ကိုယ့္ကုိလာႏြယ္ေနေပမဲ႔ သူ႔အရင္ခ်စ္သူကုိတကယ္မေမ့ေသးဘူးဆုိတာ ဒီအခ်က္ေတြက ျပေန…🙂

တစ္ခါတစ္ေလ အြန္လိုင္းမွာကုိယ့္ကုိလာျပီးစကားေျပာတယ္။ကုိယ္ကလည္းျပန္စကားေျပာရင္း သူကအသည္းကြဲေနတာ ဘာညာစသျဖင့္ ရင္လာဖြင့္တာမ်ိဳး၊တုိင္ပင္တာမ်ိဳးေတြၾကံဳဖူးၾကမွာပါ။ဒီလုိနဲ႔ အခိ်န္ေတြၾကာလာေတာ့ ကုိယ္ကသူ႔ကုိသံေယာဇဥ္ျဖစ္မိသြားတယ္။သူကလည္း ကုိယ့္အေပၚတြယ္တာလာတယ္။ဒီလုိတစ္ေယာက္အေပၚတစ္ေယာက္ခံစားခ်က္ေတြရွိေနျပီဆုိေပမဲ႔ သူတကယ္ သူ႔အရင္ခ်စ္သူကုိေမ့ႏုိင္ျပီလား?ကုိယ္နဲ႔တြဲေနတုန္းသူ႔အရင္ခ်စ္သူရည္းစားကုိမေမ့ႏုိင္လို႔ ျပန္သြားမလား?ဆုိျပီး မိန္းကေလးတုိင္းကစုိးရိမ္စိတ္ရွိၾကတာအမွန္ပါပဲ။ကိုယ္က သူ႔ကုိခ်စ္ေနရင္ေတာင္ သူအသည္းကြဲေနတဲ႔အခ်ိန္စိတ္ကစားမိတာမ်ိဳးဆုိ ကုိယ္ပဲေနာက္ဆံုးခံစားရမွာမွတ္လား။ဒီေတာ့ ကုိယ္နဲ႔မပတ္သက္ခင္ သူ႔အရင္တစ္ေယာက္ကုိတကယ္ေမ့ႏုိင္ျပီလား၊မေမ့ႏုိင္ေသးဘူးလားဆုိတာသိဖုိ႔လိုပါတယ္။အခုေျပာျပမယ့္အခ်က္ေတြကေတာ့ သူ႔အရင္တစ္ေယာက္နဲ႔သူနဲ႔ မျပီးျပတ္ေသးဘူး။သံေယာဇဥ္ေတြက်န္ေနေသးတယ္ဆုိတာ ျပေနတဲ႔အခ်က္ေတြပါပဲ…

*သူ႔အရင္ခ်စ္သူနဲ႔လမ္းခြဲျပီးတာ တစ္လေတာင္မျပည့္ေသးဘူး
အခ်စ္ဆုိတာ ပိတ္ခ်င္တိုင္းပိတ္၊ဖြင့္ခ်င္တုိင္းဖြင့္လို႔ရတဲ႔ခလုတ္မဟုတ္ပါဘူးေနာ္။တကယ္လုိ႔သူဟာ သူ႔ခ်စ္သူကုိတကယ္ခ်စ္ခဲ႔တယ္ဆုိရင္ လမ္းခြဲျပီးတစ္လမျပည့္ေသးခင္ ေနာက္တစ္ေယာက္ကုိ ခ်စ္တယ္မေျပာႏုိင္ပါဘူး။အသည္းကြဲတာကိုျပန္ျပီးကုစားဖုိ႔က အခ်ိန္္အေတာ္ၾကာသလို ေနာက္တစ္ေယာက္နဲ႔ျပန္စဖုိ႔ဆုိတာလည္း အခိ်န္ယူရပါေသးတယ္။ဒီေတာ့ တစ္လမျပည့္ေသးခင္ ကုိယ့္အေပၚခ်စ္စကားၾကိဳက္စကားလာေျပာတဲ႔အခါ  သူ႔ကုိအခ်ိန္ယူခုိင္းလုိက္ပါဦး။မဟုတ္ရင္ ကုိယ္ပဲ အသည္းကြဲရမွာပါ 🙄

