နဖူးေပၚက ဒီေနရာေလးကုိႏွိပ္နယ္ေပးရံုနဲ႔ ရလာမယ့္အက်ိဳးေက်းဇူးေတြက အံ႔မခန္းစရာ…😮

မၾကာခဏဆုိသလို ေခါင္းကုိက္တတ္သူေတြ၊ဇက္ေၾကာတက္၊ေညာင္းညာတတ္သူေတြအတြက္ ဒီရုိးရွင္းတဲ့နည္းလမ္းေလးက အကူအညီၾကီးၾကီးမားမားေပးႏုိင္မယ္ဆုိတာ အေသအခ်ာပါပဲ။တကယ္ေတာ့ ခႏၶာကုိယ္ရဲ႔နာက်င္မႈေတြကုိ ခႏၶာကုိယ္မွာရွိတဲ့ အေၾကာေလးေတြနဲ႔ပဲ ျပန္ျပီးကုသလုိ႔ရပါတယ္။အထူးသျဖင့္  နဖူးေပၚကအဓိကပြိဳင့္ေလးကုိ ဖိႏွိပ္ေပးမယ္ဆုိရင္ ရလာမယ့္အက်ိဳးေက်းဇူးေတြက သင္မထင္ထားေလာက္တဲ႔အထိပါပဲ။

နဖူးေပၚက အဓိကေနရာအမွတ္ေလးကုိဖိႏွိပ္ေပးရံုနဲ႔ ခႏၶာကုိယ္ရဲ ႔နာက်င္မႈေတြ၊က်န္းမာေရးနဲ႔ပတ္သက္တဲ႔အရာေတြ၊ခႏၶာကုိယ္ထဲက အတြင္းအဂၤါအစိတ္အပုိင္းေတြအေပၚဘယ္လိုသက္ေရာက္မႈေတြရွိလဲဆုိတာကုိ သိပၸံပညာရွင္ေတြက MRI scan ကုိသံုးျပီးေတာင္ အေျဖရွာခဲ႔တာပါ။သူတုိ႔ေတြ႔ရွိခဲ႔တာကေတာ့ခႏၶာကုိယ္ရဲ႔အစိတ္အပုိင္းေတြထဲက တိက်တဲ႔ေနရာအမွတ္ေလးေတြကုိဖိေပးမယ္၊ႏွိပ္နယ္ေပးမယ္ဆုိရင္ တစ္ျခားအစိတ္အပုိင္းေတြကုိပါသြားျပီးသက္ေရာက္မႈရွိတယ္ဆုိတာပါပဲ။နဖူးေပၚကအမွတ္ေနရာေလးတင္မကပါဘူး။ေျခဖ၀ါးေပၚမွာလည္း ခႏၶာကုိယ္အစိတ္အပုိင္းေတြအားလံုးအေပၚသက္ေရာက္မႈရွိေစတဲ႔ပြိဳင့္ေလးေတြရွိပါတယ္။

