အသက် ၂၅နှစ်ကျော်သွားလည်း လှပကြော့ရှင်းစွာ နေနိုင်ဖို့ လျှို့ ဝှက်ချက်လေးတွေ

မိန်းကလေးဆိုတာ အသက်၂ဝကျော်ချိန်က အလှဆုံးချိန်ပဲတဲ့။ အသက် ၂ဝကျော်ပြီး ၃ဝကျော် ၊ ၄ဝထဲဝင်သွားလည်း နုပျိုအောင် ထိန်းသိမ်းထားနိုင်တာဆိုတာ နည်းလမ်းလေးတွေ သိရင်အလွယ်လေးပါနော်။ ကိုယ်တိုင်ကလည်း နေထိုင်မှုစနစ်ကို ပြောင်းလဲလိုက်မယ်ဆိုရင် ဘာကြောင့်များ လှပအောင် မနေနိုင်ရမှာလဲ ။ ကဲ.. အသက် ၂၅နှစ်ကျော်သည်တိုင် နုပျိုလှပနေမယ့် လျှို့ ဝှက်ချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

ခြောက်သွေ့အောင် မနေပါနဲ့..


အသားရည်ဟာ အမြဲတမ်းအစိုဓာတ်ပြည့်ဝဖို့ အရေးကြီးပါတယ်။ ရေသောက်ဖို့ သတိရတိုင်း အမြဲတမ်း ဘေးနားမှာ ရေဘူးဆောင်ထားပြီး သောက်ပေးပါ။ အလုပ်တွေအရမ်းများနေရင် ကိုယ့်အသားရည်ကိုထိန်းသိမ်းဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဆိုင်သွားပြီး skin care ကိုကောင်းကောင်း ဂရုမစိုက်နိုင်ဘူးဆိုရင် တစ်နေ့ကို ရေများနိုင်သလောက် များများသာသောက်ပေးပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်များများ ပြည့်ဝနေမှ ကြည့်လိုက်တာနဲ့ စိုအိဝင်းဝါနေတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်မှာပါ။

နေရောင်ခြည်နဲ့ ဝေးဝေးမှာနေ


အသားရည်ကို နေရောင်ခြည်မထိအောင် အတတ်နိုင်ဆုံးနေပါ။ နေရောင်ခြည်ထိပါများရင် အသားရည် အပေါ်ယံလွှာတွေ ပျက်စီးပြီး မျက်နှာကိုညှိုးနွမ်းစေပါတယ်။ မဖြစ်မနေ နေရောင်ခြည်ထိတွေ့ရမယ်ဆိုရင် sunscreen ကောင်းကောင်းသုံးပေးဖို့ မမေ့ပါနဲ့။

အကျင့်ဆိုးတွေ စွန့်လွှတ်


အကျင့်ဆိုးဟာ မကောင်းမှန်းသိရင် ပြင်သင့်တယ်ဆိုတာ သိတယ်မလား။ တစ်ခါတစ်လေ အပြင်ကပြန်လာရင် ပျင်းပြီး မျက်နှာမသစ်ပဲ အိပ်လိုက်တာမျိုးပေါ့။ ပျင်းတဲ့အကျင့်ဆိုးက သင့်ရဲ့အသားရည်ကိုထိခိုက်စေပါတယ်။ ပစ္စည်းကောင်းတွေဝယ်ထားပြီး ထလိမ်းရမှာပျင်းလို့ဆိုပြီး မသုံးရင် အလှပျက်မှာက မိမိတို့ပါပဲ။ ဒါကြောင့် အမြဲတမ်း လန်းဆန်းတက်ကြွနေအောင်နေပါ။ အိမ်ပြန်ရောက်ရင် ချက်ချင်းမျက်နှာကို သေချာဆေးကြော သန့်စင်ပြီးရင် အသားရည်အတွက်လိုအပ်တဲ့ တိုနာ ၊ လိုးရှင်းရည် စသဖြင့် နှစ်သက်ရာ စွဲမြဲအောင်လိမ်းပေးဖို့ မမေ့ပါနဲ့။

ပြုံးပါ


မိန်မသားတို့အတွက် အကောင်းဆုံး မိတ်ကပ်ကတော့ ပြုံးခြင်းပါပဲ။ မိတ်ကပ်တွေ ဘယ်လောက်လိမ်းလိမ်း မျက်နှာမှာ နှစ်လိုဖွယ်အပြုံးတွေ မရှိရင် ဘယ်လိုမှကြည့်မကောင်းပါဘူး။ မြင်လိုက်တိုင်း မျက်နှာလေးကချိုပြီး တက်ကြွလန်းဆန်းနေရင် အလိုလိုကို နုပျိုနေပါတယ်။ ဒါကြောင့် ပြုံးပါ။ များများ ပြုံးကြပါ။ မိတ်ကပ်မလိမ်းလည်း မင်းရဲ့အလှတစ်ဝက်က ပေါ်လွင်နေပြီဆိုတာ ရဲရဲကြီး အာမခံပါတယ်။

ဘ၀နေထိုင်မှု


ကျန်းမာလှပတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကလည်း စမတ်ကျနေဖို့ လိုပါတယ်။
သူ့အချိန်နဲ့ သူ စား၊ လေ့ကျင့်ခန်းလုပ် ၊ စာဖတ် စသဖြင့် သတ်မှတ်ထားသင့်ပါတယ်။ တစ်နေ့တာ
အချိန်တွေက ဘာလုပ်မယ် ၊ ညာလုပ်မယ်ဆိုပြီး သေချာကန့်သတ်ထားလေမှ အခြားအရေးကြီးကိစ္စတွေပေါ်လာရင်လည်း အလျင်မလိုတော့မှာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်လေးမွေးထားနော်။ ဒါက သင့်ကိုစိတ်ဖိစီးမှုနည်းစေမှာပါ။ တစ်နေ့တာဖြတ်သန်းမှုမှာ စိတ်အနှောင့်ယှက်ဖြစ်စရာမရှိရင် မျက်နှာလေးလည်း ပွင့်လန်းနေတဲ့အခါ စိတ်လည်းကြည်တော့ နုပျိုလန်းဆန်း တက်ကြွတဲ့အလှကို ပိုင်ဆိုင်နိုင်ပြီလေ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.