အသက္ ၂၀ေက်ာ္ေနျပီဆုိ ဒါေတြအတြက္ အခ်ိန္ျဖဳန္းမေနပါနဲ႔ေတာ့…🎀

တကယ္ေတာ့ အသက္ ၂၀ေက်ာ္ေနျပီဆုိတာ ရင့္က်က္သ့င္တဲ႔အတိုင္းအတာတစ္ခုအရြယ္ကုိေရာက္ေနျပီဆုိတဲ႔အဓိပၸာယ္ပါ။ဒီေတာ့ ျပန္စဥ္းစားၾကည့္ပါ။ကုိယ္ဘာေတြအတြက္အခ်ိန္ေပးျပီး ဘာေတြနဲ႔အခိ်န္ျဖဳန္းေနမိလဲဆုိတာ။တစ္ခါတစ္ေလ ကုိယ္တို႔က ကုိယ့္အတြက္အေရးမပါ၊အက်ိဳးမရွိတဲ႔ကိစၥအတြက္ အခ်ိန္ေတြေပး၊ေငြေတြေပးနဲ႔ကုန္ဆံုးတတ္ၾကတယ္ (ကုိယ္အပါအ၀င္ေပါ့)။ဒါေပမဲ႔ အဲ႔လုိသာ မလိုအပ္တဲ႔အရာေတြနဲ႔အခ်ိန္ေတြျဖဳန္းေနရင္ကုိယ္တို႔ဘ၀မွာေပ်ာ္စရာေတြအတြက္၊စိတ္ခ်မ္းသာၾကည္ႏူးစရာေတြ၊အက်ဳိးရွိမယ့္အရာေတြအတြက္ အခ်ိန္မေပးမိပဲေနပါလိမ့္မယ္ေနာ္။ဒါေၾကာင့္အခုေျပာမယ့္အေၾကာင္းအရာေတြနဲ႔ အခ်ိန္ျဖဳန္းေနမိတယ္ဆုိရင္ ဒီစာကုိဖတ္ျပီးတဲ႔အခ်ိန္ကစလုိ႔ ေျပာင္းလဲပါေတာ့လို႔ အၾကံေလးျပဳပါရေစ 🍀

*ဆုိရွယ္မီဒီယာက React နဲ႔ ကုိယ့္တန္ဖုိးကုိယ္ဆံုးျဖတ္ေနတာမိ်ဳး
ဆုိရွယ္မီဒီယာေပၚက Like အနည္းအမ်ားနဲ႔ ကုိယ့္ကုိတစ္ျခားသူေတြဘယ္လိုသတ္မွတ္လဲဆုိတာ ေတြးမိေနျပီလား?အဲ႔အေတြးကုိေဖ်ာက္လိုက္ပါေတာ့။ဆုိရွယ္မီဒီယာေပၚက React ေတြက လက္ေတြ႔ကုိယ့္ဘ၀မွာ ဘာမွလာလုပ္မေပးႏုိင္ပါဘူး။

*ကုိယ့္ကုိယ့္ကုိယ္ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ႏိႈင္းယွဥ္မိေနတာမ်ိဳး
ဘယ္သူကေတာ့့၀င္ေငြပိုရတယ္၊ဘယ္သူကေတာ့အလုပ္ေကာင္းေကာင္းရသြားျပီဆုိျပီး ကုိယ့္အေျခအေနနဲ႔လိုက္ျပီးႏိႈင္းယွဥ္ေနမိျပီလား? အေကာင္းဆံုးအရာေတြျဖစ္လာဖုိ႔ အခ်ိန္ေပးရတယ္ဆုိတာမေမ့ပါနဲ႔။ကုိယ့္ဘက္က ကုိယ္လိုခ်င္တဲ႔ေနရာ၊ကုိယ္လိုခ်င္တဲ႔အေနအထားတစ္ခုရဖုိ႔သာ အေကာင္းဆံုးၾကိဳးစားေနသင့္ပါတယ္။