Image result for reflexology face map

လြယ္ကူရုိးရွင္းျပီးထိေရာက္မႈအရွိဆံုးပြိဳင့္ေလးကေတာ့ နဖူးေပၚမွာေပါ့။နဖူးေပၚက အဓိကပြိဳင့္ေလးကုိ ၄၅စကၠန္႔ကေန တစ္မိနစ္ေလာက္ထိညင္ညင္သာသာႏွိပ္နယ္ေပးမယ္ဆုိရင္ေခါင္းကုိက္တာေတြသက္သာသြားမယ္၊ကြန္ပ်ဴတာေန႔တုိင္းၾကည့္၊အခ်ိန္တိုင္းၾကည့္လို႔မ်က္လံုးေညာင္းညာကုိက္ခဲမႈေတြေျပေလ်ာ့သြားမယ္။မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကုိေလ်ာ့နည္းေစတယ္။စိတ္ဖိစီးမႈမ်ားေနတဲ႔အခ်ိန္၊ဦးေႏွာက္ေတြရႈပ္ေထြးေနတဲ႔အခ်ိန္ ခဏေလးႏွိပ္နယ္ေပးမယ္ဆုိရင္ လန္းဆန္းလာျပီးစိတ္ဖိစီးမႈေတြကိုေလ်ာ့နည္းသြားေစပါတယ္။အာရံုေၾကာေတြလည္း ပုိျပီးေကာင္းမြန္လာေစတယ္။ေသြးလည္ပတ္မႈကုိ တိုးတက္ေကာင္းမြန္ေစလုိ႔ ဦးေႏွာက္လုုပ္ငန္းစဥ္ေတြလုပ္ေဆာင္ခ်က္ပုိျပီးေကာင္းလာျပီးၾကြက္သားတင္းအားေတြကုိေလ်ွာ့ခ်ေပးပါတယ္။
တရုတ္တုိင္းရင္းေဆးရုိးရာအရ စြမ္းအင္စီးဆင္းမႈက ေသြးလည္ပတ္မႈေတြကုိပုိျပီးေကာင္းလာေစသလို ခႏၶာကုိယ္အစိတ္အပုိင္းလုပ္ေဆာင္ခ်က္္ေတြအေပၚသက္ေရာက္မႈရွိေစပါတယ္တဲ႔၊နဖူးေပၚက အမွတ္ေနရာေလးကုိ ဖိႏွိပ္ေပးတာဟာ စြမ္းအင္၊ခြန္အားေတြရဲ႔အစျဖစ္ျပီး အဲ႔ဒီခြန္အားေတြကခႏၶာကုိယ္အႏွံ႔အစိတ္အပိုင္းေတြဆီကုိစီးဆင္းသြားတာပဲျဖစ္တယ္လုိ႔သိရပါတယ္။

ဒီေတာ့ ဘယ္ေနရာကုိႏွိပ္နယ္ေပးရမလဲဆုိရင္ တတိယမ်က္လံုးလုိ႔ေခၚၾကတဲ႔ မ်က္ခံုးႏွစ္ခုၾကားေနရာေလးပါ။အဲ႔ဒီေနရာေလးကုိ ၄၅စကၠန္႔ကေန ၁မိနစ္ေလာက္ထိေသခ်ာေလးႏွိပ္နယ္ေပးပါ။အဲ႔ဒီေနရာေလးကုိႏွိပ္ေပးရင္း  သံုးလက္မေလာက္တည့္တည့္အကြာမွာရွိတဲ႔ပြိဳင့္ေလးကုိပါ အတူပူးတြဲႏွိပ္နယ္ေပးရင္ ခႏၶာကုိယ္အတြက္ပုိျပီးေကာင္းမြန္ေစပါတယ္ 🍀

Source:powerofpositivity

Unicode

မကြာခဏဆိုသလို ခေါင်းကိုက်တတ်သူတွေ၊ဇက်ကြောတက်၊ညောင်းညာတတ်သူတွေအတွက် ဒီရိုးရှင်းတဲ့နည်းလမ်းလေးက အကူအညီကြီးကြီးမားမားပေးနိုင်မယ်ဆိုတာ အသေအချာပါပဲ။တကယ်တော့ ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေကို ခန္ဓာကိုယ်မှာရှိတဲ့ အကြောလေးတွေနဲ့ပဲ ပြန်ပြီးကုသလို့ရပါတယ်။အထူးသဖြင့်  နဖူးပေါ်ကအဓိကပွိုင့်လေးကို ဖိနှိပ်ပေးမယ်ဆိုရင် ရလာမယ့်အကျိုးကျေးဇူးတွေက သင်မထင်ထားလောက်တဲ့အထိပါပဲ။

