သူတို့လိုမှ လာပေါင်းတဲ့သူငယ်ချင်းတွေ ကြုံဖူးလား ? 👀

သူငယ်ချင်းအပေါင်းသင်းတွေများပေမယ့် တကယ်တမ်း ကိုယ့်စိတ်နဲ့ ထပ်တူကျတဲ့ သူငယ်ချင်းကောင်းဆိုတာက ရှားပါတယ်။ အကုန်လုံးကို အပေါ်ယံပေါင်းနိုင်ရင်တော့ မင်းမှာ မိတ်ဆွေများမှာပါပဲ။
တစ်ချို့ ကျတော့လည်း ဟန်ဆောင်ပေါင်းသင်း ဆက်ဆံနေရတာကိုမကြိုက်ဘူး။ ကိုယ့်စိတ် သဘောတွေ့တဲ့လူနဲ့ ပေါင်းကြပါတယ်။ ဒီလူတွေနဲ့တွေ့လည်း ဟေးလား ဝါးလား ၊ ဟိုသွားမယ်ဆိုလည်း ပါသွားလိုက် ၊ ဒီသွားမယ်ဆိုလည်း လိုက်သွားရပြန်ပြီ ကြာတော့ အပေါင်းသင်းများသူတွေဆီမှာ ကိုယ်ပိုင်အချိန်ဆိုတာ နည်းလာပါတယ်။ ဒီမှာ တစ်ခုသတိထားရမှာက တစ်ချို့ လူတွေဟာ မင်းရဲ့အချိန်တွေကို ခိုးယူတဲ့အပြင် ဆုတ်ယုတ်မှုတွေ ပိုဖြစ်လာစေပါတယ်။

ကဲ.. အပေါင်းသင်းများတာလည်း များတာပေါ့။ ကိုယ်ပေါင်း စိတ်ခွာနေပြီး ဒီလိုလူတွေကိုတော့ ဝေးဝေးက ရှောင်ဖို့ အကြံပြုလိုက်ပါတယ်။ 👌

Image result for toxic friends people

သူပြောချင်တဲ့အကြောင်းရာကိုသာ အမြဲပြောနေမယ်
တွေ့တိုင်း သူပြောချင်တဲ့ အကြောင်းရာကိုသာ စွတ်ပြောနေမယ်။ တစ်ဖက်သား နားထောင်ချင်လား ၊ နားမထောင်ချင်လား မသိ။ စကားအပြန်လှန်ပြောဆိုမှုမှာ သူ့အကြောင်း ကိုယ့်အကြောင်း အချိန်ပေးနားထောင်ပေးပြီး အသိချင်းဖလှယ်ပေးတာဖြစ်ပါတယ်။ လူတွေက နားထောင်မှုအပိုင်းမှာ တော်တော်အားနည်းပါတယ်။ ကိုယ်ပြောချင်တာ လွှတ်ပြောကြတယ်။ ကိုယ်တိုင်လည်း တစ်ဖက်သား စကားပြောနေရင် အလေးနက်ထား နားထောင်တတ်အောင် သင်ယူပါ။ ပြောချင်တာကတော့ တွေ့တိုင်း သူ့ရဲ့နေ့စဉ် ဓူဝကိစ္စတွေကို လာလာပြီး လေပန်းနေရင်တော့ မင်းရဲ့အချိန်တွေကို ပြန်ပြီး ဆန်းစစ်ပါဦးလို့ ။

လိုအပ်ချိန်မှလွဲပြီး ကျန်တဲ့ချိန် ရှိတယ်လို့တောင် မထင်သူ
အမြဲတမ်း ခေါ်ပြောနေရမယ်လို့ ပြောတာမဟုတ်ပါဘူး။ သူတို့မလိုဘူးထင်ရင် အဖက်မလုပ်တာတွေ ရှိပါတယ်။ လိုတော့မှ ” သူငယ်ချင်း… ” ဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့ အကူညီလာတောင်းကြတယ်။ အားနာသင့် ၊ အားမနာသင့် ဆိုတာမျိုး ရှိပါတယ်။ လူမှားပြီး အားနာမိရင် ခါးပါသွားမယ်။ မှန်ကန်တဲ့သူငယ်ချင်းတစ်ယောက်အတွက် မင်းရဲ့ဖြစ်တည်မှုဟာ ပိုပြီးတန်ဖိုးရှိပါတယ်။

