ARMY တွေသာမက ဒီနာမည်ကျော်အနုပညာရှင်တွေကလည်း BTS ကိုဂုဏ်ပြုအားပေးခဲ့…💕


Eric Nam



https://instagram.com/p/Bm4ogusBydQ/?utm_source=ig_embed&utm_campaign=embed_loading_state_control

Ed Sheeran


https://instagram.com/p/Bm3wjADFo66/?utm_source=ig_embed&utm_campaign=embed_loading_state_control

Epik High’s Tablo

Tiger JK

Unicode

တောင်ကိုရီးယားနိုင်ငံက နာမည်ကျော်ကေပေါ့ပ်အဖွဲ့ BTS ရဲ ့အယ်လ်ဘမ်အသစ်ထွက်ရှိလာတာကို ARMY တွေပဲစိတ်လှုပ်ရှားတာမဟုတ်ဘူးဆိုတာတွေ့လိုက်ရပါပြီ။

သြဂုတ်လ ၂၄ရက်နေ့က သူတို့ရဲ့အယ်လ်ဘမ်အသစ် “Love Yourself: Answer” ထွက်ရှိခဲ့ပါတယ်။အယ်လ်ဘမ်သစ်ထဲမှာအမေရိကန်ရက်ပ်ပါအဆိုတော် Nicki Minaj ပါဝင်သီဆိုပေးထားတဲ့သီချင်းကတော့ “Idol”ဆိုတဲ့သီချင်းပါပဲ။ဒီသီချင်းဗီဒီယိုဟာလည်း အတူတူထွက်ရှိခဲ့ပြီး
youtube မှာ ပရိသတ်ကြည့်ရှုမှုအများဆုံးစံချိန်ကို Taylor Swift ကိုကျော်ပြီး စံချိန်ချိုးနိုင်ခဲ့တယ်လို့သိရပါတယ်။

သူတို့ရဲ ့ARMY တွေဟာ ဒီအောင်မြင်မှုအတွက်ဝမ်းသာနေကြသလို ကမ္ဘာကျော်အနုပညာရှင်တွေကလည်း BTS ရဲ့ အောင်မြင်မှုအတွက်ဝမ်းသာကြောင်း၊အားပေးကြောင်းစာတွေ ဆိုရှယ်မီဒီယာပေါ်မှာရေးသားကြတာမြင်တွေ့လာရပါတယ်။ဘယ်သူတွေလဲဆိုတော့ Nicki Minaj အပါအဝင် Ed Sheeran ၊ Liam Payne ၊ Warren G ၊ Edwin Honoret ၊ Epik High’s Tablo ၊
Eric Nam ၊ Tiger JK ၊ Holland စတဲ့နာမည်ကျော်အနုပညာရှင်တွေက အင်စတာဂရမ်၊တွစ်စ်တာတွေမှာ ချီးကျူးအားပေးစကားတွေတသောသောရေးသားခဲ့ကြတာပဲဖြစ်ပါတယ်။

သြဂုတ် ၂၅ရက်နဲ့ ၂၆တုန်းက ဆိုးလ်မှာ ဖျော်ဖြေပွဲကျင်းပခဲ့ပြီး BTS က သူတို့ရဲ့ “Love Yourself” world tour ကို မကြာခင် ယူအက်စ်ရဲ ့Citi Field Stadiumမှာ ဖျော်ဖြေဖို့လည်းစီစဉ်ထားကြောင်းလည်းသိရပါတယ်။စက်တင်ဘာလထဲမှာကျင်းပဖျော်ဖြေဖို့စီစဉ်ထားပြီး BTS ဟာ United State မှာ ပထမဆုံးဖျော်ဖြေပွဲကျင်းပတဲ့ကိုရီးယားအနုပညာရှင်တွေပဲဖြစ်ပါတယ်။သူတို့ရဲ့ကြိုးစားအားထုတ်မှုရလဒ်ပါပဲ။ARMY တွေကတော့ အခုလိုအောင်မြင်မှုအတွက်အရမ်းတွေပျော်နေကြပြီဆိုတာသေချာပါတယ် 💕

95 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.