နဖူးပေါ်က အဓိကနေရာအမှတ်လေးကိုဖိနှိပ်ပေးရုံနဲ့ ခန္ဓာကိုယ်ရဲ ့နာကျင်မှုတွေ၊ကျန်းမာရေးနဲ့ပတ်သက်တဲ့အရာတွေ၊ခန္ဓာကိုယ်ထဲက အတွင်းအင်္ဂါအစိတ်အပိုင်းတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာကို သိပ္ပံပညာရှင်တွေက MRI scan ကိုသုံးပြီးတောင် အဖြေရှာခဲ့တာပါ။သူတို့တွေ့ရှိခဲ့တာကတော့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေထဲက တိကျတဲ့နေရာအမှတ်လေးတွေကိုဖိပေးမယ်၊နှိပ်နယ်ပေးမယ်ဆိုရင် တစ်ခြားအစိတ်အပိုင်းတွေကိုပါသွားပြီးသက်ရောက်မှုရှိတယ်ဆိုတာပါပဲ။နဖူးပေါ်ကအမှတ်နေရာလေးတင်မကပါဘူး။ခြေဖဝါးပေါ်မှာလည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးအပေါ်သက်ရောက်မှုရှိစေတဲ့ပွိုင့်လေးတွေရှိပါတယ်။

လွယ်ကူရိုးရှင်းပြီးထိရောက်မှုအရှိဆုံးပွိုင့်လေးကတော့ နဖူးပေါ်မှာပေါ့။နဖူးပေါ်က အဓိကပွိုင့်လေးကို ၄၅စက္ကန့်ကနေ တစ်မိနစ်လောက်ထိညင်ညင်သာသာနှိပ်နယ်ပေးမယ်ဆိုရင်ခေါင်းကိုက်တာတွေသက်သာသွားမယ်၊ကွန်ပျူတာနေ့တိုင်းကြည့်၊အချိန်တိုင်းကြည့်လို့မျက်လုံးညောင်းညာကိုက်ခဲမှုတွေပြေလျော့သွားမယ်။မျက်နှာပေါ်က အရေးအကြောင်းတွေကိုလျော့နည်းစေတယ်။စိတ်ဖိစီးမှုများနေတဲ့အချိန်၊ဦးနှောက်တွေရှုပ်ထွေးနေတဲ့အချိန် ခဏလေးနှိပ်နယ်ပေးမယ်ဆိုရင် လန်းဆန်းလာပြီးစိတ်ဖိစီးမှုတွေကိုလျော့နည်းသွားစေပါတယ်။အာရုံကြောတွေလည်း ပိုပြီးကောင်းမွန်လာစေတယ်။သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေလို့ ဦးနှောက်လုုပ်ငန်းစဉ်တွေလုပ်ဆောင်ချက်ပိုပြီးကောင်းလာပြီးကြွက်သားတင်းအားတွေကိုလျှော့ချပေးပါတယ်။
တရုတ်တိုင်းရင်းဆေးရိုးရာအရ စွမ်းအင်စီးဆင်းမှုက သွေးလည်ပတ်မှုတွေကိုပိုပြီးကောင်းလာစေသလို ခန္ဓာကိုယ်အစိတ်အပိုင်းလုပ်ဆောင်ချက််တွေအပေါ်သက်ရောက်မှုရှိစေပါတယ်တဲ့၊နဖူးပေါ်က အမှတ်နေရာလေးကို ဖိနှိပ်ပေးတာဟာ စွမ်းအင်၊ခွန်အားတွေရဲ့အစဖြစ်ပြီး အဲ့ဒီခွန်အားတွေကခန္ဓာကိုယ်အနှံ့အစိတ်အပိုင်းတွေဆီကိုစီးဆင်းသွားတာပဲဖြစ်တယ်လို့သိရပါတယ်။

ဒီတော့ ဘယ်နေရာကိုနှိပ်နယ်ပေးရမလဲဆိုရင် တတိယမျက်လုံးလို့ခေါ်ကြတဲ့ မျက်ခုံးနှစ်ခုကြားနေရာလေးပါ။အဲ့ဒီနေရာလေးကို ၄၅စက္ကန့်ကနေ ၁မိနစ်လောက်ထိသေချာလေးနှိပ်နယ်ပေးပါ။အဲ့ဒီနေရာလေးကိုနှိပ်ပေးရင်း  သုံးလက်မလောက်တည့်တည့်အကွာမှာရှိတဲ့ပွိုင့်လေးကိုပါ အတူပူးတွဲနှိပ်နယ်ပေးရင် ခန္ဓာကိုယ်အတွက်ပိုပြီးကောင်းမွန်စေပါတယ် 🍀

Source:powerofpositivity

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.