သားမက်လောင်းလေးကို ချီးမွမ်းမဆုံးဖြစ်နေတဲ့ Chopra ရဲ့မေမေ

အိန္ဒိယ ၊ Mumbai မှ ပြန်လာပြီဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra တို့ဟာ Malibu က
Nobu မှာ နှစ်ယောက်သားပျော်ရွှင်စွာ ဒိတ်လုပ်နေတာကိုတွေ့မြင်ခဲ့ရပါတယ်။

Priyanka Chopra, Nick Jonas

Chopra က ဂျင်းပြာရောင်high-waist လေးနဲ့ အပေါ်ကအနက်ရောင်တွဲဖက်ဝတ်ဆင်ထားကာ ၊ Nick ကတော့ အပေါ်က အပြာရောင် ရှပ်နဲ့ အညိုရောင်ဘောင်းဘီတို့ကို တွဲစပ်ဝတ်ဆင်ထားပါတယ်။

Image result for Nick Jonas and Priyanka Chopra

ပြီးခဲ့တဲ့ အပတ်က Chopra , Jonas နဲ့ သူ့တို့မိသားစု Mumbai မှာတွေ့ဆုံကြပြီး wedding အတွက် ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ family gathering ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ ”What an amazingday of celebration” လို့ Kevin Jonas Sr. က ရေးပြီးတင်ထားခဲ့ပါတယ်။

Image result for Nick Jonas and Priyanka Chopra

Jonas Sr. က သူတို့သားရဲ့ စေ့စပ်အမျိုးသမီးလေးကို နွေးထွေးစွာကြိုဆိုခဲ့ပြီး “into our family with love and excitement.” ဆိုပြီး ထပ်တင်ထားပါတယ်။ Chopra ရဲ့စေ့စပ်လက်စွပ်အလေးချိန်ဟာ ၄ကာရက်ရှိပြီး တန်ဖိုးကတော့ ဒေါ်လာ ၂သိန်းနီးပါးရှိပါတယ်။

Image result for Nick Jonas and Priyanka Chopra

Chopra ရဲ့မိဘတွေကလည်း Nickကို တော်တော်လေးသဘောကျခဲ့ပါတယ်။ ” တည်တည်ငြိမ်ငြိမ်နဲ့ရင့်ကျက်တယ်။ နေလည်းနေတတ်တယ်၊ လူကြီးတွေအပေါ်လည်း ယဉ်ကျေးတယ် ” လို့ Chopra ရဲ့မေမေက သားမက်လောင်းကို ချီးမွမ်းခန်းတွေ ဖွင့်နေပါပြီ။ မကြာမီမှာ ကြားရတော့မယ့် လက်ထပ်မင်္ဂလာသတင်းလေးကို ပရိတ်သတ်တွေကလည်း ရင်ခုန်စွာမျှော်လင့်စောင့်စားနေကြပါပြီ။

Image result for Nick Jonas and Priyanka Chopra

464 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.