Hawaii ကြ်န္းကုိ သူငယ္ခ်င္းႏွစ္ေယာက္အတူ ခရီးထြက္ၾကတယ္ဆုိပဲ…💕

Bromance ေတြထဲမွာသူတုိ႔ႏွစ္ေယာက္ခ်စ္တာကုိေတာ့ ဘယ္သူမွမမွီေလာက္ဘူးထင္ပါရဲ႔။ေတာင္ကုိရီးယားရဲ႔နာမည္ေက်ာ္အနုပညာရွင္မင္းသားႏွစ္လက္ျဖစ္တဲ႔ Lee Jong Suk နဲ႔ Kim Woo Bin တုိ႔သူငယ္ခ်င္းညီအစ္ကုိႏွစ္ေယာက္က Hawaii ကြ်န္းကုိခရီးထြက္ၾကသြားတယ္လုိ႔
မီဒီယာကေဖာ္ျပလာပါတယ္။

ပရိသတ္ေတြလည္းသိတဲ႔အတိုင္း Kim Woo Bin က က်န္းမာေရးအေနအထားေၾကာင့္ေဆးကုသမႈခံယူေနရတာျဖစ္ျပီး အခုလတ္တေလာမွာေတာ့သူ႔ရဲ႔က်န္းမာေရးက ျပန္လည္ေကာင္းမြန္တုိးတက္လာျပီဆုိတဲ႔အေၾကာင္းကုိသူနဲ႔ရင္းႏွီးသူသူငယ္ခ်င္းမိတ္ေဆြေတြကသတင္းေကာင္းေပးထားၾကပါတယ္။သူ႔ရဲ႔အရင္းႏွီးဆံုးသူငယ္ခ်င္းျဖစ္တဲ႔ Lee Jong Suk နဲ႔လည္း မၾကာခဏဆုိသလုိေတြ႔ျဖစ္ၾကလုိ႔ ညီအစ္ကုိေတြထက္ေတာင္ပုိျပီးရင္းႏွီးခ်စ္ခင္ၾကတယ္ဆုိတာ ျငင္းမရပါဘူး 😍ဒီၾသဂုတ္ ၁၀ရက္ေန႔ကေတာင္ Woo Bin ကုိ Jong Suk ရဲ ႔ ေကာ္ဖီဆုိင္မွာေတြ႔ခဲ႔ရျပီး ပရိသတ္ေတြက Kim Woo Bin က်န္းမာေနတာေတြ႔ရလုိ႔ ၀မ္းသာေနၾကပါေသးတယ္။

အခုလည္းသူတုိ႔ႏွစ္ေယာက္ Hawaii ကြ်န္းကုိခရီးထြက္သြားၾကတဲ႔အေၾကာင္းကုိ Lee Jong Suk ရဲ႔ေအဂ်င္စီက အတည္ျပဳထားပါတယ္။”Jong Suk က သူ႔ရဲ႔ လာမယ့္ ပရိသတ္ေတြ႔ဆံုပြဲအတြက္ ဗီဒီယုိေလးတစ္ခုရုိက္ဖုိ႔ ၾသဂုတ္လ ၂၂ရက္ေန႔က Hawaii ကြ်န္းကုိသြားခဲ႔ပါတယ္။Kim Woo Bin အတြက္လည္းဒီခရီးက သူ႔က်န္းမာေရးကုိပုိုျပီးအေထာက္အကူျဖစ္ေစလို႔ သူငယ္ခ်င္းႏွစ္ေယာက္အတူတူခရီးထြက္သြားၾကတာျဖစ္တယ္”လုိ႔ေျပာၾကားခဲ႔ပါတယ္။

Kim Woo Bin ရဲ႔ ေအဂ်င္စီကလည္း “Kim Woo Bin ရဲ ႔က်န္းမာေရးက အရမ္းတုိးတက္ေကာင္းမြန္လာပါျပီ။ဒါေပမဲ႔ အခုခ်ိန္ထိေတာ့ သူျပန္ျပီးရုပ္ရွင္ရုိက္ကူးဖုိ႔အစီအစဥ္မရွိေသးပါဘူး”လုိ႔ေျပာခဲ႔ပါတယ္။Kim Woo Bin နဲ႔ Lee Jong Suk ဟာ ေမာ္ဒယ္လ္စလုပ္ကတည္းက အတူတူျဖစ္ျပီး “School 2013” မွာပါ၀င္ေတာ့လည္း ႏွစ္ေယာက္အတူပါပဲ။အဲ႔ဒီကတည္းက အခုခ်ိန္ထိ ၆ႏွစ္နီးပါးၾကာရွည္ခဲ႔တဲ႔ သံေယာဇဥ္ေတြပါ။အရမ္းခ်စ္ၾကျပီး တတြဲတြဲျမင္ရလြန္းလုိ႔ သူတုိ႔ႏွစ္ေယာက္ဒိတ္ေနၾကတယ္လုိ႔ေတာင္သတင္းထြက္လာခဲ႔ပါေသးတယ္😂 ဒါေပမဲ႔ မဟုတ္ပါဘူးေနာ္ 🤭သူငယ္ခ်င္းႏွစ္ေယာက္ရဲ႔ပံုေလးေတြကုိ အလြမ္းေျပတင္ေပးလိုက္ပါတယ္ 💕

