လီဗာပုးလ်နဲ့ စာချုပ်သစ်ချုပ်ခဲ့တာ ပရိသတ်တွေကြာင့်ပါလို့ လူးဝစ်ဆွာရက်ဇ်ပြော

article-2527024-1a386ea000000578-378_634x540.jpeg

အသင်းကနေ လာမယ့်ဇန်န၀ါရီအပြောင်းအရွေ့ဈေးကွက်မှာ ထွက်ခွာတော့မယ်လို့ သတင်းတွေကြီးနေခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ အခုဆိုရင် ကာလရှည်စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်တာ ကြောင့် လီဗာပူးလ်ပရိသတ်များအတွက် ၀မ်းသာအားရစရာ သတင်းကောင်းဖြစ်ခဲ့ရပါပြီ။ စာချုပ်အချက်အ လက်များကို မဖော်ပြခဲ့ပေမယ့် အသစ်ပြင်ဆင်ချုပ်ဆိုထားမှုအရ ဆွာရက်ဇ်အနေနဲ့ တစ်ပတ်ပေါင်(၂)သိန်း အနိမ့် ဆုံးရရှိနိုင်ပြီး (၅)နှစ်စာချုပ်ဖြစ်ဖွယ်ဖြစ်ရှိကြောင်း လေ့လာသူများက ခန့်မှန်းထားကြပါတယ်။ “ အခုလိုစာချုပ်သစ် ချုပ်နိုင်ခဲ့တဲ့အတွက်၊ လီဗာပူးလ်နဲ့ ကာလရှည်လက်တွဲဖို့အတွက် သေချာသွားခဲ့တဲ့အတွက် အရမ်းကျေနပ်မိပါ တယ်။ အသင်းမှာ ကစားသမားကောင်းအချို့ရှိပြီး တစ်စစတိုးတက်လာနေတယ်လို့လည်း ခံစားရတယ်။ ဆုဖ လားတွေရရှိဖို့၊ အသင်းနဲ့အတူ အမြင့်ဆုံးအဆင့်တွေမှာ ကစားနိုင်ဖို့ရည်မှန်းချက်တွေကိုလည်း အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်တယ်။ အခုလိုဆုံးဖြတ်ချက်ချခဲ့ရာမှာ လီဗာပူးလ်ပရိသတ်တွေဆီကနေ ကျွန်တော်ရရှိခဲ့ တဲ့ အားပေးထောက်ခံမှုများက အဓိကကျခဲ့တာပေါ့။ သူတို့တွေကို ကိုယ်စားပြုခွင့်ရတာကို ဂုဏ်ယူတယ်။ လီဗာ ပူးလ်ဝတ်စုံဝတ်ပြီး ကွင်းထဲရောက်တဲ့အချိန်တိုင်းမှာ အစွမ်းကုန်ပေးဆပ်သွားမှာပါ”လို့ ယခုနှစ်မှာ ပြိုင်ပွဲစုံ(၂၅)ပွဲ ကစားပြီး (၂၇)ဂိုးသွင်းထားတဲ့ လီဗာပူးလ်တိုက်စစ်မှူးက ရင်တွင်းခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်(၁၁)ပွဲကစားထားပြီး (၁၇)ဂိုးသွင်းထားနိုင်တဲ့ လူးဝစ်ဆွာရက်ဇ်အနေနဲ့ နောက်ထပ်လည်း ဂိုးတွေ ထပ်သွင်းပြီး လီဗာပူးလ်ကို ချန်ပီယံပြေးလမ်းကြောင်းပေါ်တင်ထားပေးဦးမှာ သေချာပါတယ်။ အင်္ဂလန်ဘွတ်ကီ ဒိုင်တွေကဆိုရင် ဆွာရက်ဇ်လက်ကျန် ပရီးမီးယားလိဂ်ပွဲများကနေ နောက်ထပ်ဂိုး(၃၀)သွင်းနိုင်မလားဆိုတဲ့ အ လောင်းအစားကို ၈လေး၊ ၁၁လေးပေးပြီး ကြေးဖွင့်ထားကြပါပြီ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.