*အထီးက်န္ရမွာေၾကာက္လုိ႔ ခ်စ္သူရည္းစားထားမိတာမ်ိဳး
ကုိယ္အခုတြဲေနတဲ႔သူကုိတကယ္မခ်စ္ဘူး။ဒါေပမဲ႔ တစ္ေယာက္တည္းျဖစ္ေနမွာကုိေၾကာက္တယ္။တစ္ေယာက္တည္းအထီးက်န္ရမွာကုိေၾကာက္တယ္။အဲ့ဒါေၾကာင့္ ကုိယ္မေပ်ာ္ေပမဲ႔ ကုိယ့္အနားမွာရွိတဲ႔သူကုိဆြဲထားတယ္။ဒါက တကယ္ေရာေပ်ာ္ရႊင္ေစရဲ႔လား?တကယ္ေရာ လံုျခံဳေစရဲ႔လား?ကုိယ္ေရြးခ်ယ္ထားတဲ႔အခ်စ္ေရးမွာ မေပ်ာ္ရႊင္ဘူးဆုိရင္ တစ္ေယာက္တည္းအထီးက်န္ရတာနဲ႔မျခားပါဘူး။အဲ႔ဒီအစား တစ္ေယာက္တည္းစိတ္ခ်မ္းသာတာေတြလုပ္ေနရတာကပုိေကာင္းပါတယ္။

*ကုိယ့္ေရြးခ်ယ္မႈကမွန္ရဲ႔လား ျပန္ေတြးမိေနတာမ်ိဳး
ကုိယ္ေရြးခ်ယ္လိုက္တဲ႔ဆံုးျဖတ္ခ်က္က မွန္ရဲ႔လားဆုိတာ ျပန္ျပီးသံုးသပ္ေနဖုိ႔မလိုအပ္ပါဘူး။အထူးသျဖင့္ တစ္ေယာက္ေယာက္ရဲ႔ဆုံးျဖတ္ခ်က္အတိုင္းမေရြးလိုက္မိလို႔ မွားသြားျပီလားဆုိျပီး ကိုုယ့္ေရြးခ်ယ္မႈကိုျပန္သံုးသပ္စရာမလိုပါဘူး။တကယ္ေတာ့ရွင္းရွင္းေလးပါ။ကုိယ္ ဒါလုပ္ခ်င္ရင္ လုပ္လိုက္၊မလုပ္ခ်င္ဘူးဆုိမလုပ္နဲ႔ေပါ့။ေရြးခ်ယ္ေနစရာေတာင္မလိုပါဘူး။သူမ်ားစိတ္နဲ႔အသက္ရွင္ေနတာမ်ိဳးမျဖစ္ပါေစနဲ႔။

*တစ္ျခားသူရဲ႔ အျမင္ေပၚမွာ ေနထုိင္ေနမိတာမ်ိဳး
တစ္ခါတစ္ေလ ကုိယ့္ကုိ လူညံ႔တစ္ေယာက္လုိ႔ထင္ေနမွာစုိးလုိ႔ ကုိယ္က စီးပြားေရး၊လူမႈေရး၊အခ်စ္ေရးစသျဖင့္ အဘက္ဘက္က သင့္တင့္ေနျပီဆုိတာသိေနတဲ႔သူတစ္ေယာက္ေယာက္ရွိေစခ်င္ၾကတယ္။ကုိယ္က လူညံ႔တစ္ေယာက္မဟုတ္ဘူးဆုိတာ တစ္ျခားလူေတြကုိသိေစခ်င္ၾကတယ္။တစ္ျခားသူရဲ႔အျမင္နဲ႔ကုိယ့္တန္ဖုိးကုိယ္ဆံုးျဖတ္ဖုိ႔မလိုအပ္ပါဘူးေနာ္။သင္က သင္ထင္ထားတာထက္ပုိျပီး ေကာင္းမြန္တဲ႔သူတစ္ေယာက္ပါ။ကုိယ့္ကုိယ့္ကုိယ္ခ်စ္ျပီး ကုိယ့္တန္ဖုိးကုိယ္ျမင္ေအာင္လုပ္ပါ။သင္ကုိယ္တုိင္ကလြဲျပီး သင့္တန္ဖုိးကုိဆံုးျဖတ္ေပးႏုိင္တဲ႔သူမရွိပါဘူး။

*ငယ္ေသးလုိ႔ အမွားလုပ္မိႏုိင္တယ္။ပတ္၀န္းက်င္နဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္မေနတတ္ေသးဘူးလုိ႔ တစ္ျခားသူေတြေျပာတာကုိ လက္ခံေနမိတာမ်ိဳး
တကယ္ေတာ့ အသက္ ၂၀ဆုိတာ ကုိယ့္စိတ္ထဲကဘာျဖစ္ခ်င္တယ္ဆုိတာသိျပီး ဘာကမွန္တယ္၊ဘာကမွားတယ္ဆုိတာသိေနျပီျဖစ္တဲ႔ အခ်ိန္ေကာင္းအရြယ္ေကာင္းပါ။ဒီေတာ့ တစ္ျခားသူေတြက ကုိယ္ကငယ္ေသးလုိ႔ဆုိတဲ႔အျမင္နဲ႔ေျပာၾကတာကုိ လက္မခံပါနဲ႔။သူက ငယ္ေသးတာကုိး။ဒါမ်ိဳးအမွားလုပ္မိတတ္ပါတယ္။ငယ္ေသးတာကုိး ဒီလုိမ်ိဳးဘယ္လုပ္ႏုိင္ပါဦးမလဲစသျဖင့္ေပါ့။အသက္အရြယ္ထက္ ကုိယ္လုပ္ႏုိင္တဲ႔အရည္အခ်င္း၊အစြမ္းအစက ပုိျပီးအေရးၾကီးတာမေမ့ပါနဲ႔ 💕

