ဇနီးသည်အပေါ် ဘယ်လောက်ချစ်ကြောင်း ပြောပြလာတဲ့ Song Joong Ki

Songsong တို့ကတော့ လက်ထပ်ပြီးလည်း ရိုလို့မဝနိုင်သေးဘူးတဲ့..😍

 

မကြာသေးခင်က Esquire Magazine နဲ့ Photo Shoot ရိုက်ကူးနေတဲ့ Song Joong Ki ဟာ သူ့ရဲ့မိန်းမအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ပြောပြလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ လက်ထပ်ခဲ့ကြတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ဟာ ၂ဝ၁၇ခုနှစ်ရဲ့ အလိုက်ဖက်ဆုံး စုံတွဲအဖြစ် ထင်ရှားခဲ့သလို အခုထိလည်း သူတို့နှစ်ယောက်ကို တွဲမြင်နေရရင် ကြည်နူးစရာကို ကောင်းနေပါတယ်။

Related image

” အရင်တုန်းက အသိတစ်ယောက်ပြောဖူးတယ်.. မိန်းမတစ်ယောက်ကို တစ်သက်လုံးချစ်သွားနိုင်ဖို့ဆိုတာ ဘုရားက ပေးတဲ့ဆုလာဘ်ပဲတဲ့။ ကိုယ့်မိန်းကလေးကို သစ္စာရှိရှိချစ်သွားနိုင်တာဟာ ယောက်ျားတစ်ယောက်အတွက် အကောင်းဆုံးလုပ်ရပ်တစ်ခုလို့ ကျွန်တော်လည်းယုံကြည်တယ်။💖💖

Related image

မိန်းကလေးတစ်ယောက်ကို မပြောင်းလဲပဲချစ်သွားနိုင်တဲ့ စိတ်ဟာ လောကမှာအလှပဆုံးလို့
ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ ရုတ်တရက်လက်ထပ်လိုက်ကြပေမယ့် ဒိတ်တဲ့အဆင့်မရှိခဲ့ဘူးလို့ မထင်မှတ်စေချင်ပါဘူး။ အခုချိန်ထိ ကျွန်တော်တို့ ဒိတ်နေသလို ခံစားနေရတယ်.. ရန်ခုန်နေတုန်းပဲ” လို့ Song Joong Ki က ပြုံးပြုံးလေး ပြန်ဖြေသွားပါတယ်။ 😍😍

Image result for Song Joong Ki and Song Hye Kyo

” ရိုးရိုးသားသားပြောရရင် ကျွန်တော့်ဇနီးက အရမ်းလှတယ် ” …. ကဲ ဒီအပြောလေးတွေကြောင့် Song Hye Kyo မကြွေပဲ နေပါတော့မလား။ အချစ်မှာ ဒီလိုစကားလေးတွေကလည်း နှစ်ယောက်သားဆက်ဆံရေးကို နွေးထွေးစေတယ်ဆိုတာ SongSong တို့က သက်သေပြသွားပါပြီ။😉 Song Joong Ki ရဲ့ အင်တာဗျုးအပြည့်စုံနဲ့ photo shoot တွေကတော့ စက်တင်ဘာလထဲမှာတွေ့ရှိလာတော့မှာ ဖြစ်ပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.