သူ့ကို တကယ်ချစ်မိသွားပြီဆိုရင် ဒီလိုအရာတွေ ဖြစ်လာလိမ့်မယ်..🧡

လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ…

တစ်ယောက် အားနည်းချက် တစ်ယောက်လေးစားမှုရှိ

Image result for couple
ဘယ်သူမှ မပြည့်စုံပါဘူး။ လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိပြီးသားပါ။ မင်းရဲ့အားနည်းချက်ကို သူမသိအောင် တစ်သက်လုံး ဖုံးကွယ်ထားလို့မရပါဘူး။ တစ်နေ့မဟုတ် တစ်နေ့သူသိမှာပါပဲ။ အဲ့ဒီအခါ မင်းအားနည်းချက်ကို သူလက်ခံနိုင်သည့်တိုင် ၊ သူ့အားနည်းချက်ကိုလည်း မင်းအပြစ်မမြင်နိုင်တော့ဘူးဆိုရင် သူ့အပေါ် မင်းအချစ်က စစ်မှန်လာပါပြီ။ တစ်ယောက်အားနည်းချက် တစ်ယောက်က နားလည်ပေးပြီး ကူညီဖေးမပေးဖို့ ကြိုးစားကြပါလိမ့်မယ်။

သူနဲ့အတူရှိနေရင် သက်တောင့်သက်သာရှိသလို ခံစားရ


သူနဲ့တွေ့ရင် မင်းမှာရှက်နေစရာမလိုဘူး။ ဘာလုပ်လုပ် ၊ ဘာစားစား ပေါ့ပါးပြီး လွတ်လပ်နေသလိုခံစားရရင် သူဟာ မင်းအတွက် ကိုက်ညီတယ်လို့ ပြောရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမပြောလည်း စိတ်ထဲကသိကအောင့် ဖြစ်တာမျိုးမရှိပဲ လွတ်လပ်နေတာမျိုးပါ။

တူညီတဲ့လမ်းကြောင်းပေါ် အတူတူတွဲလျှောက်နေသူ

Related image
လူနှစ်ယောက်ဟာ ရပ်တည်ချက်ခြင်းတူမှ ရေရှည်လက်တွဲလို့အဆင်ပြေမှာပါ။ တစ်ယောက်နဲ့
တစ်ယောက် အကြိုက်ချင်းမတူရင်တောင် သူဝါဿနာပါတဲ့အလုပ်အပေါ် လေးစားမှုရှိသင့်ပါတယ်။
နှစ်ယောက်လုံးဟာ တူညီတဲ့လမ်းကြောင်းပေါ် လျှောက်နေမိပြီဆို အထူးတလည် ညှိနှိုင်းရတာမျိုးတွေမရှိတော့ စိတ်ချမ်းသာရပါတယ်။ ဘယ်သွားသွာ ၊ ဘာလုပ်လုပ် စိတ်သဘော ဆန္ဒတွေတူညီနေရင် နှစ်ယောက်တည်း ကမ္ဘာဟာ ပျော်စရာကြီးပေါ့။

space လေးတွေ ပေးတတ်လာမယ်

Related image
တကယ်ချစ်လာတဲ့အခါ အရမ်း သူ့အပေါ် ထိန်းချုပ်ကန့်သတ်တာမျိုးတွေ မရှိတော့ပဲ သူဝါဿနာပါရာ အလုပ်လေး ၊ လေ့လာချင်တာလေးတွေ ၊ လုပ်ချင်တာတွေ လုပ်နိုင်အောင် space တစ်ခုပေးတတ်လာမယ်။ အချိန်တိုင်း သူက ကိုယ့်အနားမှာမှ ရှိမနေနိုင်တာ။ အားတိုင်း ချစ်သူအပေါ်အချိန်ပေးနေရင် ဘာတိုးတက်မှ မရှိတော့ပဲ သူများတွေ တိုးတက်သွားချိန် ကိုယ်က နောက်ကောက်ကျန်ခဲ့မှာပေါ့။ ဒီတော့ ချစ်တာလည်း ချစ်၊ space လေးတွေ ထားတတ်လာတော့ စိတ်ရှုပ်စရာတွေ ကင်းဝေးလာပါတယ်။

သဝန်တိုတာတွေ မရှိတော့

Image result for couple
ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲတွေမှာ ခပ်ရူးရူး သဝန်ကြောင်မှုတွေ မထားတော့ပါဘူး။ မင်း သူ့ကို ယုံတယ်မလား ၊ ယုံရင် ပြီးပြီ။ ကျန်တာတွေ ဆက်မတွေးနေနဲ့ ။ပူလောင်တယ်။ သဝန်တိုမှုတွေကနေ မလိုအပ်တဲ့ သံသယတွေကြောင့် တစ်ယောက် ဂုဏ်သိက္ခာ တစ်ယောက် ထိပါး ၊ ဘာတန်ဖိုးမှ မရှိတော့။ ဒီတော့ တကယ်ချစ်လာပြီဆို စိတ်ချ လက်ချနဲ့ သူ့အပေါ် အပြည့်ဝယုံကြည်မှုပေးအပ်လိုက်တယ်။ ချစ်သူဆီက စိတ်ပျက်မှုကို မလိုချင်တဲ့ လူတစ်ယောက်ကလည်း ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရဲပါဘူး။

တစ်ကိုယ်ကောင်းဆန်တာတွေ လျော့လာ

Image result for couple
ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လူတွေက ကိုယ့်လက်တွဲဖော်အပေါ် တစ်ကိုယ်ကောင်းဆန်မှန်း ဆန်နေတတ်ကြပါတယ်။ လေးစားမှုဆိုတာရှိရင် strong relationship တစ်ခုကို တည်ဆောက်နိုင်ပါတယ်။ သူလည်း လူပဲ.. ကိုယ်လည်း လူပဲလေ။ တစ်ခုခုဆို ကိုယ်ရှိမှ ဖြစ်မယ် ၊ကိုယ်ပါမှ သွားရမယ် ၊ ကိုယ့်ရဲ့ခွင့်ပြုချက်ကို မဖြစ်မနေတောင်းရမယ်တို့ ၊ ကိုယ်က လွဲပြီး ဘယ်သူမှ သူ့အပေါ် မကောင်းနိုင်ပါဘူးဆိုတဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ ကိုယ့်ချစ်သူကို ကြိုးကိုင် ခြယ်လှယ်ချင်ကြတယ်။ တကယ်ချစ်လာတဲ့အခါ သူစိတ်ချမ်းသာနေတာကိုပဲ မြင်ချင်တော့တာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.