Unicode

တကယ်တော့ အသက် ၂ဝကျော်နေပြီဆိုတာ ရင့်ကျက်သ့င်တဲ့အတိုင်းအတာတစ်ခုအရွယ်ကိုရောက်နေပြီဆိုတဲ့အဓိပ္ပာယ်ပါ။ဒီတော့ ပြန်စဉ်းစားကြည့်ပါ။ကိုယ်ဘာတွေအတွက်အချိန်ပေးပြီး ဘာတွေနဲ့အချိန်ဖြုန်းနေမိလဲဆိုတာ။တစ်ခါတစ်လေ ကိုယ်တို့က ကိုယ့်အတွက်အရေးမပါ၊အကျိုးမရှိတဲ့ကိစ္စအတွက် အချိန်တွေပေး၊ငွေတွေပေးနဲ့ကုန်ဆုံးတတ်ကြတယ် (ကိုယ်အပါအဝင်ပေါ့)။ဒါပေမဲ့ အဲ့လိုသာ မလိုအပ်တဲ့အရာတွေနဲ့အချိန်တွေဖြုန်းနေရင်ကိုယ်တို့ဘဝမှာပျော်စရာတွေအတွက်၊စိတ်ချမ်းသာကြည်နူးစရာတွေ၊အကျိုးရှိမယ့်အရာတွေအတွက် အချိန်မပေးမိပဲနေပါလိမ့်မယ်နော်။ဒါကြောင့်အခုပြောမယ့်အကြောင်းအရာတွေနဲ့ အချိန်ဖြုန်းနေမိတယ်ဆိုရင် ဒီစာကိုဖတ်ပြီးတဲ့အချိန်ကစလို့ ပြောင်းလဲပါတော့လို့ အကြံလေးပြုပါရစေ 🍀

*ဆိုရှယ်မီဒီယာက React နဲ့ ကိုယ့်တန်ဖိုးကိုယ်ဆုံးဖြတ်နေတာမျိုး
ဆိုရှယ်မီဒီယာပေါ်က Like အနည်းအများနဲ့ ကိုယ့်ကိုတစ်ခြားသူတွေဘယ်လိုသတ်မှတ်လဲဆိုတာ တွေးမိနေပြီလား?အဲ့အတွေးကိုဖျောက်လိုက်ပါတော့။ဆိုရှယ်မီဒီယာပေါ်က React တွေက လက်တွေ့ကိုယ့်ဘဝမှာ ဘာမှလာလုပ်မပေးနိုင်ပါဘူး။

*ကိုယ့်ကိုယ့်ကိုယ် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့နှိုင်းယှဉ်မိနေတာမျိုး
ဘယ်သူကတော့့ဝင်ငွေပိုရတယ်၊ဘယ်သူကတော့အလုပ်ကောင်းကောင်းရသွားပြီဆိုပြီး ကိုယ့်အခြေအနေနဲ့လိုက်ပြီးနှိုင်းယှဉ်နေမိပြီလား? အကောင်းဆုံးအရာတွေဖြစ်လာဖို့ အချိန်ပေးရတယ်ဆိုတာမမေ့ပါနဲ့။ကိုယ့်ဘက်က ကိုယ်လိုချင်တဲ့နေရာ၊ကိုယ်လိုချင်တဲ့အနေအထားတစ်ခုရဖို့သာ အကောင်းဆုံးကြိုးစားနေသင့်ပါတယ်။

*အထီးကျန်ရမှာကြောက်လို့ ချစ်သူရည်းစားထားမိတာမျိုး
ကိုယ်အခုတွဲနေတဲ့သူကိုတကယ်မချစ်ဘူး။ဒါပေမဲ့ တစ်ယောက်တည်းဖြစ်နေမှာကိုကြောက်တယ်။တစ်ယောက်တည်းအထီးကျန်ရမှာကိုကြောက်တယ်။အဲ့ဒါကြောင့် ကိုယ်မပျော်ပေမဲ့ ကိုယ့်အနားမှာရှိတဲ့သူကိုဆွဲထားတယ်။ဒါက တကယ်ရောပျော်ရွှင်စေရဲ့လား?တကယ်ရော လုံခြုံစေရဲ့လား?ကိုယ်ရွေးချယ်ထားတဲ့အချစ်ရေးမှာ မပျော်ရွှင်ဘူးဆိုရင် တစ်ယောက်တည်းအထီးကျန်ရတာနဲ့မခြားပါဘူး။အဲ့ဒီအစား တစ်ယောက်တည်းစိတ်ချမ်းသာတာတွေလုပ်နေရတာကပိုကောင်းပါတယ်။