Unicode

Bromance တွေထဲမှာသူတို့နှစ်ယောက်ချစ်တာကိုတော့ ဘယ်သူမှမမှီလောက်ဘူးထင်ပါရဲ့။တောင်ကိုရီးယားရဲ့နာမည်ကျော်အနုပညာရှင်မင်းသားနှစ်လက်ဖြစ်တဲ့ Lee Jong Suk နဲ့ Kim Woo Bin တို့သူငယ်ချင်းညီအစ်ကိုနှစ်ယောက်က Hawaii ကျွန်းကိုခရီးထွက်ကြသွားတယ်လို့
မီဒီယာကဖော်ပြလာပါတယ်။

ပရိသတ်တွေလည်းသိတဲ့အတိုင်း Kim Woo Bin က ကျန်းမာရေးအနေအထားကြောင့်ဆေးကုသမှုခံယူနေရတာဖြစ်ပြီး အခုလတ်တလောမှာတော့သူ့ရဲ့ကျန်းမာရေးက ပြန်လည်ကောင်းမွန်တိုးတက်လာပြီဆိုတဲ့အကြောင်းကိုသူနဲ့ရင်းနှီးသူသူငယ်ချင်းမိတ်ဆွေတွေကသတင်းကောင်းပေးထားကြပါတယ်။သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Lee Jong Suk နဲ့လည်း မကြာခဏဆိုသလိုတွေ့ဖြစ်ကြလို့ ညီအစ်ကိုတွေထက်တောင်ပိုပြီးရင်းနှီးချစ်ခင်ကြတယ်ဆိုတာ ငြင်းမရပါဘူး ဒီသြဂုတ် ၁ဝရက်နေ့ကတောင် Woo Bin ကို Jong Suk ရဲ ့ ကော်ဖီဆိုင်မှာတွေ့ခဲ့ရပြီး ပရိသတ်တွေက Kim Woo Bin ကျန်းမာနေတာတွေ့ရလို့ ဝမ်းသာနေကြပါသေးတယ်။

အခုလည်းသူတို့နှစ်ယောက် Hawaii ကျွန်းကိုခရီးထွက်သွားကြတဲ့အကြောင်းကို Lee Jong Suk ရဲ့အေဂျင်စီက အတည်ပြုထားပါတယ်။”Jong Suk က သူ့ရဲ့ လာမယ့် ပရိသတ်တွေ့ဆုံပွဲအတွက် ဗီဒီယိုလေးတစ်ခုရိုက်ဖို့ သြဂုတ်လ ၂၂ရက်နေ့က Hawaii ကျွန်းကိုသွားခဲ့ပါတယ်။Kim Woo Bin အတွက်လည်းဒီခရီးက သူ့ကျန်းမာရေးကိုပိုုပြီးအထောက်အကူဖြစ်စေလို့ သူငယ်ချင်းနှစ်ယောက်အတူတူခရီးထွက်သွားကြတာဖြစ်တယ်”လို့ပြောကြားခဲ့ပါတယ်။

Kim Woo Bin ရဲ့ အေဂျင်စီကလည်း “Kim Woo Bin ရဲ ့ကျန်းမာရေးက အရမ်းတိုးတက်ကောင်းမွန်လာပါပြီ။ဒါပေမဲ့ အခုချိန်ထိတော့ သူပြန်ပြီးရုပ်ရှင်ရိုက်ကူးဖို့အစီအစဉ်မရှိသေးပါဘူး”လို့ပြောခဲ့ပါတယ်။Kim Woo Bin နဲ့ Lee Jong Suk ဟာ မော်ဒယ်လ်စလုပ်ကတည်းက အတူတူဖြစ်ပြီး “School 2013” မှာပါဝင်တော့လည်း နှစ်ယောက်အတူပါပဲ။အဲ့ဒီကတည်းက အခုချိန်ထိ ၆နှစ်နီးပါးကြာရှည်ခဲ့တဲ့ သံယောဇဉ်တွေပါ။အရမ်းချစ်ကြပြီး တတွဲတွဲမြင်ရလွန်းလို့ သူတို့နှစ်ယောက်ဒိတ်နေကြတယ်လို့တောင်သတင်းထွက်လာခဲ့ပါသေးတယ် ဒါပေမဲ့ မဟုတ်ပါဘူးနော် သူငယ်ချင်းနှစ်ယောက်ရဲ့ပုံလေးတွေကို အလွမ်းပြေတင်ပေးလိုက်ပါတယ်။

322 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.