*သူ႔ပံုစံကမတည္ျငိမ္ေသးဘူး
အသည္းကြဲျပီဆုိကတည္းက အဖီးလ္တစ္လိုင္းျဖစ္သြားပါျပီ။အသည္းကြဲတဲ႔ခံစားခ်က္ေတြတင္မယ္။သီခ်င္းေတြနားေထာင္မယ္။အတူသြားခဲ႔ဖူးတဲ႔ေနရာေတြတစ္ေယာက္တည္းထပ္သြားမယ္ စသျဖင့္ေပါ့။ဒီၾကားထဲမွာ အသည္းကြဲတာကုိကုသႏုိင္မလားဆုိျပီး ကုိယ္နဲ႔စကားေတြပံုမွန္ေျပာျဖစ္တယ္။ကုိယ့္အေပၚလည္း သံေယာဇဥ္ရွိတဲ႔အရိပ္အေယာင္ေတြျပမယ္။အဲ႔လိုျဖစ္ေနဆဲအခ်ိန္မွာပဲ သူက တစ္ခါတစ္ေလ လြမ္းတဲ႔အေၾကာင္းေတြ၊ဘယ္ေလာက္ခ်စ္ခဲ႔တယ္ဆုိတဲ႔အေၾကာင္းေတြ ရံဖန္ရံခါျပန္ေျပာေလ့ရွိတယ္။ဆုိရွယ္မီဒီယာမွာ တင္ေနမယ္ဆုိရင္ ဒါက သူေနာက္တစ္ၾကိမ္အခ်စ္ေရးကုိျပန္စဖုိ႔အဆင္သင့္မျဖစ္ေသးဘူးဆုိတာကုိျပေနတာပါပဲ။

*မၾကာခဏအဆက္အသြယ္ရွိတယ္
တကယ္ေတာ့ ျပတ္စဲသြားတဲ႔ခ်စ္သူနဲ႔သူငယ္ခ်င္းေတြအျဖစ္ဆက္ေနၾကတာ ထူးဆန္းတဲ႔အရာေတာ့မဟုတ္ပါဘူး။ဒါေပမဲ႔ သူက သင့္ကုိလည္း သံေယာဇဥ္ရွိေၾကာင္း၊မၾကာခင္ဖြင့္ေျပာျပေတာ့မယ့္အရိပ္အေယာင္ေတြရွိေနတယ္။အဲ႔ဒီၾကားထဲကမွ သူက သူ႔ရဲ႔အရင္ခ်စ္သူနဲ႔လည္း မၾကာခဏဆုိသလိုအဆက္အသြယ္ရွိေနတယ္။သူတုိ႔ရဲ႔အခ်စ္ေရးကုိ ျပန္ျပီးစေတာ့မလို၊လံုး၀ပဲအဆံုးသတ္ေတာ့မလို အခ်ိန္ကာလမွာ ကုိယ္က ေဘးထြက္ေနတာအေကာင္းဆံုးပါပဲ။သူ႔စိတ္ထဲမွာသူမနဲ႔ပတ္သက္တာေတြ ရွိေနေသးသေရြ႔ ေနာက္တစ္ေယာက္ကိုရင္ဘတ္ထဲထည့္ဖုိ႔ဆုိတာမျဖစ္ႏုိင္ပါဘူး။

*အရင္ခ်စ္သူနဲ႔ပတ္သက္လုိ႔ ကုိယ္သိသင့္တာထက္ပုိသိေနတာမ်ိဳး
ဒါကေတာ့ အခ်ိန္ကာလနဲ႔သက္ဆုိင္သြားပါျပီ။ျပတ္သြားတာလည္းတစ္လႏွစ္လမကေတာ့ဘူး။ဒါေပမဲ႔ ကုိယ္နဲ႔စကားေျပာတုိင္း မၾကာခဏဆုိသလိုသူ႔အရင္ခ်စ္သူနဲ႔အေၾကာင္းက ပါပါလာတယ္။သူ႔ခ်စ္သူက ဘယ္လုိဘာညာစသျဖင့္ ၁၀ခါစကားေျပာတဲ႔အခ်ိန္ ၈ခါေလာက္ပါေနျပီဆုိရင္ေတာ့ျဖင့္
သင့္ကုိ အခုစကားလာေျပာေနတဲ႔သူက သင္နဲ႔လည္းအခ်စ္သစ္ကုိစခ်င္တယ္ဆိုေပမဲ႔ တကယ္တမ္းက်ေတာ့သူ႔အရင္ခ်စ္သူကုိမေမ့ႏုိင္ေသးပါဘူး။သူ႔စိတ္ထဲမွာသူမက ရွိေနတုန္းပါ။