*ကိုယ့်ရွေးချယ်မှုကမှန်ရဲ့လား ပြန်တွေးမိနေတာမျိုး
ကိုယ်ရွေးချယ်လိုက်တဲ့ဆုံးဖြတ်ချက်က မှန်ရဲ့လားဆိုတာ ပြန်ပြီးသုံးသပ်နေဖို့မလိုအပ်ပါဘူး။အထူးသဖြင့် တစ်ယောက်ယောက်ရဲ့ဆုံးဖြတ်ချက်အတိုင်းမရွေးလိုက်မိလို့ မှားသွားပြီလားဆိုပြီး ကိုုယ့်ရွေးချယ်မှုကိုပြန်သုံးသပ်စရာမလိုပါဘူး။တကယ်တော့ရှင်းရှင်းလေးပါ။ကိုယ် ဒါလုပ်ချင်ရင် လုပ်လိုက်၊မလုပ်ချင်ဘူးဆိုမလုပ်နဲ့ပေါ့။ရွေးချယ်နေစရာတောင်မလိုပါဘူး။သူများစိတ်နဲ့အသက်ရှင်နေတာမျိုးမဖြစ်ပါစေနဲ့။

*တစ်ခြားသူရဲ့ အမြင်ပေါ်မှာ နေထိုင်နေမိတာမျိုး
တစ်ခါတစ်လေ ကိုယ့်ကို လူညံ့တစ်ယောက်လို့ထင်နေမှာစိုးလို့ ကိုယ်က စီးပွားရေး၊လူမှုရေး၊အချစ်ရေးစသဖြင့် အဘက်ဘက်က သင့်တင့်နေပြီဆိုတာသိနေတဲ့သူတစ်ယောက်ယောက်ရှိစေချင်ကြတယ်။ကိုယ်က လူညံ့တစ်ယောက်မဟုတ်ဘူးဆိုတာ တစ်ခြားလူတွေကိုသိစေချင်ကြတယ်။တစ်ခြားသူရဲ့အမြင်နဲ့ကိုယ့်တန်ဖိုးကိုယ်ဆုံးဖြတ်ဖို့မလိုအပ်ပါဘူးနော်။သင်က သင်ထင်ထားတာထက်ပိုပြီး ကောင်းမွန်တဲ့သူတစ်ယောက်ပါ။ကိုယ့်ကိုယ့်ကိုယ်ချစ်ပြီး ကိုယ့်တန်ဖိုးကိုယ်မြင်အောင်လုပ်ပါ။သင်ကိုယ်တိုင်ကလွဲပြီး သင့်တန်ဖိုးကိုဆုံးဖြတ်ပေးနိုင်တဲ့သူမရှိပါဘူး။

*ငယ်သေးလို့ အမှားလုပ်မိနိုင်တယ်။ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင်မနေတတ်သေးဘူးလို့ တစ်ခြားသူတွေပြောတာကို လက်ခံနေမိတာမျိုး
တကယ်တော့ အသက် ၂ဝဆိုတာ ကိုယ့်စိတ်ထဲကဘာဖြစ်ချင်တယ်ဆိုတာသိပြီး ဘာကမှန်တယ်၊ဘာကမှားတယ်ဆိုတာသိနေပြီဖြစ်တဲ့ အချိန်ကောင်းအရွယ်ကောင်းပါ။ဒီတော့ တစ်ခြားသူတွေက ကိုယ်ကငယ်သေးလို့ဆိုတဲ့အမြင်နဲ့ပြောကြတာကို လက်မခံပါနဲ့။သူက ငယ်သေးတာကိုး။ဒါမျိုးအမှားလုပ်မိတတ်ပါတယ်။ငယ်သေးတာကိုး ဒီလိုမျိုးဘယ်လုပ်နိုင်ပါဦးမလဲစသဖြင့်ပေါ့။အသက်အရွယ်ထက် ကိုယ်လုပ်နိုင်တဲ့အရည်အချင်း၊အစွမ်းအစက ပိုပြီးအရေးကြီးတာမမေ့ပါနဲ့ 💕

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.