ တကယ္မုန္းလို႔ေျပာတာမဟုတ္ပါဘူး။သူမ ဘယ္ေလာက္နာက်င္ခဲ႔လဲဆုိတာ ခ်စ္သူကုိသိေစခ်င္လုိ႔ပါ။ဥပမာ သူမဖုန္းေခၚတဲ႔အခါ အၾကာၾကီးမကုိင္ပဲေနလိုက္တာမ်ိဳး၊ခ်ိန္းထားျပီးမွ ေမ့ျပီးမသြားျဖစ္လိုက္တာမ်ိဳးေပါ့။မိန္းကေလးေတြက်ေတာ့ စိတ္ခံစားလြယ္လို႔ ဖုန္းမကုိင္ရင္ဘာျဖစ္လုိ႔လဲညာျဖစ္လို႔လဲ ေလ်ွာက္ေတြးေနတတ္ၾကတာပါ။
*တကယ္လို႔ သူမဆီက I Hate You ဆုိတဲ႔စာတုိေလးေရာက္လာရင္ေတာ့ ဒါက သင္နဲ႔စကားေျပာခ်င္တယ္ဆုိတဲ႔အဓိပၸာယ္ပါပဲ 😅(ရႈပ္ေထြးလုိက္တာေနာ္)
*ေနာက္ဆံုးသတိထားရမွာကေတာ့ မိန္းကေလးတစ္ေယာက္က နာက်င္၀မ္းနည္းေနတဲ႔မ်က္ႏွာနဲ႔မုန္းတယ္ဆုိတဲ႔စကားကုိေျပာခ်လိုက္ျပီဆုိရင္ေတာ့ ကြိဳင္တက္ျပီပဲ။သူမ ေက်နပ္ေအာင္ေခ်ာ့ဖုိ႔က အေရးၾကီးဆံုးျဖစ္သြားပါျပီ 🙂

ဒီေတာ့ မုန္းတယ္ဆုိတဲ႔စကားကုိ တကယ္မုန္းလုိ႔ေျပာတယ္မထင္ပဲ အဓိပၸာယ္ေဖာ္တတ္ေအာင္ ကုိယ့္ရဲ႔သက္ဆုိင္သူကုိမန္းရွင္းေခၚလုိက္ပါဦး 💕

Unicode

မိန်းကလေးတွေရဲ ့စိတ်ကနားလည်ရခက်ပြီးရှုပ်ထွေးလွန်းပါတယ်။၁ဝခါမှာ ရခါ ၈ခါလောက်က သူတို့တကယ်ပြောချင်တဲ့စကားနဲ့ပြောင်းပြန်ကိုပြောလေ့ရှိကြပါတာပါ 🙄 ဒါကြောင့်လည်း မလိုလားအပ်တဲ့နားလည်မှုလွဲတာတွေ၊အချိန်တွေအလကားကုန်တာတွေဖြစ်ကုန်တာပေါ့။

မိန်းကလေးတွေက သူတို့ရဲ့ချစ်သူကို တစ်ခါတစ်လေမုန်းတယ်ဆိုပြီးပြောတတ်ကြတယ်။ဒါက ယောကျ်ားလေးတွေစိတ်ထဲမှာ နာကျင်သွားနိုင်တဲ့စကားဆိုပေမဲ့  တကယ်မုန်းတယ်လို့ပြောတာမဟုတ်ပါဘူး။တစ်ခါတစ်လေ စိတ်ရှုပ်တဲ့အချိန်၊ဒေါသထွက်တဲ့အချိန်တွေမှာလည်း ဒီစကားကိုပြောကြတယ်ဆိုပေမဲ့ အဲ့စကားကို အမှန်လို့မှတ်ယူပြီး ယောကျ်ားလေးဘက်ကပါ ဒေါသကိုဆွတဲ့စကားမျိုးပြောလာမယ်ဆိုရင် ပြေလည်ရမယ့်ကိစ္စက ဖြေရှင်းလို့မရဖြစ်တတ်ပါတယ်။

