ျပန္လွည္႔မျကည္႔ရတဲ႔အခ်စ္မ်ိဳးကိုေရြးခ်ယ္ပါ…🤞🤞

အခ်စ္ေရးဆိုတာျကီးကသိပ္ကိုရႈပ္ေထြးတဲ႔အရာျကီးဗ်…တစ္ခ်ိဳ႕လူေတြအတြက္ပူေလာင္တယ္ တစ္ခ်ိဳ႕ေတြအတြက္ျကေတာ႔နာက်င္ရတယ္၊ တစ္ခ်ိဳ႕ေတြအတြက္ျကေတာ႔သင္ခန္းစာေတြရျပီး၊ တစ္ခ်ိဳ႕အတြက္ကအလင္းေရာင္ေတြ ခြန္အားေတြျဖစ္ေစတယ္။ ဒီလိုပဲ အမ်ိဳးမ်ိဳးအဓိပၸါယ္ရွိေနတဲ႔ခ်စ္ျခင္းေမတၱာျကီးကို အလုပ္ရႈပ္ပါတယ္ဆုိျပီးဖယ္ထားလုိ႕ျပန္ကလည္းမရ စိတ္ထဲကေနသူ႕ဘာသာသူအလုိလုိေတြျဖစ္လာတာကို…ဆိုေတာ႔ကိုယ္႔ဆီေရာက္လာတဲ႔ အမ်ိဳးမ်ိဳးေသာ အဓိပၸါယ္ရွိတဲ႔အခ်စ္ေတြကို ေသခ်ာခြဲျခမ္းစိတ္ျဖာျပီးရင္ေတာ႔ ေနာက္ျပန္လွည္႔ျကည္႔စရာမလိုတဲ႔ အခ်စ္ေရးမ်ိဳးကိုသာေရြးခ်ယ္လိုက္ပါ။ ဘယ္လိုအခ်စ္မ်ိဳးကေနာက္ျပန္လွည္႔ျကည္႔စရာမလုိတဲ႔အရာမ်ိဳးလဲ??? ေမးခြန္းေတြ ရွိလာျကမွာပါ..သူန႕ဲရွိေနရင္ကို ကိုယ္႔ဘ၀ကလံုျခံဳေႏြးေထြးေနတာမ်ိဳး၊အခ်ိန္တိုင္းရင္ခုန္ေနတာမ်ိဳးမျဖစ္ရင္ေတာင္ ခဏေလာက္ေပြ႕ဖက္လုိက္တာနဲ႕ တစ္ေန႕တာပင္ပန္းထားသမ်ွဟာ ယူပစ္သလိုေအးခ်မ္းသြားတာမ်ိဳး၊ ကိုယ္႔ရဲ႕ဒုကၡေတြစိတ္ပင္ပန္းစရာေတြအားနည္းခ်က္ေတြကိုခ်ျပဖို႕လည္း၀န္မေလးတာမ်ိဳး၊ သူ႕ေရွ႕မွာရဲရဲ၀ံ့၀ံ့အမွားလုပ္ျပီးေတာင္းပန္ဖို႕၀န္မေလးတာမ်ိဳး၊ သင္နဲ႕သူရဲ႕အနာဂတ္ဟာအခက္ခဲေတြရွိေနရင္ေတာင္သူနဲ႕သာဆုိရင္သင္ေက်ာ္လႊားနုိင္မယ္လို႕ေကာင္းေကာင္းျကီးယံုျကည္ေနမိတာမ်ိဳး၊ ကိုယ္႔ေျကာင္႔ကိုယ္႔ထက္လွတဲ႔မိန္းမေတြကို ေရွာင္ကြင္းခဲ႔တာမ်ိဳး…အိုေကပါ…ဒါဆိုင္ေတာ႔ျဖင္႔ သင္႔ရဲ႕အခ်စ္ေရးက ေနာက္လွည္႕ျကည္႔စရာမလိုေလာက္ေအာင္ပဲ အဆင္ေျပသေလာက္ရွိေနပါျပီ။ လူ႕ဘ၀ျကီးထဲေနရတဲ႔အခ်ိန္ခဏေလးအတြင္းမွာစားဖုိ႕ေသာက္ဖို႕ ရုန္းကန္ျကိုးစားရတာတစ္မ်ိဳးတာ၀န္ေတြယူရတာကတစ္ဖံုနဲ႕ အနည္းနဲ႕မ်ားပင္ပန္းေနရတဲ႔အခ်ိန္မွာ အခ်စ္ေရးေျကာင္႔သင္႔စိတ္ကိုအျကာျကီးမညင္းစဲပါနဲ႕။ သိပ္ျပီးသဲသဲလႈပ္မခ်စ္ရင္ေတာင္ သင္႔အတြက္ေအးခ်မ္းေစမဲ႔ေနာက္လွည္႔မျကည္႔ရတဲ႔အခ်စ္ေရးမ်ိဳးကို သာေရြးခ်ယ္တန္ဖိုးထားတတ္ပါေစ…

