နာကျင်စရာတွေက ဘယ်လိုပျောက်သွားတတ်လဲ…😌
Unicode
လူတိုုင်းမှာအမျိုးမျိုးသောအကြောင်းတွေကြောင့်နာကျင်ခံစားရတာတွေရှိကောင်းရှိတတ်ကြမှာပါ( အနည်းနဲ့အများပဲ ကွာသွားလိမ့်မယ်) ဒီလိုနာကျင်ပူလောင်စရာတွေရှိတဲ့အချိန်တိုင်းမှာ ကိုယ်ကလွဲပြီးခံစားရတဲ့သူမရှိဘူး ၊ ကိုယ့်လောက်ဘယ်သူမှမခံစားရဘူး၊ လို့တွေးနေတတ်ပါတယ်။တကယ်တော့ လူတိုင်းလူတိုင်းမတူညီတဲ့အကြောင်းတွေ မတူညီတဲ့စိတ်ခံစားချက်တွေနဲ့ နာကျင်မှုတွေကရှိပြီးခဲ့ကြပြီးသားပါ…ဆိုတော့ဒီလိုနာကျင်မှုတွေကဘယ်လိုပျောက်နိုင်သလဲပေါ့…
(၁) ဒီအရာတွေကိုပဲအပ်ကြောင်းထပ်အောင်မတွေးပါနဲ့
သင့်ကိုနာကျင်စေတဲ့အရာတွေဆီကနေအမြန်ဆုံးနီးနဲ့ရုန်းထွက်လိုက်ပါ။ ဒီလိုနာကျင်စရာအကြောင်းရာတွေကိုအပ်ကြောင်းထပ်အောင်မတွေးမိပါစေနဲ့။ ဒီလိုနာကျင်စရာတွေအစား တစ်ခြားအရာတွေအပေါ်ပြောင်းပြီးအာရုံထားလိုက်ပါ။
(၂) အသစ်အသစ်တွေဖန်တီးပါ
အသစ်သစ်တွေဖန်တီးပါ၊ ကိုယ်မွန်းကြပ်နာကျင်နေတဲ့ကိစ္စတွေနဲ့လားလားမှမသက်ဆိုင်တဲ့ ကိုယ့်စိတ်ပျော်မွေ့ရာအသစ်သစ်တွေကိုစတင်ဖန်တီးဖို့အားမွေးပါ။
(၃) သင်ခန်းစာရတယ်လို့မှတ်လိုက်ပါ
ဖြစ်ခဲ့သမျှကိစ္စတွေကို ဘဝကပေးတဲ့သင်ခန်းစာလို့မှတ်လိုက်ပါ။ နောင်တစ်ကြိမ်ထပ်မမှားအောင် နောက်တစ်ကြိမ်ထပ်နာမကျင်အောင်သင်ခန်းစာယူတယ်လို့ပဲတွေးပါ။
(၄) ကိုယ့်ဒဏ်ရာကို ကိုယ်ဆေးကုပါ
ကိုယ်ခံစားရတဲ့နာကျင်မှုကို ကိုယ်တိုင်ပဲအကောင်းဆုံးကုနိုင်ပါတယ်။ ဒါကြောင့်ကိုယ့်စိတ်ပျော်မွေ့ရာမှာနေ ကိုယ်လုပ်ချင်တာလုပ်ရင်း စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ကိုယ့်ကိုယ်ကိုယ်ကုသပါ။
(၅) အချိန်ကကုသပေးသွားမှာပါ
နောက်ဆုံးအချက်ကတော့ အချိန်တွေပြောင်းလဲသွားပြီးရင့်ကျက်လာတဲ့အခါ သင့်ရဲ့နာကျင်မှုမှန်သမျှကို အချိန်ကကုသပေးသွားမှာပါ။နောက်ပိုင်းသင်ခံစားခဲ့ရတာတွေကစကားအဖြစ်သာကျန်ရှိနေခဲ့ပြီးသင့်အတွက်အမှတ်တရသာသသာဖြစ်သွားပါလိမ့်မယ်။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.