မိန်းကလေးတစ်ယောက်ကိုမြင်ရင် ယောက်ျားတွေဘယ်အရာကို အဓိကထား ကြည့်လဲ?

ပြည့်စုံအောင် လှနေတာမျိုး မိန်းကလေးတိုင်း လိုချင်တာပေါ့။ ယောက်ျားတွေဟာ မိန်းမတစ်ယောက်ကိုမြင်တာနဲ့ ဘယ်လိုအရာတွေပေါ် အာရုံစိုက်တတ်ကြလဲ ? တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့လေ။ များသောအားဖြင့် ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ဘယ်နေရာ ၊ ဘာဆိုတာကို အသေးစိတ် လိုက်ကြည့်တာတော့ ရှားပါတယ်။ သူတို့ သတိထားမိတာက မျက်နှာလေးနဲ့ မင်းဘယ်လိုပုံစံ ဝတ်စားဆင်ယင်ထားတယ်ဆိုတာပါပဲ။ အများကြီးတော့မဟုတ်ပါဘူး။ ဒီအချက်လေးတွေပဲ သူတို့ သတိထားကြည့်ကြတာပါပဲ။ ဗိုက်လေး ပူနေလို့ တွေ့တဲ့အခါကြ အသက်အောင့် ဗိုက်ချပ်ထားစရာမလိုတော့ဘူးပေါ့.. 😋😋

ရေမွှေး


မိန်းကလေး တစ်ယောက်ဟာ ကိုယ်သင်းနံ့ မွှေးမွှေးလေး ပိုင်ဆိုင်ထားရင် သူတို့ သတိထားမိသတဲ့။
အဲ့ဒီ ကိုယ်သင်းနံ့က သူတို့နှာခေါင်းထဲမှာ စွဲနေပြီဆိုရင် အနံ့ရတာနဲ့ လူမလာသေးခင် သူတို့အနီးတစ်ဝှိက် မင်းရောက်နေပြီဆိုတာ ကြိုသိနေတယ်။ ယောက်ျားလေး တော်တော်များများ အနံ့သင်းတာကို ကြိုက်ပါတယ်။ အရမ်းပြင်းတဲ့ ရေမွှေးတွေ စွတ်ထားရင်တော့ သူတို့ခေါင်းမူးတယ်။ ကြိုက်ဘူး။😒

မိတ်ကပ်

Image result for natural makeup
သိကြတဲ့အတိုင်း မိတ်ကပ်ထူလပျစ်ကြီးတွေက သူတို့ရင်ကို ပူစေပါတယ်။ ကြည့်လိုက်ရင် မျက်နှာလေးရှင်းပြီး သူတို့ရင်ထဲ အေးချမ်းသွားမယ့် မိန်းကလေးမျိုးကို ပိုသတိထားမိကြတယ်။ 😉ဒါကြောင့် နည်းနည်းလေးအရောင်တောက် ခြယ်လိုက်ရင်ကောင်းမလား တွေးနေတဲ့ မမနဲ့ ညီမလေးများ အခြေအနေနဲ့ အချိန်ခါလိုက်ပြီး ပြင်တတ်၊ ဆင်တတ်ဖို့ပဲ လိုတာပါ။ မိတ်ကပ်တွေ ၊ အရောင်တွေ အရမ်းမသုံးမိပါစေနဲ့နော် ။

အသားရည်


အသားရည်က ဖြူဖြူ ၊ မည်းမည်း ၊ ညိုညို စိုပြေနေတာလေးဆို သူတို့လွယ်လွယ် သတိထားမိကြသတဲ့။ လူတိုင်း အကောင်းတော့ ကြိုက်တာပေါ့နော်။ 😀😀မျက်နှာလေး ဝင်းမွတ်ပြီး ပြောင်ချော်နေတာမျိုးဆိုလည်း သတိထားမိတတ်ကြပါတယ်။ ဝက်ခြံတွေ ၊ အဖုဖိမ့်တွေဆို ယောက်ျားလေးတွေအမြင်မှာ မင်းဟာ အရောင်မှိတ်နေတတ်ပါတယ်။ အရောင်စိုချင် အသားရည်လေးလည်း လှအောင်နေမှရပါမယ်။

