ဖျော်ဖြေပွဲကို ခဏနားပြီး Pink ရဲ့အားပေးနှစ်သိမ့်မှုကို ရရှိခဲ့တဲ့ ကလေးမလေး 🧡

အဆိုတော် Pink ဟာ ကိုယ်တွေသိထားတာထက်တောင် သိပ်ကိုစိတ်ထားလှပသူတစ်ယောက်ဆိုတာကြာလေ မြင်လာလေပါပဲ။ feminist မှ သြဇာလွှမ်းနိုင်ဆုံး ၊ အတော်ဆုံး မိခင် ၊ သန်မာကြံခိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ပြီခဲ့တဲ့အပတ်က သြစတေးလျက Brisbane Entertainment Centre မှာ ဖျော်ဖြေနေစဉ် ပရိတ်သတ်တွေကြားထဲက ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကိုင်ထားတဲ့ sign တစ်ခုကို Pink သတိထားမိခဲ့တယ်။ ကလေးမလေး နာမည်က Leah Murphy လို့သိရပြီး မကြာသေးခင်ကမှ သူမအမေကို ဆုံးရှုံးထားရတယ်လို့ ပြောပါတယ်။ 💔

Image may contain: 2 people, people smiling, closeup

sgin သူမရေးထားတာက ” I lost my beautiful Mum last month. I would LOVE a hug … Please!” တဲ့။ Pink က ဒီsgin ကိုမြင်တာနဲ့ Murphy နဲ့ တွေ့ရအောင် ဖျော်ဖြေမှုကို မိနစ်ပိုင်းလောက်ခဏ break ခဲ့ပါတယ်။ စက္ကန့် ၂ဝလောက် သူမကိုဖက်ပေးထားပြီး ” မငိုပါနဲ့ ကလေးရယ်.. အားလုံးအဆင်ပြေသွားမှာပါ..”  ❤❤လို့ပြောပြီး သူမကိုဖက်ကာ ဆယ်လ်ဖီပုံလေးတွေလည်း ရိုက်ပေးခဲ့တယ်။

Image may contain: 1 person, closeup

တကယ့်ကို အံ့သြကြည်နူးစရာ အခိုက်တန့်လေးပါပဲ။ ဒီကလေးမလေးအနေနဲ့ မိခင်ကိုဆုံးရှုံးလိုက်ရပေမယ့် သဘောကျရတဲ့ အိုင်ဒေါဆီမှ နှစ်သိမ့်အားပေးမှုကို ရလိုက်တဲ့အခါ အများကြီးကြံကြံခိုင်ကာ ကျော်ဖြတ်နိုင်ဦးမယ်ထင်ပါတယ်။

Image may contain: 1 person, on stage and closeup

တစ်ယောက်ယောက်ရဲ့နာကျင်မှုကို နှစ်သိမ့်ပေးဖို့အတွက် ပွဲကြီးတစ်ခုလုံးကို ခဏရပ်လိုက်လို့ ဖြစ်လားလို့ မေးခွန်းထုတ်စရာတွေရှိလာပါတယ်။ ပွဲကြီးကို မရပ်တန့်နိုင်ပေမယ့် ဒီလိုအဓိပ္ပာယ်ရှိတဲ့ အခိုက်တန့်လေးတစ်ခုကိုတော့ ဖန်တီးနိုင်ပါတယ်။ ဒါကို Pink လုပ်နိုင်ခဲ့တယ်။ ပရိတ်သတ်တွေလည်း Pink အတွက် အရမ်းကို ဂုဏ်ယူမိနေပါတယ်။

Image may contain: 1 person

Image may contain: one or more people

352 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.