သင့်အပေါ်ဘယ်လိုအချစ်မျိုးနဲ့ပဲဖြစ်ဖြစ်တစ်ထောင့်တစ်နေရာကချစ်တဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ….


Unicode

သင်တို့မိဘ မဟုတ်ပဲ သင့်အပေါ်မေတ္တာထားပြီးဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် လက်မလွှတ်ချင် ၊ မစွန့်ခွာခြင်းပဲ တွယ်ကပ်နေတဲ့ တောက်တတ်လိုလူမျိုးရှိနေပြီလား။
ရှိနေပြီဆိုရင်တော့သေချာပါတယ် သင်လူဖြစ်ရကျိုးနပ်ပါပြီ…တစ်ခုရှိတာက အဲ့လူကသင့်ချစ်သူဖြစ်နေမယ်ဆိုရင်ပေါ့ ဒီလိုမဟုတ်ပဲသင်မချစ်မနှစ်သက်တဲ့သူဆိုရင်တော့သင့်အတွက်စိတ်ရှုပ်စရာပါပဲ။ဒါပင်မဲ့ဒီလူအပေါ်သင်မေတ္တာသက်ဝင်သည်ပဲဖြစ်ဖြစ် မသက်ဝင်သည်ပဲဖြစ်ဖြစ်သူ့လောက်မချစ်နိုင်ရင်ပဲဖြစ်ဖြစ်ချစ်နိုင်ရင်ပဲဖြစ်ဖြစ်ဒါတွေအားလုံးထက်အရေးကြီးတာက သူ့ကိုကျေးဇူးတင်ဖို့ပါပဲ။ သင်ချစ်နေတဲ့သူဆိုရင်တော့ အထူးတလည်ပြောစရာမလိုပါဘူး။သင့်အပေါ်တွဲကပ်နေတယ်ဆိုကတည်းက မခွဲတမ်းကို လက်တွဲထားလိုက်ပါတော့။ ဒီလိုမဟုတ်လို့(သင်မချစ်တဲ့သူ) ဖြစ်နေတယ်ပဲထားအုံး သူ့အပေါ်အခွင့်ရေးမပေးချင်ရင်တောင် အသိမှတ်ပြုပြီးကျေးဇူးတော့တင်သင့်ပါတယ်။
ဘာဖြစ်လို့လဲလို့သင်မေးလာမယ်…အဖြေကရှင်းရှင်းလေးပါ..လောကကြီးမှာလူတွေ သန်းပေါင်းများစွာရှိတဲ့ကတည်းကမှ သင့်အပေါ်မေတ္တာတရားနဲ့ရှိနေတဲ့လူတစ်ယောက်ဆိုတာ တကယ်ကျေးဇူးတင်စရာပါ။ နောက်တစ်ခုကဒီလိုလူတစ်ယောက်ကိုယ့်မှာရှိနေတယ်ဆိုတဲ့အတွေးကတစ်ချိန်သင့်အနားဘယ်သူမှမရှိတော့တဲ့အခါ သင်တစ်ယောက်တည်းအထီးကျန်နေပြီးစိတ်ဓာတ်ကျနေတဲ့အခါ တစ်ထောင့်တစ်နေရာမှာတော့ငါကလူတစ်ယောက်အတွက် အသုံးဝင်တယ်ဆိုတဲ့အသိနဲ့သူနဲ့မပတ်သတ်ဖြစ်ရင်တောင်သင့်စိတ်ကိုခွန်အားဖြစ်စေတာအသေချာပါပဲ။ လူတိုင်းလူတိုင်းရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်အကောင်းမြင်တဲ့သူချစ်ခင်တဲ့သူများလာရင် (သို့) ရှိနေရင် အလိုလို Confident တွေရှိလာတတ်ကြတာပါ။ ဘာလုပ်လုပ်ယုံကြည်မှုအပြည့်အားမာန်အပြည့်နဲ့
ဖြစ်လာတတ်ကြတာမျိုးပါပဲ။ ဒါကြောင့် သင်သူတို့ကိုပြန်ချစ်ဖို့မဖြစ်နိုင်ရင်တောင်အတိုင်းတာတစ်ခုထိအသိမှတ်ပြုဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတဲ့ အဖြေက အပေါ်ကပြောခဲ့သလိုပါပဲ…တစ်ခါတစ်ရံသူတို့သင့်အပေါ်ချစ်နေတယ်ဆိုတဲ့စိတ်သင်တို့မှာရှိနေခြင်းဟာ ဒီလူနဲ့ပတ်သတ်ရမပတ်သတ်ရတာနဲ့မဆိုင်ပဲ စိတ်အားငယ်နေချိန်စိတ်ဓာတ်ကျနေချိန်မှာ ပြန်ရပ်တည်နိုင်တဲ့
ခွန်အားတစ်ခုဖြစ်လာစေပါတယ်…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.