မ်က္ရည္သုတ္ေပးမဲ႔သူမ်ိဳးထက္မ်က္ရည္က်ေစမဲ႔သူမ်ိဳးကိုမွဘာကိုပိုခ်စ္မိတတ္ျကတာလဲ….🙄

လူေတြကလည္းအဆန္းသာဗ်…ေတာ္ေတာ္မ်ားမ်ားေသာသူေတြကိုခ်စ္ေရးခ်စ္ရာနဲ႕ျခံဳငံုသံုးသပ္ျကည္႔မယ္ဆုိရင္ ကိုယ္႔အေပၚအရမ္းေတြေကာင္းေနတဲသူမ်ိဳးထက္ကိုယ္႔အေပၚမ်က္ရည္က်ေစတဲ႔သူမ်ိဳးကိုမွပိုျပီးခင္တြယ္မိတတ္တာမ်ိဳးပါ။ ကိုယ္တုိင္မခံစားဖူးရင္ေတာ႔ ခံစားေနတဲ႔သူေတြျကည္႔ျပီးေျပာမိလိမ္႔မယ္…ေနစမ္းပါဟာ နင္႔မွာေရြးစရာေတြအမ်ားျကီးပါဘာလုိ႕ကိုယ္႔အေပၚနာက်င္ေစတဲ႔သူကိုမွ တြယ္ကပ္ေနတာလဲ ရုန္းထြက္လိုက္စမ္းပါဆိုျပီး အင္နဲ႕အားနဲ႕အျကံေပးတတ္ျကပင္မဲ႔ ကိုယ္တုိင္ခံစားဖူးမွ ဘယ္ေလာက္ခက္ခဲလည္းဆုိတာ နားလည္ခံစားမိမွာပါ။ကၽြန္ေတာ္ထင္တယ္ …ဒီလုိကိုယ္႔အေပၚဆိုးတဲ႔သူကိုမွလူေတြကပိုခ်ုစ္မိတာမဟုတ္ပါဘူး..ခ်စ္မွန္းသိလို႕ဆိုးရင္းဆိုးရင္းနဲ႕ ဆိုးတဲ႔သူေတြကို ပိုခ်စ္သလုိျဖစ္သြားတတ္ျကတာပါ။ တကယ္ေတာ႔အခ်စ္မွာ အရမ္းဆိုးလုိ႕ခ်စ္တယ္အရမ္းလိမၼာေနလုိ႕ခ်စ္တယ္ဆိုတာမ်ိဳးေတြရယ္ထက္ ခ်စ္လို႕ကိုခ်စ္မိေနတာဆိုပိုမွန္ပါတယ္။ ဒီလုိကိုယ္႔အခ်စ္ေတြကို ထုတ္ျပလို႕ပိုပိုဆုိးျပတဲ႔သူ ပိုပိုနာက်င္ေစတဲ႔သူရွိသလို ကိုယ္႔အခ်စ္ေတြကိုနားလည္ျပီး ျပန္ျပီးအသိမွတ္ျပဳခ်စ္တတ္လာတဲ႔သူေတြလည္းရွိပါတယ္။ အဓိကကေတာ႔ ကိုယ္ခ်စ္သလိုကိုယ္႔အခ်စ္ကိုတန္ဖိုးထားျပီးလက္ခံနားလည္နိုင္ဖို႕ကအဓိကပါပဲ…ကိုယ္႔တန္ဖိုးကိုနားမလည္မခ်င္းကိုယ္႔ကိုယ္သူကိုယ္တိုင္ကိုကတကယ္မခ်စ္ျဖစ္သ၍ကေတာ႔ သင္႔အေပၚနာက်င္ေစေနအံုးမွာပါပဲ…
လူေတြကကိုယ္႔အေပၚနာက်င္ေစတဲ႔သူကိုပိုခ်စ္မိသြားတာမ်ိဳးမဟုတ္ပါဘူး ၊ ကိုယ္ကခ်စ္လြန္းလို႕သေလာက္အသိမွတ္မျပဳတဲ႔သူမ်ိဳးနဲ႕ေတြ႕လို႕ နာက်င္သြားရတာပါ။ ကိုယ္႔အေပၚတကယ္ခ်စ္တဲ႔သူက အရင္ကဘာျကီးပဲျဖစ္ခဲ႔ျဖစ္ခဲ႔သင္နာက်င္ခံစားရမွာကိုေတာ႔လိုလားမွမဟုတ္ျကပါဘူး…

