Girls’ Generations အဖွဲ့ Teaser ပုံရိပ်ကြောင့် ပရိသတ်တွေထိတ်လန့်တကြားဖြစ်ခဲ့ရ 😨
SM အင်တာတိန်းမန့်မှာကျန်ရစ်ခဲ့တဲ့ အဖွဲ့ဝင်ငါးယောက် Yoona ၊ Hyoyeon ၊Taeyeon, Sunny နဲ့ Yuri တို့သာ ပါဝင်မှာဖြစ်တယ်လို့ သြဂုတ်လ ၂၇ရက်နေ့ကသူတို့ရဲ့အေဂျင်စီကနေအတည်ပြုခဲ့ကြောင်း Koreaboo မီဒီယာကနေဖော်ပြခဲ့ပါတယ်။
https://twitter.com/nhdbtr/status/1034459523472220161
Unicode
ဆယ်စုနှစ်တစ်ခုကြာရပ်တည်လာခဲ့တဲ့ တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့ Girls’ Generations ဟာ မကြာခင်မှာ Oh!GG ဆိုတဲ့အယ်လ်ဘမ်အသစ်နဲ့ပရိသတ်ရှေ့ကိုပြန်လာတော့မယ်ဖြစ်ကြောင်းTeaser ပုံရိပ်လေးတွေနဲ့တကွကြေညာခဲ့ပါတယ်။
စက်တင်ဘာလမှာထွက်ရှိလာမယ့် Oh!GG စတူဒီယိုအယ်လ်ဘမ်ဟာ ဒီ ၂၀၁၈ အတွင်း Girls’ Generations အဖွဲ့ရဲ့ ပထမဆုံးအယ်လ်ဘမ်လည်းဖြစ်ပါတယ်။ဒီအယ်လ်ဘမ်မှာတော့SM အင်တာတိန်းမန့်မှာကျန်ရစ်ခဲ့တဲ့ အဖွဲ့ဝင်ငါးယောက် Yoona ၊ Hyoyeon ၊Taeyeon, Sunny နဲ့ Yuri တို့သာ ပါဝင်မှာဖြစ်တယ်လို့ သြဂုတ်လ ၂ရရက်နေ့ကသူတို့ရဲ့အေဂျင်စီကနေအတည်ပြုခဲ့ကြောင်း Koreaboo မီဒီယာကနေဖော်ပြခဲ့ပါတယ်။
ဒီလိုပုံရိပ်နဲ့တကွ ကြေညာလိုက်တဲ့နောက်မှာတော့ ပရိသတ်တွေဆီက ထိတ်လန့်တကြားလှုပ်လှုပ်ခတ်ခတ်အသံတွေကြားလာရပါတော့တယ်။ဘာလို့လဲဆိုတော့ ထွက်ရှိလာတဲ့ပုံရိပ်တွေထဲက ပုံတစ်ပုံမှာအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Hyoyeon ရဲ ့ခြေထောက်အောက်ပိုင်းက မပါလာလို့ပဲဖြစ်ပါတယ်။ကြည့်ရတာသူတို့အဖွဲ့လည်းစိတ်လှုပ်ရှားနေကြသလို တည်းဖြတ်တဲ့သူတွေ၊ဖိုတိုရှော့လုပ်တဲ့သူတွေကလည်းသေချာပြန်လည်မစစ်ဆေးကြလို့ဖြစ်မယ်လို့ ပရိသတ်တွေက ဝေဖန်ထားကြပါတယ်။
ပြီးတော ့ဒါဟာ ပထမဆုံးအကြိမ်လည်းမဟုတ်ပါဘူးတဲ့။အရင်တုန်းက ပိုစတာတစ်ခုမှာလည်း Hyoyeon ရဲ ့ခြေထောက်နေရာက ပျောက်နေခဲ့ပါတယ်။
တကယ်ဆို တစ်နိုင်ငံလုံးအနှံ့မြင်ရမယ့်ပိုစတာတစ်ခုဟာ ဒီလိုအမှားအယွင်းမျိုးမဖြစ်သင့်ဘူးပေါ့လေ။Hyoyeon ရဲ ့ပရိသတ်တွေကတော့ သူတို့ချစ်တဲ့အိုင်ဒေါလ်ခြေထောက်ပျောက်နေလို့ တွစ်စ်တာတွေ၊အင်စတာဂရမ်တွေမှာ ကောမန့်တွေ၊စတေးတပ်စ်တွေ တရစပ်ကိုတင်နေကြတာမြင်တွေ့ရပါတယ်။နောက်ထပ်ပုံရိပ်တွေမှာတော့ ဒီလိုအလွဲအမှားတွေမဖြစ်ဘူးလို့ မျှော်လင့်ရမှာပါပဲ 😅
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.