သိပ်ချစ်စရာကောင်းတဲ့စားဖော်စားဖက်သူငယ်ချင်းတွေသင့်မှာရှိနေပြီလား…😋😋😋

(၃) ဈေးကြီးပြီးအရေအတွက်များတဲ့ အစားစာကိုမှကိုယ်ကစားချင်တဲ့အခါ တစ်ယောက်တည်းအထီးကျန်မနေပဲ ပိုက်ဆံနည်းနည်းစီစပ်ပြီးစုစားပေးတဲ့သူတွေရှိလို့ အင်မတန်သာယာတယ် 😀

Unicode

အိမ်း…လူဆိုတာကတော့တူရာတူရာစုတတ်ကြတာသဘာဝပါပဲ 😛 သူ့လိုင်းနဲ့သူသူ့အကြိုက်နဲ့သူ စုရင်း သူငယ်ချင်းကောင်းတွေဖြစ်သွားတတ်ကြတယ်ဆိုတာတော့ အမှန်ပဲတော်ရေ…ဒီထဲမှာမှ ဘာပဲ Feel နေ Feel နေစားမှာပဲ လာသွားစားရအောင်ဆိုတဲ့ ကိုယ်နဲ့ပုံစံတူ
အစားတလိုင်းသူငယ်ချင်းတွေရှိနေပြီဆိုရင်တော့သင့်တို့ဘဝဟာ ၄၀ %လောက်ပျော်စရာကောင်းမှာအသေချာပါပဲ။ အစားသောက်ဆိုတာ စားတတ်ရင်ဆေးဖြစ်သလို စိတ်ကိုလည်းရွှင်လန်းစေတယ်ဆိုတာကို ကိုယ်တွေလိုအစားတလိုင်းတွေက ယုံယုံကြည်ကြည်လက်ခံပြီးသာ 😛 ဒါကြောင့်စားချင်တာကိုငယ်တုန်းရွယ်တုန်းသွားကောင်းတုန်းမှာစားလိုက်ကြတာပဲ :-P.
ကဲ…ဆိုတော့သင်တို့ရဲ့ အစားတလိုင်းပုံစံတူသူငယ်ချင်းတွေကြောင့် ဘယ်လိုတွေအကျိုးရှိသလဲဆိုတာ…
(၁) တစ်ခြားအရာတွေထက်အစားသောက်ကိုနှစ်ခြိုက်လို့ ကလေးဆန်ပြီးပျော်ရွှင်ဖို့ကောင်းတယ်၊
(၂) ဘယ်လိုစိတ်ညစ်စရာမျိုးပဲရှိနေရှိနေ “လာ…ညစ်မနေနဲ့ ငါတို့သွားစားကြမယ်” ဆိုတဲ့စကားလေးက အင်မတန်နားဝင်ချိုပြီးစိတ်ပင်ပန်းမှုကို တစ်ဝက်လောက်သက်သာစေတယ် 😛
(၃) စျေးကြီးပြီးအရေအတွက်များတဲ့ အစားစာကိုမှကိုယ်ကစားချင်တဲ့အခါ တစ်ယောက်တည်းအထီးကျန်မနေပဲ ပိုက်ဆံနည်းနည်းစီစပ်ပြီးစုစားပေးတဲ့သူတွေရှိလို့ အင်မတန်သာယာတယ် 😀
(၄) ကိုယ်တိုင်အစားမက်တော့ကိုယ်တိုင်လည်း ချက်ပြုတ်တတ်ကြတဲ့သူတွေများတာမလို့ ကိုယ်တွေအဖွဲ့ဘယ်ရောက်ရောက်အစားစာငတ်တယ်လို့ကိုမရှိဘူး။
(၅) ဘိုင်ပျက်လို့စားစရာမရှိဘူနေရင်လည်း အစားပုပ်တဲ့သူအချင်းချင်းးကိုယ်ချင်းစာစိတ်အပြည့်နဲ့ ကျွေးမွေးတတ်တာတွေကြောင့်လည်းစိတ်ချမ်းသာရတယ်…။
ကဲ….စားဖော်စားဖက်သူငယ်ချင်းတွေရထားတာသင်တို့မှာ ဘယ်လောက်တောင် အကျိုးရှိလိုက်သလဲနော်…ဒါလေးကိုဖတ်မိရင်းကိုယ့်ရဲ့စားဖော်စားဖက်တွေကိုလည်းသတိရနိုင်ပါစေလို့…တူတူစားပြီးတူတူ ဝရအောင်( အယ်Sorry တူတူလှရအောင်လို့ :-P)😂😂😂

171 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.