ရင်သားပျော့တွဲကျခြင်းမှ လွတ်မြောက်နိုင်ဖို့💪

တင်းရင်းလာစေမှာပါ။

Unicode

မိန်းကလေးတိုင်းက သူတို့ရဲ့ရင်သားတွေကို အမြဲတင်းရင်းကျစ်လျစ်လှပချင်ကြမှာပါ။ အမျိုးမျိုးသော မတူညီတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကြောင့်ရင်သားပျော့တွဲတာမျိုး၊ ရင်ဘတ်အောက်ကျတာမျိုး တွေဆီကလွတ်မြောက်စေဖို့ ဘယ်လိုအချက်လက်လေးတွေကိုသိထားသင့်သလဲဆိုတာ…
(၁) အတွင်းခံကိုရွေးချယ်ဝတ်ဆင်တတ်ပါစေ
အထူးသဖြင့်ကိုယ့်ရင်သားထက်ကြီးလွန်းတဲ့အတွင်းခံမျိုးကိုလုံရင်ပြီးတာပဲဆိုတဲ့စိတ်နဲ့မဝတ်ပါနဲ့။ ကိုယ့်ရင်သားနဲ့အန်ဝင်ခွင်ကျဖြစ်တဲ့ အတွင်းခံမျိုးကိုသာရွေးချယ်ဝတ်ဆင်ပါ။
(၂) ရင်ပင့်ပါတဲ့အတွင်းခံမျိုးကိုဝတ်ပါ
ရင်သားအောက်ကျတဲ့သူတွေအတွက်ရင်ဘတ်အပေါ်ကိုတင်ပြီးကျစ်လျစ်စေဖို့ရင်ပင့်ပါတဲ့ အတွင်းခံမျိုးကို ဝတ်ဆင်ပါ။ ရင်ပင့် ပါတာကြောင့် ရင်သားကိုအပေါ်ရောက်စေပြီးတင်းရင်းကျစ်လျစ်စေပါတယ်။
(၃) အောက်ကနေဆွဲချတာမျိုးရှောင်ပါ
တစ်ချို့တွေကအတွင်းခံဝတ်တဲ့အခါ ထဘီပေါ်ကနေ ပတ်အရှေ့ကနေချိတ်တတ်ပြီးမှာ ဝတ်တတ်ကြပါတယ်။ ဒီလိုဝတ်ပြီး အောက်ဘက်ကနေထဘီကို ဆွဲချတာမျိုးလုပ်တတ်ကြပါတယ်။ ဒီလိုအပြုမူမျိုးကသင့်ရင်သားကိုပိုမို အောက်ကျစေနိုင်တာကြောင့်တတ်နိုင်ရင် ရှောင်တာအကောင်းဆုံးပါပဲ။
(၄) လက်နှစ်ဖက်ကို ချိတ်ပြီးခေါင်းအနောက်ဖက်ကို တင်ကာလေ့ကျင့်ခန်းလုပ်ပါ
လက်ဖဝါးနှစ်ဖက်ကိုယှက်ပြီး ခေါင်းနောက်ကိုပို့ကာရင်ဘတ်အားနဲ့တင်းတင်းဆွဲတဲ့လေ့ကျင့်ခန်းမျိုးလုပ်ပါ။ အရမ်းကိုအဆင်ပြေစေတဲ့ လေ့ကျင့်ခန်းဖြစ်ပြီးရင်သားကို မကြာခင်အချိန်အတွင်း
တင်းရင်းလာစေမှာပါ။
ကဲ သိပ်မပင်ပန်းတဲ့ဆောင်ရန်ရှောင်ရန်လေးတွေကိုသိပြီဆိုရင်တော့ကိုယ့်ရင်သားတွဲကျ နေတာတွေကိုအလိုမကျသူတွေမြန်မြန်သာကြိုးစားပြုပြင်လိုက်ပါတော့နော်…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.