Noah Centineo နဲ့ Lana Condor တို့ အပြင်မှာတကယ်ချစ်သူတွေဖြစ်နေကြတာလား?🤔
Unicode
Netflix ရဲ ့To All the Boys I’ve Loved Before (၂၀၁၈) ဇာတ်ကားကိုကြည့်ပြီးတဲ့သူတိုင်း နောက်တစ်ခေါက်ပြန်ကြည့်ချင်အောင်
ဆွဲဆောင်နိုင်တယ်ဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံကြမှာပါ။လူငယ်ဆန်ဆန်အချစ်ဒရာမာဇာတ်ကားလေးဖြစ်လို့ ထပ်ခါထပ်ခါကြည့်လည်း
မရိုးနိုင်ပါဘူး။ဒီကြားထဲ မင်းသားနဲ့မင်းသမီးကလည်း နှစ်ယောက်လုံး လိုက်ဖက်ပြီးချစ်စရာကောင်းသူလေးတွေ။ဒီတော့ ပရိသတ်တွေက Ship ပြီပေါ့။
သူတို့အတွဲလေးကိုသဘောကျလို့ ပရိသတ်တစ်ချို့က သူတို့နှစ်ယောက်ဟာ အပြင်မှာတကယ်ဒိတ်နေကြတယ်လို့ထင်ရလောက်တဲ့သက်သေတွေကို
ရှာခဲ့ပါတယ်တဲ့။အယ့်လယ်
ဘာတွေတွေ့လာလဲဆိုတော့ကားး…
*ဒီဓာတ်ပုံထဲက Lara Jean ရဲ ့lock-screen လေးကိုမြင်ရင် ဟယ် ဒီအခန်းလေးမတွေ့လိုက်ဘူး၊ကျော်သွားတာထင်တယ်လို့တွေးမိကြမှာပါ။ဒါပေမဲ့
ဒါက ရုပ်ရှင်ထဲမှာပါတဲ့ဇာတ်ဝင်ခန်းမဟုတ်ပါဘူးတဲ့။ဒါရိုက်တာ Susan Johnson က ဒီချစ်စရာအဖြစ်အပျက်လေးကိုပြောပြခဲ့ပုံက “သူတို့နှစ်ယောက်က
အထက်တန်းကျောင်းသဖွယ်ပြင်ဆင်ထားတဲ့ အခန်းထဲမှာ ပုံထဲမှာတွေ့ရတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး အိပ်ပျော်နေကြတာပါ။အဲ့ဒါနဲ့
အဖွဲ့သားတစ်ယောက်က သူတို့ပုံလေးကိုရိုက်လိုက်တာပဲဖြစ်ပါတယ်။သူတို့ကိုအခုလိုတွေ့ရတာ တကယ်ပဲလိုက်ဖက်ပြီးချစ်စရာကောင်းတယ်လို့ထင်တယ်”ဆို
ပြီးပြောပြခဲ့တာဖြစ်ပါတယ်။
*ရုပ်ရှင်ရိုက်နေတဲ့တစ်ချိန်လုံး Noah က Lana Condor ကို ကျီစယ်နေတာပါတဲ့။ရုပ်ရှင်ထဲမှာသူတို့နှစ်ယောက်စတွဲတဲ့အချိန် Lara ရဲ ့ဘောင်းဘီ
အိတ်ကပ်ထဲကိုလက်ထည့်ပြီး ကန်တင်းကိုလျှောက်လာကြတဲ့အခန်းကိုမှတ်မိကြဦးမှာပါ။တကယ်တော့ အဲ့ဒါက Noah (peter) ကြောင့်ပါတဲ့။သူက
အဲ့ဒါကို အစမ်းရိုက်နေတုန်းကျီစယ်စနောက်ခဲ့တာပါ။ဒါကို ဒါရိုက်တာက သဘောကျကာ မိုက်တယ်ဆိုပြီး သူတို့အစက ရိုက်မယ့်ဇာတ်ဝင်ခန်းကိုပြောင်းလဲခဲ့တာပါ။
*PRESS TOUR မှာလည်း တစ်ယောက်ကိုတစ်ယောက်ကျီစယ်နောက်ပြောင်ခဲ့ကြတာပါ။Third Wheel ကတော့ Israel Broussard ပေါ့ 😛 ။ဗီဒီယိုလေး
ကြည့်လိုက်ပါဦး။
*Lana ကလည်း Noah ရဲ ့PICKUP LINES တွေနဲ့ အတော်ကြီးကြည်နူးနေတာမြင်တွေ့ရမှာပါ။ဒိတ်ဖို့အတွက် စကားလမ်းကြောင်းခင်းတဲ့ပုံစံမျိုး