ခြေထောက်


မိန်းကလေးတစ်ယောက်ရဲ့ ခြေတံသွယ်သွယ်လေးတွေက ယောက်ျားတိုင်းရဲ့အားနည်းချက်ပါပဲ။
ခြေတံသွယ်တဲ့ မိန်းကလေးတိုင်းကို သူတို့ အရမ်းသတိထားမိလွယ်ပါတယ်။ ခြေတံသွယ်သွယ်လေးကိုမှ စိုဝင်း ချောမွတ်နေတဲ့ ခြေတံလေးပေါ့။ 😍မိန်းကလေးဆိုတာလည်း သန့်ရှင်းနေမှဖြစ်မှာပါ။ ကိုယ့်ခြေထောက်လေးကြည့်လိုက်တိုင်း လှနေစေဖို့ သေချာသန့်စင် ထိန်းသိမ်းနိုင်ဖို့လည်း လိုပါတယ်။

လွတ်လပ်မှုရှိတဲ့ ဝတ်စားဆင်ယင်မှု


တစ်ချို့ မိန်းကလေးတွေ ကြည့်လိုက်ရင် လွတ်လပ်ပေါ့ပါးတယ်။ ဝတ်စားဆင်ယင်ထားတဲ့ ပုံစံလေးတွေကလည်း လွတ်လပ်မှုရှိတာကိုး။ လည်ပင်းကျယ်တဲ့ အကျီ င်္မျိုးတွေ ၊ လက်ပြတ်လေးတွေက ယောက်ျားလေးတွေ မျက်လုံးထဲ ပိုထင်းပါတယ်။ ပြီးတော့ အပေါ်နဲ့ အောက် စပ်ဆက်မှုရှိတဲ့ ဝတ်စားဆင်ယင်မှုမျိုးကို သူတို့နှစ်သက်ပါတယ်။

အကြောပြတ်ရာ


တကယ်လို့ မင်းမှာ အကြောပြတ်ရာရှိတယ်ဆိုရင် သင်စိတ်ပူစရာမလိုပါဘူး။ ဒီလိုအကြောပြတ်ရာကို မြင်လို့ သူစိတ်ထဲလည်း ဘာမှမဖြစ်ပါဘူး။ ဘာကြောင့် ဒီလိုအကြောပြတ်ရာ ဖြစ်နေလည်းဆိုတာကို သူတို့သေချာစဉ်းစားနေမှာမဟုတ်သလို ၊ ဒီအကြောပြတ်ရာက သူတို့အတွက် ပိုတောင်ကြည့်ကောင်းနေတတ်ပါတယ်။

ဆဲဆိုမှု
မိန်းကလေးတစ်ယောက်က ဆဲဆိုရင် အထင်သေးခံရမယ်လို့ လူကြီးတွေက ဆုံးမဖူးတယ်ဟုတ်။
ဆဲတယ် ဆိုတဲ့အရာက ကောင်းတော့မကောင်းပါဘူးလေ။ ဒါပေမယ့် ရုတ်တရက်ကြုံတွေ့လိုက်ရတဲ့အခြေအနေပေါ် တုံ့ပြန်လိုက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆဲသံကို သူတို့ သတိထားကြပါတယ်။ စကားပြောတိုင်း ”ေ-ာက် ” ကိုမချတော့တာမျိုးပြောတာမဟုတ်ဘူးနော်။ ပါးစပ်က အမှတ်မထင်ထွက်ကျလာတဲ့ ဆဲသံလေးကို ပြောတာပါ။

ဆေးလိပ်သောက်သူ


၈ဝရာခိုင်နှုန်းသော ယောက်ျားတွေက ဆေးလိပ်သောက်တဲ့ မိန်းကလေးကို မကြိုက်ဘူးတဲ့။ ဒါပေမယ့်တချို့ ယောက်ျားတွေက မိန်းကလေးတစ်ယောက် ဆေးလိပ်သောက်တာ မထူးဆန်းတဲ့ ကိစ္စတစ်ခု ၊လွပ်လပ်ပိုင်ခွင့် တစ်ခုလို့ပဲ သူတို့မြင်ပါတယ်။ ဆေးလိပ်သောက်တိုင်း သူမဟာ မကောင်းတဲ့ မိန်းမတစ်ယောက်လို့ သူတို့ မသတ်မှတ်ပါဘူး။ ကိုယ့်စိတ်နဲ့ ကိုယ့်ရွေးချယ်မှုပဲမို့ ဒီလိုပုံစံက သူတို့မျက်လုံးထဲပိုတောင် ဆွဲဆောင်မှုရှိနေတတ်ပါတယ်။

ပြောသွားတဲ့ tips လေးတွေထဲမှာ ဘယ်အချက်တွေနဲ့ မင်းမှာကိုက်ညီမှုရှိနေပြီလဲ.. တစ်ခုပဲဆိုရင်တောင်တစ်ယောက်လောက်တော့ မင်းကို သတိထားမိတဲ့သူရှိနေမှာပါ..

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.