Jennie ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ထင်းနေအောင် ဖော်ကျုးပေးခဲ့တဲ့ ဒေါ်လာ ၃ဝဝဝတန် ဝတ်စုံ

လှလိုက်တာ Jennie လေး…😍

Blackpink အဖွဲ့ဝင် Jennie ကတော့ Golden Disc Awards ပွဲမှာ သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို အထင်းသား ပေါ်လွင်နေစေတဲ့ ဝတ်စုံလေးနဲ့ ဖျော်ဖြေသွားတာတွေ့ရပါတယ်။

Jennie ကို ပရိတ်သတ်တွေ သတိထားမိတည်းက သူမရဲ့ခန္ဓာကိုယ်ဘယ်လောက်လှတယ်ဆိုတာကို လူတိုင်း သိထားပြီးသားပါ။ ဒါပေမယ့် USD ဒေါ်လာ ၃ဝဝဝ တန်ဖိုးရှိ Balmain ဝတ်စုံကို ဝတ်လိုက်ချိန်မှာတော့ အားလုံးရဲ့အာရုံစူးစိုက်မှုက သူမအပေါ် လွှမ်းမိုးခဲ့ရတယ်။

ဒီဝတ်စုံကို “Glittered Viscose Blend Minidress” လို့ခေါ်ပါတယ်။ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်နေအောင် သေချာအသေးစိတ် ချုပ်လုပ်ထားတဲ့အကျီ င်္ဖြစ်တာကြောင့် ဝတ်လိုက်တိုင်းမှာ ခန္ဓာကိုယ်ဟာ လူကြားထဲ ထင်းခနဲဖြစ်စေတယ်။

Jennie အတွက် ဒါကအဓိကမဟုတ်ပေမယ့် ဓာတ်ပုံထဲက သူမရဲ့ပြည့်စုံတဲ့အလှကို ပရိတ်သတ်တွေ ကြည့်မဝဖြစ်ခဲ့ရတာပါ။ သူမသာ ၁ပေါင်လောက် ဝိတ်တက်လာပါစေဦးတော့.. ကြည့်ကောင်းနေမြဲ ဖြစ်မှာပါလို့ ပရိတ်သတ်တွေက ပြောကြတယ်။

Jennie ဟာ ဘယ်အချိန်ကြည့်ကြည့် လှနေပြီး စတိုင်လ်အပြည့်ရှိတဲ့ အဆိုတော်တစ်ဦး။ အဝတ်စားတိုင်းဟာ သူမဝတ်လိုက်ရင် ကြည့်လို့ကောင်းတယ်လို့ အင်တာနက်အသုံးပြုသူများက ကွန်မန့်ဝင်ပေးထားကြပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.