11:11 ဆုိတဲ႔ထပ္တူညီတဲ့ဂဏန္းမ်ိဳး သင္မၾကာခဏၾကံဳေတြ႔ရတယ္ဆိုတာ…🤔

တစ္ခါတစ္ေလ ဖုန္းကုိၾကည့္လိုက္တဲ႔အခ်ိန္ ျပေနတဲ႔အခိ်န္က တူညီတဲ႔ဂဏန္းေတြခ်ည္းျဖစ္ေနတတ္တာကုိ ၾကံဳဖူးပါလိမ့္မယ္။ဥပမာ 3:33 ၊ 4:44 စသျဖင့္ေပါ့။အထူးသျဖင့္ 11:11 ဆုိတာကုိ လူေတာ္ေတာ္မ်ားမ်ားၾကံဳေတြ႔ဖူးၾကမယ္ထင္ပါတယ္။ကုိယ္ေတြဆုိ အ႔ဲလို 11:11 ဆုိုျပီးဂဏန္းေလးလံုးဆင္တူေနတဲ႔အခ်ိန္မ်ိဳးနဲ႔တုိက္ဆုိင္ၾကံဳၾကိဳက္သြားရင္ ကုိယ့္ကုိတစ္ေယာက္ေယာက္က သတိရေနတာပဲဆုိျပီး တထစ္ခ်မွတ္ယူလိုက္တာ 🙄 တကယ္ေတာ့ အဲ႔ဒီလုိမဟုတ္ပါဘူးေနာ္ 😁

ဒါနဲ႔ ကုိယ္ေတြကုိေစာင့္ေရွာက္ေပးတဲ႔နတ္သူငယ္ေလးေတြ၊လမ္းျပေပးတဲ႔၀ိညာဥ္ေတြရိွတယ္ဆုိတာ ယံုၾကလား?ေရဒီယုိကေန လာျပီးသားသီခ်င္းက ထပ္ခါထပ္ခါ လာေနတာမ်ိဳး၊စာအုပ္ျပန္ဖတ္ဖုိ႔ ဆြဲလွန္လိုက္တဲ႔အခ်ိန္ ကုိယ္ေရာက္ေနတဲ႔စာမ်က္ႏွာကိုကြက္တိက်သြားတာမ်ိဳး၊ဖုန္းကေန တူညီတဲ႔
ဂဏန္းျပေနတာမ်ိဳး စတာေတြက ကုိယ္ေတြကုို စကားေျပာတဲ႔သူတုိ႔ရဲ႔ပံုစံနည္းလမ္းပါတဲ႔။

ကုိယ္ေတြစိတ္ရႈပ္ေထြးေနတဲ႔အခ်ိန္၊ေၾကာက္လန္႔ေနတဲ႔အခ်ိန္၊ဘာလုပ္ရမွန္းမသိက်ဥ္းထဲက်ပ္ထဲေရာက္ေနတဲ႔အခ်ိန္ ကုိယ္ေတြကုိေစာင့္ေရွာက္ေပးတဲ႔အိန္ဂ်ယ္လ္ေလးေတြရွိေနတယ္ဆုိတဲ႔အေၾကာင္း ျပသတဲ႔နည္းလမ္းက အထူးသျဖင့္ Angel Number လုိ႔ေခၚတဲ႔ 11:11 ပါပဲ။ဒီအဓိပၸာယ္က ဘာလဲဆုိတာကုိ လူသားေတြရဲ ႔ကမာၻနဲ႔၀ိညာဥ္ကမာၻၾကားမွာရွိတဲ႔ အိန္ဂ်ယ္လ္ေလးေတြအေၾကာင္း အထူးေလ့လာက်မ္းျပဳထားတဲ႔ Doreen Virtue ဆုိတဲ႔အမ်ိဳးသမီးက ရွင္းျပထားပါတယ္။