Noah နဲ့ Israel က Lana ကိုပြောတဲ့ဗီဒီယိုထဲမှာ Lana က Noah ရဲ ့စကားတွေကို ပိုပြီးသဘောကျတာ မြင်နေရပါတယ်။Noah ရဲ ့
“Do I know you? You look a lot like my next girlfriend.”ဆိုတဲ့စကားကြားတော့ ချက်ချင်းကိုအမှတ် ၁ဝဝပေးလိုက်တာနော်။Israel လေး သနားပါတယ်
*နောက်တစ်ချက်က Lana Condor ဟာ Naoh ကို အရပ်ရှည်ပြီး ခန့်ညားချောမောတဲ့ယောကျ်ားလေးလို့ အင်တာဗျူးမှာပြောခဲ့ပါတယ်။ပြီးတော့”သူက အမြဲတမ်းပျော်ပျော်နေတတ်ပြီး စိတ်သဘောထားကောင်းမွန်တဲ့သူတစ်ယောက်လို့ ကျွန်မထင်တယ်။ဒီတော့ သူ့ရဲ့တွဲဖက်မင်းသမီးအဖြစ်လုပ်ဖို့ မခက်ခဲပါဘူး။သူ့ကို တကယ်ကြီးအကြီးကြီး ခရက်ရှ်နေတာပါ။ပြီးတော့ သူလည်း ကျွန်မကိုခရက်ရှ်နေတယ်လို့တွေးရတာလည်းကြိုက်ပါတယ်”ဆိုပြီးပြောခဲ့ပါသေးတယ်။ပြီးတော့ Noah ကလည်း Lana ကို “love of his life” လို့ခေါ်ထားတာတွေ့ရပါတယ်။သူမရဲ့မျက်နှာချစ်ဖို့ကောင်းတဲ့အကြောင်းပြောနေတာလည်းမရပ်တော့ပါဘူးတဲ့။ကဲ ဘယ်သူက သူတို့ကို မ Ship ချင်ပဲနေမလဲ
*နှစ်ယောက်လုံးရဲ့ အင်စတာဂရမ်နောက်ခံဘက်ဂရောင်းကလည်းအတူတူပါပဲ။ဆင်တူပေါ့။ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မန်းရှင်းခေါ်ပြီး
ကျီစယ်နေကြတာ ခဏခဏတွေ့နေရပါတယ်။
ဒီတော့ သူတို့နှစ်ယောက် တကယ်ဒိတ်နေကြလားလို့တွေးမိပါလိမ့်မယ်။ဒါပေမဲ့ အသေအချာကိုမဟုတ်ပါဘူး။Lana Condor မှာ
ချစ်သူရှိပြီးသားပါ။သူကတော့ မင်းသား Anthony De La Torre ပါ (ဂျက်စပဲရိုးအငယ်စားလေး)။သူက Noah နဲ့သူမရဲ ့ရင်းနှီးမှုကို နားလည်မှုအပြည့်ပေးထားသူ
တစ်ယောက်ဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့ပတ်သက်ပြီး Lana က “သူက တကယ့်ကို ဘေးကနေ အားပေးနေတာပါ။ပြီးတော့ဒီဇာတ်ကားနဲ့ပတ်သက်ပြီး
တော့ အပြည့်အဝလည်းသဘောကျနှစ်သက်ပါတယ်။ဒါပေမဲ့သူ့မိသားစု အထူးသဖြင့်သူ့အစ်ကိုပေါ့။သူ့အစ်ကိုက ဒီဇာတ်ကား trailer ကြည့်ပြီး
နောက်တစ်ရက်မှာ “ဟေး မင်းရဲ ့Trailer က အရမ်းမိုက်တယ်။ငါအရမ်းကြိုက်တယ်။ဒါပေမဲ့ မကြိုက်လည်းမကြိုက်ချင်ဘူး။ဘာလို့လဲဆိုတော့
ငါ့ညီကလွဲပြီး မင်းကိုတစ်ခြားတစ်ယောက်နဲ့မမြင်ချင်ဘူး”ဆိုပြီးပြောခဲ့ပါတယ်တဲ့။Shin ချင်တာတောင် မ Ship ရတော့ပါဘူးနော်။
97 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.