ပြီးတော့ တကယ်ကြီးမုန်းနေတယ်ဆိုရင်တောင် ဒါက အားပြင်းတဲ့ခံစားချက်တစ်ခုပါပဲ။အမုန်းကပြင်းထန်လာလေ အဲ့ဒီလူကိုပဲ တစ်ချိန်လုံးတွေးနေမိတတ်ပါတယ်။ပိုပြီးတွေးလေလေ အဲ့လူက သူမစိတ်ထဲပိုရောက်လေပါပဲ။အမုန်းဟာ တစ်ခါတစ်လေ အချစ်ဆိုတဲ့ခံစားချက်ဘက်ကိုလည်းပြောင်းလဲသွားတတ်ပါတယ်။အချစ်နဲ့အမုန်းက ဒင်္ဂါးပြားလို ကျောချင်းကပ်အနေအထားပါ။ဒါကြောင့်လည်း အရင်တုန်းက အရမ်းမုန်းခဲ့တယ်ဆိုတဲ့သူက အခုတော့အရမ်းချစ်ရတဲ့သူဖြစ်သွားကြတဲ့ အဖြစ်အပျက်လေးတွေပေါ်လာတာပေါ့။

မိန်းကလေးတွေပြောလေ့ရှိတဲ့ ငါနင့်ကိုမုန်းတယ်ဆိုတဲ့စကားဟာ အခြေအနေ အချိန်အခါအရလည်း ကွဲပြားမှုတွေရှိပါသေးတယ်။

*မုန်းတယ်ဆိုတဲ့စကားကိုပြောနေရင်း သူမရဲ ့မျက်နှာက ပန်းရောင်သမ်းရှက်သွေးဖြာနေရင် ဒါက ချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။
*တစ်ခါတစ်လေ ကိုယ့်အပေါ် ပိုပြီးကြင်နာယုယစေချင်တယ်။ပိုပြီးဂရုစိုက်စေချင်တဲ့အခါမျိုးမှာ ကိုယ့်ချစ်သူက မထုံတက်တေးဖြစ်နေရင် မုန်းတယ်ဆိုတဲ့စကားကိုပြောလေ့ရှိပါသေးတယ်။
*ချစ်သူဆီက စပရိုက်စ်လက်ဆောင်တစ်ခုခုရတဲ့အခါ(သေးသေးလေးပဲဖြစ်ဖြစ်ပေါ့) မိန်းကလေးတွေရဲ့စိတ်ထဲ တအားကျေနပ်သွားတတ်ကြပါတယ်။ဒါပေမဲ့နှုတ်ကတော့ မုန်းလိုက်တာဆိုတဲ့စကားကိုပြောတတ်ပါသေးတယ်။တကယ်တော့ ချစ်သူက ကိုယ့်အပေါ်အလေးထားမြတ်နိုးမှုမှာ ပျော်ဝင်သွားတာပါ။
*စိတ်ဆိုးဒေါသထွက်တဲ့အခါမှာပြောတဲ့မုန်းတယ်ဆိုတဲ့စကားကတော့ တကယ်မုန်းလို့ပြောတာမဟုတ်ပါဘူး။သူမ ဘယ်လောက်နာကျင်ခဲ့လဲဆိုတာ ချစ်သူကိုသိစေချင်လို့ပါ။ဥပမာ သူမဖုန်းခေါ်တဲ့အခါ အကြာကြီးမကိုင်ပဲနေလိုက်တာမျိုး၊ချိန်းထားပြီးမှ မေ့ပြီးမသွားဖြစ်လိုက်တာမျိုးပေါ့။မိန်းကလေးတွေကျတော့ စိတ်ခံစားလွယ်လို့ ဖုန်းမကိုင်ရင်ဘာဖြစ်လို့လဲညာဖြစ်လို့လဲ လျှောက်တွေးနေတတ်ကြတာပါ။
*တကယ်လို့ သူမဆီက I Hate You ဆိုတဲ့စာတိုလေးရောက်လာရင်တော့ ဒါက သင်နဲ့စကားပြောချင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ 😅(ရှုပ်ထွေးလိုက်တာနော်)
*နောက်ဆုံးသတိထားရမှာကတော့ မိန်းကလေးတစ်ယောက်က နာကျင်ဝမ်းနည်းနေတဲ့မျက်နှာနဲ့မုန်းတယ်ဆိုတဲ့စကားကိုပြောချလိုက်ပြီဆိုရင်တော့ ကွိုင်တက်ပြီပဲ။သူမ ကျေနပ်အောင်ချော့ဖို့က အရေးကြီးဆုံးဖြစ်သွားပါပြီ 🙂

ဒီတော့ မုန်းတယ်ဆိုတဲ့စကားကို တကယ်မုန်းလို့ပြောတယ်မထင်ပဲ အဓိပ္ပာယ်ဖော်တတ်အောင် ကိုယ့်ရဲ့သက်ဆိုင်သူကိုမန်းရှင်းခေါ်လိုက်ပါဦး

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.