ထပ္တူညီေနတဲ႔ဂဏန္းေတြ၊ျဖစ္ရပ္ေတြကုိျမင္ရတဲ႔အဓိပၸာယ္၊အထူးသျဖင့္ 11:11 ဆုိတဲ႔ဂဏန္းကုိ ျမင္ရတ႔ဲအဓိပၸာယ္ဟာ သင့္ရဲ႔အေတြးေတြကုိ အေကာင္းျမင္တဲ႔ဘက္မွာအာရံုစုိက္ဖုိ႔၊သင္ေၾကာက္ေနတဲ႔အရာထက္ သင္ျဖစ္ခ်င္တဲ႔ဆႏၵကုိပုိျပီးအာရံုစုိက္ဖုိ႔တိုက္တြန္းအခ်က္ေပးတာပါပဲတဲ႔။ကုိယ့္ရဲ႔ဆႏၵကုိရွင္းရွင္းလင္းလင္းအာရံုစိုက္ျပီး ေရွ႔ဆက္ေလ်ွာက္တဲ႔အခါ အိန္ဂ်ယ္လ္ေလးေတြက သင္နဲ႔ထုိက္တန္တဲ႔ဆုလာဘ္ကုိယူေဆာင္လာေပးပါလိမ့္မယ္ဆုိျပီးေရးသားေဖာ္ျပခဲ႔ပါတယ္။

ဒီလုိထပ္တူူညီတဲ႔ဂဏန္းေတြ၊ထပ္တလဲလဲျဖစ္ေနတဲ႔သေကၤတေတြကုိ မၾကာခဏဆုိသလုိ သတိထားမိတယ္၊ၾကဳံရတယ္ဆုိတာ သင္နဲ႔ သင့္ကုိေစာင့္ေရွာက္ေပးတဲ႔အိန္ဂ်ယ္လ္ေတြ၊မျမင္ရတဲ႔လမ္းညႊန္ျပသေပးသူေတြၾကားမွာ ဆက္သြယ္မႈပုိျပီးအားေကာင္းလာတယ္ဆုိတဲ႔သေဘာပါပဲ။

11:11 ဆုိတဲ႔ဂဏန္းကအထင္ရွားဆံုးအခ်က္ေပးမႈျဖစ္ျပီး အဲ႔ဒါကုိမၾကာခဏၾကံဳရတယ္ဆုိတာ သင္က မွန္ကန္တဲ႔လမ္းေၾကာင္းေပၚမွာေရာက္ေနတယ္။ သင္ရင္ဆုိင္ေနရတဲ႔လမ္းမွာ ဘယ္လိုအခက္အခဲပဲၾကံဳၾကံဳ သူတုိ႔က ကာကြယ္ေပးလိမ့္မယ္ဆုိတာ အိန္ဂ်ယ္လ္ေလးေတြက သင့္ကုိသိေစခ်င္တာပါ။အဲ႔ဒီလုိအခ်ိန္မ်ိဳးမွာသင္လုပ္ရမွာက အေပၚမွာေျပာခဲ႔သလုိ စိတ္အာရံုကုိစုစည္း၊အရာရာကုိအေကာင္းျမင္စိတ္နဲ႔ၾကည့္ျပီး ကုိယ္လုပ္ရမယ့္အလုပ္ကိုေတြေ၀မႈမရွိ၊ေႏွာင့္ေႏွးမႈမရွိ ရဲရဲသာဆက္လုပ္သြားဖုိ႔ပါပဲ။ေတြေ၀မႈေတြကေန လက္ရွိကုိအာရံုစိုက္ႏုိင္ေအာင္ သင့္ကုိသတိေပးလႈပ္ႏုိးလိုက္တာျဖစ္ပါတယ္။