Unicode

အချစ်ရေးဆိုတာကြီးကသိပ်ကိုရှုပ်ထွေးတဲ့အရာကြီးဗျ…တစ်ချို့လူတွေအတွက်ပူလောင်တယ် တစ်ချို့တွေအတွက်ကြတော့နာကျင်ရတယ်၊ တစ်ချို့တွေအတွက်ကြတော့သင်ခန်းစာတွေရပြီး၊ တစ်ချို့အတွက်ကအလင်းရောင်တွေ ခွန်အားတွေဖြစ်စေတယ်။ ဒီလိုပဲ အမျိုးမျိုးအဓိပ္ပါယ်ရှိနေတဲ့ချစ်ခြင်းမေတ္တာကြီးကို အလုပ်ရှုပ်ပါတယ်ဆိုပြီးဖယ်ထားလို့ပြန်ကလည်းမရ စိတ်ထဲကနေသူ့ဘာသာသူအလိုလိုတွေဖြစ်လာတာကို…ဆိုတော့ကိုယ့်ဆီရောက်လာတဲ့ အမျိုးမျိုးသော အဓိပ္ပါယ်ရှိတဲ့အချစ်တွေကို သေချာခွဲခြမ်းစိတ်ဖြာပြီးရင်တော့ နောက်ပြန်လှည့်ကြည့်စရာမလိုတဲ့ အချစ်ရေးမျိုးကိုသာရွေးချယ်လိုက်ပါ။ ဘယ်လိုအချစ်မျိုးကနောက်ပြန်လှည့်ကြည့်စရာမလိုတဲ့အရာမျိုးလဲ??? မေးခွန်းတွေ ရှိလာကြမှာပါ..သူနဲ့ရှိနေရင်ကို ကိုယ့်ဘဝကလုံခြုံနွေးထွေးနေတာမျိုး၊အချိန်တိုင်းရင်ခုန်နေတာမျိုးမဖြစ်ရင်တောင် ခဏလောက်ပွေ့ဖက်လိုက်တာနဲ့ တစ်နေ့တာပင်ပန်းထားသမျှဟာ ယူပစ်သလိုအေးချမ်းသွားတာမျိုး၊ ကိုယ့်ရဲ့ဒုက္ခတွေစိတ်ပင်ပန်းစရာတွေအားနည်းချက်တွေကိုချပြဖို့လည်းဝန်မလေးတာမျိုး၊ သူ့ရှေ့မှာရဲရဲဝံ့ဝံ့အမှားလုပ်ပြီးတောင်းပန်ဖို့ဝန်မလေးတာမျိုး၊ သင်နဲ့သူရဲ့အနာဂတ်ဟာအခက်ခဲတွေရှိနေရင်တောင်သူနဲ့သာဆိုရင်သင်ကျော်လွှားနိုင်မယ်လို့ကောင်းကောင်းကြီးယုံကြည်နေမိတာမျိုး၊ ကိုယ့်ကြောင့်ကိုယ့်ထက်လှတဲ့မိန်းမတွေကို ရှောင်ကွင်းခဲ့တာမျိုး…အိုကေပါ…ဒါဆိုင်တော့ဖြင့် သင့်ရဲ့အချစ်ရေးက နောက်လှည့်ကြည့်စရာမလိုလောက်အောင်ပဲ အဆင်ပြေသလောက်ရှိနေပါပြီ။ လူ့ဘဝကြီးထဲနေရတဲ့အချိန်ခဏလေးအတွင်းမှာစားဖို့သောက်ဖို့ ရုန်းကန်ကြိုးစားရတာတစ်မျိုးတာဝန်တွေယူရတာကတစ်ဖုံနဲ့ အနည်းနဲ့များပင်ပန်းနေရတဲ့အချိန်မှာ အချစ်ရေးကြောင့်သင့်စိတ်ကိုအကြာကြီးမညင်းစဲပါနဲ့။ သိပ်ပြီးသဲသဲလှုပ်မချစ်ရင်တောင် သင့်အတွက်အေးချမ်းစေမဲ့နောက်လှည့်မကြည့်ရတဲ့အချစ်ရေးမျိုးကို သာရွေးချယ်တန်ဖိုးထားတတ်ပါစေ…

811 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.