သူမရဲ့Dancer မင်္ဂလာပွဲလေးမှာ သီဆိုဖျော်ဖြေနေရင်း အမှတ်တရလေးတွေဖန်တီးခဲ့တဲ့ IU

IU ရဲ့ Dancer နှစ်ယောက် မင်္ဂလာပွဲမှာ ” Good Day” ဆိုတဲ့ သီချင်းလေးကို ဂုဏ်ပြုတဲ့အနေနဲ့
သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

IU ကတော့ သူ့ရဲ့သီချင်းထဲမှာ စီးမြောရင်း လှုပ်ကာရမ်းကာ သီဆိုနေချိန် သတို့သားနဲ့ သတို့သမီးတို့ကလည်း Dancer တွေဖြစ်တဲ့အလျောက် သီချင်းသံကြားရင် အငြိမ်မနေနိုင်ပါဘူး။ သူတို့လည်း စီးချက်တွေထဲနစ်မြောပြီး ကခုန်ခဲ့ကြတဲ့ မင်္ဂလာပွဲလေးဟာ အမှတ်တရပါပဲ။

မင်္ဂလာပွဲ ဗီဒီယို clip လေးဟာ မထင်မှတ်ပဲ အွန်လိုင်းပေါ်မှာ နာမည်ကြီးသွားခဲ့တယ်။ IU ကလည်း ဒီစုံတွဲလေးအတွက် ဂုဏ်ပြုတဲ့ Post လေးကို သူမရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ပေးခဲ့ပါတယ်။

ဒါဟာ IU နဲ့ သူမရဲ့ dancers တွေကြားက ပုံမှန်တွေ့မြင်ရလေ့ရှိတဲ့ အရာတစ်ခုပဲဆိုတာ ပရိတ်သတ်တွေသိပေမယ့်လည်း ဒီလိုမင်္ဂလာပွဲလေးကို တွေ့လိုက်ရတော့ ကြည်နူးစရာကောင်းနေပြန်တယ်။ IU နဲ့ dancers တွေဟာ အမြဲတမ်း ရင်းနှီးနေကြတဲ့ သူငယ်ချင်းတွေလိုပါပဲ။

အသစ်ဆက်ဆက် ဇနီးမောင်နှံလေးအတွက် ပရိတ်သတ်များက ဂုဏ်ယူနေသလို IU နဲ့အတူ special performance တွေလုပ်ပြနိုင်ခဲ့တာတွေအတွက်လည်း ချီးကျုးနေကြပါတယ်။

IU ရဲ့ Good Day သီချင်းလေးပါ 😍

238 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.