*မၾကာခဏဆုိသလို ဓာတ္ပံုေတြတင္ေလ့ရွိမယ္
သူငယ္ခ်င္းအေပါင္းအသင္းပံုေတြ၊မိသားစုပံုေတြတင္တာက အေၾကာင္းမဟုတ္ပါဘူး။ဒါေပမဲ႔ တစ္ေယာက္တည္းပံုေတြပဲ မၾကာခဏဆုိသလုိတင္ေနမယ္။အရင္ကမတင္ဖူးေပမဲ႔ လမ္းခြဲျပီးေနာက္ပုိင္း အလြမ္းအေဆြးပံုစံ ဆဲလ္ဖီပံုေတြမၾကာခဏတင္လာတယ္ဆုိရင္ေတာ့ ဒါက ပံုမွန္မဟုတ္ပါဘူး။
အထူးသျဖင့္ ႏွစ္ေယာက္လံုးက တကယ္ျပတ္သားသြားၾကျပီဆုိရင္ ဒီလိုလြမ္းေနတဲ႔စာေတြ၊ပံုေတြတင္မွာမဟုတ္ပါဘူး။ဒါက သူတစ္ေယာက္တည္းျဖစ္ေနဆဲ၊အရင္ခ်စ္သူကုိျပန္လာေစခ်င္တဲ႔ပံုစံမ်ိဳးသိေစခ်င္တာပါ။

ဒီေတာ့ ကုိယ္နဲ႔အခု သံေယာဇဥ္ရစ္တြယ္မိေတာ့မလိုျဖစ္ေနတဲ႔သူက ဒီလုိအခ်က္ေတြနဲ႔ကုိက္ညီေနတယ္ဆုိရင္ သူက  သူ႔အရင္ခ်စ္သူရဲ႔ကြန္ယက္ထဲက ရုန္းမထြက္ႏုိင္ေသးပါဘူးေနာ္။တကယ္လို႔ ကုိယ္ကလည္းသူ႔အေပၚတကယ္သံေယာဇဥ္ေနျပီဆုိရင္ေတာ့ ပုိျပီးေသခ်ာေအာင္ အခ်ိန္အနည္းငယ္ထပ္ျပီးယူသင့္ပါတယ္ 😉

Unicode

တစ်ခါတစ်လေ အွန်လိုင်းမှာကိုယ့်ကိုလာပြီးစကားပြောတယ်။ကိုယ်ကလည်းပြန်စကားပြောရင်း သူကအသည်းကွဲနေတာ ဘာညာစသဖြင့် ရင်လာဖွင့်တာမျိုး၊တိုင်ပင်တာမျိုးတွေကြုံဖူးကြမှာပါ။ဒီလိုနဲ့ အချိန်တွေကြာလာတော့ ကိုယ်ကသူ့ကိုသံယောဇဉ်ဖြစ်မိသွားတယ်။သူကလည်း ကိုယ့်အပေါ်တွယ်တာလာတယ်။ဒီလိုတစ်ယောက်အပေါ်တစ်ယောက်ခံစားချက်တွေရှိနေပြီဆိုပေမဲ့ သူတကယ် သူ့အရင်ချစ်သူကိုမေ့နိုင်ပြီလား?ကိုယ်နဲ့တွဲနေတုန်းသူ့အရင်ရည်းစားကိုမမေ့နိုင်လို့ ပြန်သွားမလား?ဆိုပြီး မိန်းကလေးတိုင်းကစိုးရိမ်စိတ်ရှိကြတာအမှန်ပါပဲ။ကိုယ်က သူ့ကိုချစ်နေရင်တောင် သူအသည်းကွဲနေတဲ့အချိန်စိတ်ကစားမိတာမျိုးဆို ကိုယ်ပဲနောက်ဆုံးခံစားရမှာမှတ်လား။ဒီတော့ ကိုယ်နဲ့မပတ်သက်ခင် သူ့အရင်ရည်းစားကိုတကယ်မေ့နိုင်ပြီလား၊မမေ့နိုင်သေးဘူးလားဆိုတာသိဖို့လိုပါတယ်။အခုပြောပြမယ့်အချက်တွေကတော့ သူ့အရင်ရည်းစားနဲ့သူနဲ့ မပြီးပြတ်သေးဘူး။သံယောဇဉ်တွေကျန်နေသေးတယ်ဆိုတာ ပြနေတဲ့အချက်တွေပါပဲ…