Unicode

လူတွေကလည်းအဆန်းသာဗျ…တော်တော်များများသောသူတွေကိုချစ်ရေးချစ်ရာနဲ့ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ကိုယ့်အပေါ်အရမ်းတွေကောင်းနေတဲသူမျိုးထက်ကိုယ့်အပေါ်မျက်ရည်ကျစေတဲ့သူမျိုးကိုမှပိုပြီးခင်တွယ်မိတတ်တာမျိုးပါ။ ကိုယ်တိုင်မခံစားဖူးရင်တော့ ခံစားနေတဲ့သူတွေကြည့်ပြီးပြောမိလိမ့်မယ်…နေစမ်းပါဟာ နင့်မှာရွေးစရာတွေအများကြီးပါဘာလို့ကိုယ့်အပေါ်နာကျင်စေတဲ့သူကိုမှ တွယ်ကပ်နေတာလဲ ရုန်းထွက်လိုက်စမ်းပါဆိုပြီး အင်နဲ့အားနဲ့အကြံပေးတတ်ကြပင်မဲ့ ကိုယ်တိုင်ခံစားဖူးမှ ဘယ်လောက်ခက်ခဲလည်းဆိုတာ နားလည်ခံစားမိမှာပါ။ကျွန်တော်ထင်တယ် …ဒီလိုကိုယ့်အပေါ်ဆိုးတဲ့သူကိုမှလူတွေကပိုချုစ်မိတာမဟုတ်ပါဘူး..ချစ်မှန်းသိလို့ဆိုးရင်းဆိုးရင်းနဲ့ ဆိုးတဲ့သူတွေကို ပိုချစ်သလိုဖြစ်သွားတတ်ကြတာပါ။ တကယ်တော့အချစ်မှာ အရမ်းဆိုးလို့ချစ်တယ်အရမ်းလိမ္မာနေလို့ချစ်တယ်ဆိုတာမျိုးတွေရယ်ထက် ချစ်လို့ကိုချစ်မိနေတာဆိုပိုမှန်ပါတယ်။ ဒီလိုကိုယ့်အချစ်တွေကို ထုတ်ပြလို့ပိုပိုဆိုးပြတဲ့သူ ပိုပိုနာကျင်စေတဲ့သူရှိသလို ကိုယ့်အချစ်တွေကိုနားလည်ပြီး ပြန်ပြီးအသိမှတ်ပြုချစ်တတ်လာတဲ့သူတွေလည်းရှိပါတယ်။ အဓိကကတော့ ကိုယ်ချစ်သလိုကိုယ့်အချစ်ကိုတန်ဖိုးထားပြီးလက်ခံနားလည်နိုင်ဖို့ကအဓိကပါပဲ…ကိုယ့်တန်ဖိုးကိုနားမလည်မချင်းကိုယ့်ကိုယ်သူကိုယ်တိုင်ကိုကတကယ်မချစ်ဖြစ်သ၍ကတော့ သင့်အပေါ်နာကျင်စေနေအုံးမှာပါပဲ…
လူတွေကကိုယ့်အပေါ်နာကျင်စေတဲ့သူကိုပိုချစ်မိသွားတာမျိုးမဟုတ်ပါဘူး ၊ ကိုယ်ကချစ်လွန်းလို့သလောက်အသိမှတ်မပြုတဲ့သူမျိုးနဲ့တွေ့လို့ နာကျင်သွားရတာပါ။ ကိုယ့်အပေါ်တကယ်ချစ်တဲ့သူက အရင်ကဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့သင်နာကျင်ခံစားရမှာကိုတော့လိုလားမှမဟုတ်ကြပါဘူး…

736 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.