ရုရှားသမ္မတ Vladimir Putin ဟာ အမျိုးသမီး punk အဖွဲ့ Pussy Riot ရဲ့ထောင်ဒဏ်ကျခံနေရတဲ့ အဖွဲ့ဝင်နှစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးမှာဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် Nadezhda Tolokonnikova နဲ့ Maria Alyokhina တို့ကို အင်္ဂါနေ့က သူ့ရဲ့နှစ်စဉ်သတင်းအစီရင်ခံစာမှာပြစ်တင်ဝေဖန်ခဲ့ပါတယ်။
“သူတို့ထောင်ကျလို့မဟုတ်ဘဲ အမျိုးသမီးတွေကို နှိမ့်ချတဲ့ဒီလို ဒေါသထွက်စရာ အမှုမျိုးကိုကျူးလွန်ခဲ့လို့ ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်” လို့ Putin ကပြောပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်ဖေဖေါ်ဝါရီလ Putin တတိယအကြိမ်မြောက် အာဏာရရှိခဲ့တဲ့ ရွေးကောက်ပွဲအတွက် လှုပ်ရှားမှုအတွင်း မော်စကိုမြို့ရဲ့ Christ the Savior ဘုရားကျောင်းကြီးမှာ Putin ဆန့်ကျင်ရေးသီချင်း “punk prayer” ကိုဖျော်ဖြေခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်နှစ်ကျခံနေရတာဖြစ်ပါတယ်။
သူတို့နှစ်ဦးကို အကြမ်းဖက်မှုမပါဝင်တဲ့ ရာဇ၀တ်မှုတွေကျူးလွန်ခဲ့တဲ့ အကျဉ်းသား ၂၅၀၀၀နဲ့အတူ ကလေးငယ်တွေရဲ့မိခင်အကျဉ်းသားတွေပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်မှာဖြစ်ပါတယ်။
Ref:billboard