စကားများရန်ဖြစ်ပြီးအနိုင်ယူလိုက်တော့ရောဘာထူးမှာလဲ???🙄🙄
Unicode
လူဆိုတာကတော့ ဒေါသတွေ မာနတွေတစ်သီတစ်တန်းကြီးနဲ့ရှိတတ်ကြတာသဘာဝပါပဲ။ ကိုယ့်ကိုယ်ထိလာရင်မခံဘူး စရင်မကြိုက်ဘူူး၊ အော်ရင်မုန်းတယ်၊ ရန်ဖြစ်ရင်အနိုင်ယူချင်တယ် ဒါတွေက သဘာဝတွေမလို့မဆန်းပင်မဲ့ Relationship တစ်ခုမှာရန်ဖြစ်တိုင်းအနိုင်ပိုင်းချင်နေတာမျိုးဟာ မှန်တဲ့အရာတော့မဟုတ်လေပါဘူး။ တစ်ယောက်နဲ့တစ်ယောက်စကာများကြတယ်ရန်ဖြစ်ကြတယ် အချေအတင်တွေပြောဆိုကြတယ် ၊ ဒီလိုပြောနေကြပင်မဲ့သင်တို့နှစ်ယောက်ကသိပ်ချစ်ခဲ့ကြတဲ့သူတွေဆိုတဲ့အတွေးမျိုးကို ၊ ပေါင်းဖက်ရဖို့ကအဓိကပါ ပြေလည်ဖို့ပဲလိုအပ်ပါတယ်ဆိုတဲ့သို့လောသို့လောအတွေးမျိုးကိုအရင်တွေးမိတဲ့သူက အလျော့ပေးလိုက်ပါ။ လေကုန်ခံပြီးအပြိုင်အဆိုင်တွေရန်စကားမပြောပါနဲဲ့၊ စိတ်အပင်ပန်းခံပြီးတစ်ယောက်ကိုတစ်ယောက်နာကျည်းအောင် ပြောဆိုမနေပါနဲ့။တစ်ဖက်ကတစ်အားစိတ်တိုပြီး ပြင်းထန်နေရင်ကိုယ်ကလျော့ပေးလိုက်ပါ။ ကိုယ်ကပြင်းထန်နေတဲ့အချိန်မှာလည်းသူ့ဘက်ကလျော့ပေးနိုင်တဲ့သူဖြစ်ရင်အဆင်ပြေပါပြီ။ စကားများပြဿနာတတ်တိုင်းတစ်ဖက်သားကိုအနိုင်ပိုင်းပြီးပြောလိုက်ဆိုလိုက်ရတော့ဘာထူးလဲ?…သေချာစဉ်းစားကြည့်ရင်စကားနဲ့သာသင်နိုင်မယ် မေတ္တာတရားနဲ့ကြည့်ရင်သင်ရှုံးသွားပါပြီ။ သင့်နဲ့အေးအေးဆေးဆေးဖြစ်ချင်လို့ သင့်ကိုဆုံးရှုံးရမှာကြောက်လို့ရန်တွေဖြစ်စကားတွေများနေတဲ့ကြားထဲက သူ့အတ္တသူ့စိတ်ကို လျော့ပြီးသင့်ကိုအနိုင်ပေးထားတဲ့သူရှိရင် သူ့ရဲ့အရှုံးပေးမှုကိုအသိမှတ်ပြုပြီး ရောင့်မတက်ပဲ ပိုချစ်ပေးပါ။ချစ်ခင်နှစ်သက်လို့ပတ်သတ်ခဲ့ကြပြီးမှ ဘာမဟုတ်တဲ့ တဒင်္ဂ အတ္တကြီးနဲ့ အနိုင်ယူလိုက်ရလို့သင်နိုင်တယ်ထင်ရင် အလွဲကြီးလွဲသွားမယ်ဆိုတာသိထားပြီး အနိုင်ယူလိုက်ရင်ဘာထူးမှာလဲ ? …ဆိုတဲ့ မေးခွန်းလေးကိုကိုယ့်ခေါင်းထဲထည့်ထားရင် ဘယ်လိုဆက်ဆံရေးမျိုးပဲဖြစ်ဖြစ် ဘာပြဿနာတွေပဲတတ်တတ် အဆင်ပြေအေးချမ်းသွားမှာအသေချာပါပဲ…
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.