*သူ့အရင်ချစ်သူနဲ့လမ်းခွဲပြီးတာ တစ်လတောင်မပြည့်သေးဘူး
အချစ်ဆိုတာ ပိတ်ချင်တိုင်းပိတ်၊ဖွင့်ချင်တိုင်းဖွင့်လို့ရတဲ့ခလုတ်မဟုတ်ပါဘူးနော်။တကယ်လို့သူဟာ သူ့ချစ်သူကိုတကယ်ချစ်ခဲ့တယ်ဆိုရင် လမ်းခွဲပြီးတစ်လမပြည့်သေးခင် နောက်တစ်ယောက်ကို ချစ်တယ်မပြောနိုင်ပါဘူး။အသည်းကွဲတာကိုပြန်ပြီးကုစားဖို့က အချိန််အတော်ကြာသလို နောက်တစ်ယောက်နဲ့ပြန်စဖို့ဆိုတာလည်း အချိန်ယူရပါသေးတယ်။ဒီတော့ တစ်လမပြည့်သေးခင် ကိုယ့်အပေါ်ချစ်စကားကြိုက်စကားလာပြောတဲ့အခါ  သူ့ကိုအချိန်ယူခိုင်းလိုက်ပါဦး။မဟုတ်ရင် ကိုယ်ပဲ အသည်းကွဲရမှာပါ 🙄

*သူ့ပုံစံကမတည်ငြိမ်သေးဘူး
အသည်းကွဲပြီဆိုကတည်းက အဖီးလ်တစ်လိုင်းဖြစ်သွားပါပြီ။အသည်းကွဲတဲ့ခံစားချက်တွေတင်မယ်။သီချင်းတွေနားထောင်မယ်။အတူသွားခဲ့ဖူးတဲ့နေရာတွေတစ်ယောက်တည်းထပ်သွားမယ် စသဖြင့်ပေါ့။ဒီကြားထဲမှာ အသည်းကွဲတာကိုကုသနိုင်မလားဆိုပြီး ကိုယ်နဲ့စကားတွေပုံမှန်ပြောဖြစ်တယ်။ကိုယ့်အပေါ်လည်း သံယောဇဉ်ရှိတဲ့အရိပ်အယောင်တွေပြမယ်။အဲ့လိုဖြစ်နေဆဲအချိန်မှာပဲ သူက တစ်ခါတစ်လေ လွမ်းတဲ့အကြောင်းတွေ၊ဘယ်လောက်ချစ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေ ရံဖန်ရံခါပြန်ပြောလေ့ရှိတယ်။ဆိုရှယ်မီဒီယာမှာ တင်နေမယ်ဆိုရင် ဒါက သူနောက်တစ်ကြိမ်အချစ်ရေးကိုပြန်စဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတာကိုပြနေတာပါပဲ။

*မကြာခဏအဆက်အသွယ်ရှိတယ်
တကယ်တော့ ပြတ်စဲသွားတဲ့ချစ်သူနဲ့သူငယ်ချင်းတွေအဖြစ်ဆက်နေကြတာ ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ဒါပေမဲ့ သူက သင့်ကိုလည်း သံယောဇဉ်ရှိကြောင်း၊မကြာခင်ဖွင့်ပြောပြတော့မယ့်အရိပ်အယောင်တွေရှိနေတယ်။အဲ့ဒီကြားထဲကမှ သူက သူ့ရဲ့အရင်ချစ်သူနဲ့လည်း မကြာခဏဆိုသလိုအဆက်အသွယ်ရှိနေတယ်။သူတို့ရဲ့အချစ်ရေးကို ပြန်ပြီးစတော့မလို၊လုံးဝပဲအဆုံးသတ်တော့မလို အချိန်ကာလမှာ ကိုယ်က ဘေးထွက်နေတာအကောင်းဆုံးပါပဲ။သူ့စိတ်ထဲမှာသူမနဲ့ပတ်သက်တာတွေ ရှိနေသေးသရွေ့ နောက်တစ်ယောက်ကိုရင်ဘတ်ထဲထည့်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

*အရင်ချစ်သူနဲ့ပတ်သက်လို့ ကိုယ်သိသင့်တာထက်ပိုသိနေတာမျိုး
ဒါကတော့ အချိန်ကာလနဲ့သက်ဆိုင်သွားပါပြီ။ပြတ်သွားတာလည်းတစ်လနှစ်လမကတော့ဘူး။ဒါပေမဲ့ ကိုယ်နဲ့စကားပြောတိုင်း မကြာခဏဆိုသလိုသူ့အရင်ချစ်သူနဲ့အကြောင်းက ပါပါလာတယ်။သူ့ချစ်သူက ဘယ်လိုဘာညာစသဖြင့် ၁ဝခါစကားပြောတဲ့အချိန် ၈ခါလောက်ပါနေပြီဆိုရင်တော့ဖြင့်
သင့်ကို အခုစကားလာပြောနေတဲ့သူက သင်နဲ့လည်းအချစ်သစ်ကိုစချင်တယ်ဆိုပေမဲ့ တကယ်တမ်းကျတော့သူ့အရင်ချစ်သူကိုမမေ့နိုင်သေးပါဘူး။သူ့စိတ်ထဲမှာသူမက ရှိနေတုန်းပါ။

*မကြာခဏဆိုသလို ဓာတ်ပုံတွေတင်လေ့ရှိမယ်
သူငယ်ချင်းအပေါင်းအသင်းပုံတွေ၊မိသားစုပုံတွေတင်တာက အကြောင်းမဟုတ်ပါဘူး။ဒါပေမဲ့ တစ်ယောက်တည်းပုံတွေပဲ မကြာခဏဆိုသလိုတင်နေမယ်။အရင်ကမတင်ဖူးပေမဲ့ လမ်းခွဲပြီးနောက်ပိုင်း အလွမ်းအဆွေးပုံစံ ဆဲလ်ဖီပုံတွေမကြာခဏတင်လာတယ်ဆိုရင်တော့ ဒါက ပုံမှန်မဟုတ်ပါဘူး။
အထူးသဖြင့် နှစ်ယောက်လုံးက တကယ်ပြတ်သားသွားကြပြီဆိုရင် ဒီလိုလွမ်းနေတဲ့စာတွေ၊ပုံတွေတင်မှာမဟုတ်ပါဘူး။ဒါက သူတစ်ယောက်တည်းဖြစ်နေဆဲ၊အရင်ချစ်သူကိုပြန်လာစေချင်တဲ့ပုံစံမျိုးသိစေချင်တာပါ။

ဒီတော့ ကိုယ်နဲ့အခု သံယောဇဉ်ရစ်တွယ်မိတော့မလိုဖြစ်နေတဲ့သူက ဒီလိုအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင် သူက  သူ့အရင်ချစ်သူရဲ့ကွန်ယက်ထဲက ရုန်းမထွက်နိုင်သေးပါဘူးနော်။တကယ်လို့ ကိုယ်ကလည်းသူ့အပေါ်တကယ်သံယောဇဉ်နေပြီဆိုရင်တော့ ပိုပြီးသေချာအောင် အချိန်အနည်းငယ်ထပ်ပြီးယူသင့်ပါတယ် 😉

 

706 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.