ဒီေတာ့ ထပ္တူညီတဲ႔ဂဏန္းေတြ၊ထပ္တူညီတဲ႔ရက္ေတြ (၁၁လပုိင္း ၁၁ရက္လိုမ်ိဳး)၊တစ္ေန႔တည္းမွာတင္ တူညီတဲ႔သီခ်င္းကုိ တစ္ေနရာစီၾကားရတာမ်ိဳးေတြ ခဏခဏၾကံဳေနရတယ္ဆုိရင္ သင့္ရဲ႔လက္ရွိအေျခအေနေတြအားလံုးကုိျပန္သံုးသပ္ပါ။ျပီးရင္ ကုိယ္ဆက္လုပ္ဖုိ႔ေတြေ၀ေနတဲ႔၊ေၾကာက္လန္႔ေနတဲ့အရာေတြကုိ ေမ့ထားျပီး ကုိယ္ျဖစ္ခ်င္တဲ႔အတိုင္းျဖစ္ေအာင္ဆက္လုပ္သြားပါလို႔….❤

Unicode

တစ်ခါတစ်လေ ဖုန်းကိုကြည့်လိုက်တဲ့အချိန် ပြနေတဲ့အချိန်က တူညီတဲ့ဂဏန်းတွေချည်းဖြစ်နေတတ်တာကို ကြုံဖူးပါလိမ့်မယ်။ဥပမာ 3:33 ၊ 4:44 စသဖြင့်ပေါ့။အထူးသဖြင့် 11:11 ဆိုတာကို လူတော်တော်များများကြုံတွေ့ဖူးကြမယ်ထင်ပါတယ်။ကိုယ်တွေဆို အဲ့လို 11:11 ဆိုုပြီးဂဏန်းလေးလုံးဆင်တူနေတဲ့အချိန်မျိုးနဲ့တိုက်ဆိုင်ကြုံကြိုက်သွားရင် ကိုယ့်ကိုတစ်ယောက်ယောက်က သတိရနေတာပဲဆိုပြီး တထစ်ချမှတ်ယူလိုက်တာ တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူးနော်

ဒါနဲ့ ကိုယ်တွေကိုစောင့်ရှောက်ပေးတဲ့နတ်သူငယ်လေးတွေ၊လမ်းပြပေးတဲ့ဝိညာဉ်တွေရှိတယ်ဆိုတာ ယုံကြလား?ရေဒီယိုကနေ လာပြီးသားသီချင်းက ထပ်ခါထပ်ခါ လာနေတာမျိုး၊စာအုပ်ပြန်ဖတ်ဖို့ ဆွဲလှန်လိုက်တဲ့အချိန် ကိုယ်ရောက်နေတဲ့စာမျက်နှာကိုကွက်တိကျသွားတာမျိုး၊ဖုန်းကနေ တူညီတဲ့
ဂဏန်းပြနေတာမျိုး စတာတွေက ကိုယ်တွေကိုု စကားပြောတဲ့သူတို့ရဲ့ပုံစံနည်းလမ်းပါတဲ့။

ကိုယ်တွေစိတ်ရှုပ်ထွေးနေတဲ့အချိန်၊ကြောက်လန့်နေတဲ့အချိန်၊ဘာလုပ်ရမှန်းမသိကျဉ်းထဲကျပ်ထဲရောက်နေတဲ့အချိန် ကိုယ်တွေကိုစောင့်ရှောက်ပေးတဲ့အိန်ဂျယ်လ်လေးတွေရှိနေတယ်ဆိုတဲ့အကြောင်း ပြသတဲ့နည်းလမ်းက အထူးသဖြင့် Angel Number လို့ခေါ်တဲ့ 11:11 ပါပဲ။ဒီအဓိပ္ပာယ်က ဘာလဲဆိုတာကို လူသားတွေရဲ ့ကမ္ဘာနဲ့ဝိညာဉ်ကမ္ဘာကြားမှာရှိတဲ့ အိန်ဂျယ်လ်လေးတွေအကြောင်း အထူးလေ့လာကျမ်းပြုထားတဲ့ Doreen Virtue ဆိုတဲ့အမျိုးသမီးက ရှင်းပြထားပါတယ်။