Related image

စိတ်အားညှိုးနွမ်းအောင် ပြောဆိုသူ
သူငယ်ချင်း အချင်းချင်း စသလို ၊ နောက်သလိုနဲ့ တစ်ဖက်သား မခံရပ်နိုင်အောင် ပြောဆိုတတ်တဲ့သူတွေရှိပါတယ်။ အားနည်းချက်နဲ့လည်း ချိုးနှိမ်ချင်သေးတယ်။ ဒါနဲ့ပြောလို့မဝသေးရင် Body shaming လုပ်ကြတယ်။ ဘယ်လောက် ရင်းနှီးတဲ့သူငယ်ချင်းပဲဖြစ်ပါစေနော်.. သူက ပြောမနာ ၊ ဆိုမနာပါဟယ် ဆိုပြီး ခေါင်းစဉ်တပ်ကာ တစ်ယောက်နဲ့တစ်ယောက် စိတ်အားညှိုးနွမ်းစေမယ့် ၊ စိတ်ဓာတ်ကျစေမယ့် စကားလုံးတွေနဲ့ ထိုးနှက်မိတတ်ကြတယ်။ စကားတွေနဲ့ မင်းကိုအမျိုးမျိုး စိတ်ဆင်းရဲအောင် ပြောနေတဲ့ လူမျိုးနဲ့ ဆက်အပေါင်းသင်းလုပ်နေမလား ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပါ…

သူများရဲ့အိပ်မက်တွေ ၊စိတ်ကူးတွေကို မဖြစ်နိုင်တာလို့ ဝေဖန်သူ
ကြုံဖူးလား … ငါကတော့ တစ်နေ့မှာ… ဘာဖြစ်ချင်တာလို့ ကိုယ်ရဲ့အိပ်မက်တွေကို ထုတ်ပြောလိုက်ချိန်အလှောင်ပြောင်ခံရဖူးလား။ ဒီလိုဖြစ်လာဖို့ဆိုတာ တော်တော်မလွယ်ဘူးနော်။ နင်နဲ့ ကိုက်ပါ့မလားဟယ်..စသဖြင့် မင်းရဲ့စိတ်ကူးတွေနဲ့ပတ်သတ်ပြီး အဆိုးဘက်ကမြင်ကာ အဆိုးတွေချည်းလှိမ့်ပြောတော့မယ်။ မင်းရဲ့အိပ်မက်တွေဆီ သွားနေတဲ့ခြေလှမ်းတွေကို နောက်ပြန်ဆုတ်ချင်လာအောင် ဘေးကနေ တွတ်ထိုးနေမယ်။ မင်းရဲ့အနာဂတ်ဟာ မင်းလက်ထဲမှာပဲရှိပါတယ်။ ဘယ်သူမှ မပိုင်ဘူး။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ကန့်ကွက်လာသူ ၊ ပိတ်ပင်တားဆီးဖို့ ကြိုးစားနေသူတွေကို အားနာပါးနာနဲ့ ခွင့်မပြုလိုက်ပါနဲ့။ တသက်လုံး မင်းရဲ့ဘဝကို ချနင်းသွားလိမ့်မယ်။

ဘဝမှာ နေရင်းထိုင်ရင်း ကိုယ့်အတွက် အဆိပ်တောက်ဖြစ်စေမယ့် လူမျိုးတွေကို တစ်နည်းမဟုတ် ၊
တစ်နည်း တွေ့ရ၊ ကြုံရနေဦးမှာပါ။ ကိုယ့်အနေနဲ့ အဆင်မပြေဘူး ၊ စိတ်ဓာတ်ကိုပါ ထိပါးလာပြီဆိုရင် ရှောင်ရှားနိုင်အာင်သာ ကြိုးစားပါ။ ဒီလိုလူတွေကြောင့် စိတ်ညစ်မခံပဲ မှန်ကန်တဲ့လူတွေနဲ့ အချိန်တွေအတူတူ မျှဝေကုန်ဆုံးလိုက်ပါ 😉✌

445 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.