ဆွစ်ဇာလန် ဂေါ့ဖ်သမားဟန်နရစ် စတန်ဆန်ဟာ Tour Championship နဲ့ FedEx Cup ပြိုင်ပွဲနှစ်ရပ်လုံး မှာ အနိုင်ရ ဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။ စတန်ဆန် ဟာ FedEx Cup ပြိုင်ပွဲ မှာ ဗိုလ်စွဲခဲ့တဲ့ အတွက် ပေါင် ၈၇၅၀၀၀ ရရှိခဲ့ပြီး အပို ဆုကြေးငွေ အဖြစ် ပေါင်၆.၃သန်း ထပ်မံ ရရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၇နှစ်အရွယ် ရှိပြီဖြစ်တဲ့ စတန်ဆန် ဟာ ယခုပြိုင်ပွဲမတိုင်မီ Tour Championship ဟာ ပြိုင်ပွဲမှာလည်း အနိုင်ရဗိုလ်စွဲခဲ့တဲ့အတွက် ဆုကြေးငွေ ပေါင်၈.၁သန်း ရရှိထားခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
(IN’D)
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။