ထပ်တူညီနေတဲ့ဂဏန်းတွေ၊ဖြစ်ရပ်တွေကိုမြင်ရတဲ့အဓိပ္ပာယ်၊အထူးသဖြင့် 11:11 ဆိုတဲ့ဂဏန်းကို မြင်ရတဲ့အဓိပ္ပာယ်ဟာ သင့်ရဲ့အတွေးတွေကို အကောင်းမြင်တဲ့ဘက်မှာအာရုံစိုက်ဖို့၊သင်ကြောက်နေတဲ့အရာထက် သင်ဖြစ်ချင်တဲ့ဆန္ဒကိုပိုပြီးအာရုံစိုက်ဖို့တိုက်တွန်းအချက်ပေးတာပါပဲတဲ့။ကိုယ့်ရဲ့ဆန္ဒကိုရှင်းရှင်းလင်းလင်းအာရုံစိုက်ပြီး ရှေ့ဆက်လျှောက်တဲ့အခါ အိန်ဂျယ်လ်လေးတွေက သင်နဲ့ထိုက်တန်တဲ့ဆုလာဘ်ကိုယူဆောင်လာပေးပါလိမ့်မယ်ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုထပ်တူူညီတဲ့ဂဏန်းတွေ၊ထပ်တလဲလဲဖြစ်နေတဲ့သင်္ကေတတွေကို မကြာခဏဆိုသလို သတိထားမိတယ်၊ကြုံရတယ်ဆိုတာ သင်နဲ့ သင့်ကိုစောင့်ရှောက်ပေးတဲ့အိန်ဂျယ်လ်တွေ၊မမြင်ရတဲ့လမ်းညွှန်ပြသပေးသူတွေကြားမှာ ဆက်သွယ်မှုပိုပြီးအားကောင်းလာတယ်ဆိုတဲ့သဘောပါပဲ။

11:11 ဆိုတဲ့ဂဏန်းကအထင်ရှားဆုံးအချက်ပေးမှုဖြစ်ပြီး အဲ့ဒါကိုမကြာခဏကြုံရတယ်ဆိုတာ သင်က မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရောက်နေတယ်။ သင်ရင်ဆိုင်နေရတဲ့လမ်းမှာ ဘယ်လိုအခက်အခဲပဲကြုံကြုံ သူတို့က ကာကွယ်ပေးလိမ့်မယ်ဆိုတာ အိန်ဂျယ်လ်လေးတွေက သင့်ကိုသိစေချင်တာပါ။အဲ့ဒီလိုအချိန်မျိုးမှာသင်လုပ်ရမှာက အပေါ်မှာပြောခဲ့သလို စိတ်အာရုံကိုစုစည်း၊အရာရာကိုအကောင်းမြင်စိတ်နဲ့ကြည့်ပြီး ကိုယ်လုပ်ရမယ့်အလုပ်ကိုတွေဝေမှုမရှိ၊နှောင့်နှေးမှုမရှိ ရဲရဲသာဆက်လုပ်သွားဖို့ပါပဲ။တွေဝေမှုတွေကနေ လက်ရှိကိုအာရုံစိုက်နိုင်အောင် သင့်ကိုသတိပေးလှုပ်နိုးလိုက်တာဖြစ်ပါတယ်။

ဒီတော့ ထပ်တူညီတဲ့ဂဏန်းတွေ၊ထပ်တူညီတဲ့ရက်တွေ (၁၁လပိုင်း ၁၁ရက်လိုမျိုး)၊တစ်နေ့တည်းမှာတင် တူညီတဲ့သီချင်းကို တစ်နေရာစီကြားရတာမျိုးတွေ ခဏခဏကြုံနေရတယ်ဆိုရင် သင့်ရဲ့လက်ရှိအခြေအနေတွေအားလုံးကိုပြန်သုံးသပ်ပါ။ပြီးရင် ကိုယ်ဆက်လုပ်ဖို့တွေဝေနေတဲ့၊ကြောက်လန့်နေတဲ့အရာတွေကို မေ့ထားပြီး ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်အောင်ဆက်လုပ်သွားပါလို့….❤

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.