သင်တို့နှစ်ယောက်ဟာနှစ်ကိုယ့်တစ်စိတ်ဖြစ်နေပြီဆိုတာ…😊😊

(၅) ဗီဇချင်းတူလာတယ်

Unicode

သင်တို့ရဲ့အချစ်ရေးမှာသင်တို့နှစ်ယောက်ဟာ နှစ်ကိုယ့်တစ်စိတ်ဖြစ်နေပြီလား…နှစ်ကိုယ့်တစ်စိတ်ဆိုတဲ့ ချစ်စရာကောင်းတဲ့သဘောထားတူညီမှုတစ်ထပ်တည်းကျတဲ့လိုချင်တပ်မက်မှု၊ ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေက တစ်ထပ်တည်းကျနေတာမျိုးတွေဖြစ်နေကြပြီလားဆိုတာ ဘယ်လိုအချက်တွေကပြောပြနေတာဖြစ်မလဲ…
(၁) သင်နဲ့သူနစ်ယောက်လုံးအတူရှိနေချိန်မှာပျော်ရွှင်မှုတွေကထပ်တူကျတယ်
ပြောချင်တာကသူကပဲသင်နဲ့တွေ့ဖို့ပြောနေရတာမျိုးမဟုတ်ပဲသင်နဲ့သူနဲ့ရဲ့တွေ့ဆုံမှုတိုင်းဟာ များများစားစားဟိတ်ကြီးဟန်ကြီးတွေမပါရင်တောင် နှစ်ယောက်လုံးကတစ်ယောက်ကိုတစ်ယောက်တွေ့လိုက်ရင်အေးချမ်းပြီးပျော်ရွှင်နေတတ်ကြတာမျိုးပါ။
(၂) ပွင့်ပွင့်လင်းလင်းရှိတယ်
ကိစ္စသေးသေးလေးကအစမပြောပြရရင်ကို သစ္စာဖောက်သလိုခံစားမိနေပြီးစိတ်မလုံတာကြောင့်အချင်းအချင်းသိထားသင့်တဲ့ကိစ္စတွေကိုပွင့်ပွင့်လင်းလင်းရိုးရိုးသားသားပြောပြထားတတ်ကြတယ်။ ဒီအချက်ကြောင့်လည်းယုံကြည်မှုတွေခိုင်မြဲနိုင်ပါတယ်။
(၃) တစ်ယောက်မပြောပဲတစ်ယောက်နားလည်တယ်
ဒါကတော့ကြုံဖူးတဲ့သူတွေသာ နားလည်နိုင်မှာပါ။ ဒီလိုရှိတယ်ဗျတစ်ခါတစ်လေစိတ်အရမ်းနီးစပ်နေကြတဲ့အခါ တစ်ယောက်ပြုံးလိုက်ရင်တောင် ဒီအပြုံးကဘာကိုရည်ရွယ်ပြီးဘာကြောင့်
ပြုံးတယ်ဆိုတာကိုချက်ချင်းဆိုသလို သိသွားတာမျိုးပါပဲ။ တစ်ယောက်စိတ်ကိုတစ်ယောက်ဖတ်နိုင်ပြီးပါးစပ်ထဲကထွက်လာတဲ့စကားရဲ့အဓိပ္ပါယ်ကိုအလိုလိုနားလည်နေတာမျိုးပါ။
(၄) ရည်ရွယ်ချက်ခြင်းထပ်တူကျတယ်
ဘာလုပ်လုပ်သိပ်ညှိနေစရာမလိုပဲ ကိုယ်လုပ်ချင်တာလည်းသူဖြစ်နေတာဖြစ်သလို သူလုပ်ချင်တာလည်းကိုယ်ဖြစ်ချင်တာမျိုးဖြစ်နေတတ်တယ်။
(၅) ဗီဇချင်းတူလာတယ်
အစတည်းကတူတာကတစ်မျိုး ချစ်နေရင်းနဲ့တစ်ယောက်နဲ့တစ်ယောက်တူသွားကြတာမျိုးလည်းရှိပါတယ်။ ဘာမှန်းမသိပဲတစ်ခါတစ်လေနှစ်ယောက်လုံးအရမ်းပျင်းနေတတ်တဲ့အခါမျိုးလည်း
ရှိသလိုချက်ချင်းကြီးတူတူ အလုပ်တွေထကြိုးစားကြ၊ ဘဝရှေ့ရေးတွေထတိုင်ပင်ကြနဲ့အလုပ်များနေတတ်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။
ကဲ….သင်တို့တွေရော နှစ်ကိုယ့်တစ်စိတ်ဖြစ်နေကြပြီလား…😉😉😉

425 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.