နာမည္ေက်ာ္ဆယ္လီေတြရဲ႔ထူးထူးျခားျခားအလွအပနည္းလမ္းမ်ား 😎

Celebrity တစ္ေယာက္ဆုိတာ တစ္ျခားသူေတြထက္ပုိျပီးထင္းလင္းလွပေနတာ အားလံုးအသိပါပဲ။ဒီေတာ့ Trend ရဲ ႔ပ်ိဳေမေလးေတြကိုလည္းပုိျပီးလွပတဲ႔အလွတရားေလးေတြပိုင္ဆုိင္ရေအာင္ သူတုိ႔သံုးတဲ႔ ထူးထူးျခားျခား နည္းလမ္းေလးတစ္ခ်ိဳ႔ကုိ ျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။နာမည္ေက်ာ္ေတြျဖစ္လုိ႔ ေစ်းၾကီးတဲ႔အေကာင္းစားအလွကုန္ပစၥည္းေတြသံုးလိမ့္မယ္လုိ႔ နည္းနည္းမွမထင္လိုက္ပါနဲ႔။တကယ့္ သဘာ၀ပစၥည္းေတြခ်ည္းသံုးတာပါ။ဒီေတာ့ ဘယ္သူေတြက ဘယ္လိုသဘာ၀ပစၥည္းေတြသံုးလဲဆုိတာ ၾကည့္လိုက္ရေအာင္။

Suki Waterhouse

နာမည္ေက်ာ္ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ႔ Suki Waterhouse ကေတာ့ သူမရဲ ႔ဆံပင္ကုိ ကုိကာကုိလာနဲ႔ေလ်ွာ္ပါတယ္တ႔ဲ။မၾကာခဏဆုိသလို ကုိကာကုိလာနဲ႔သူမရဲ႔ေခါင္းကိုေလ်ွာ္ေလ့ရွိျပီး ေခါင္းေလ်ွာ္ရည္နဲ႔ေလ်ွာ္တာထက္ သူမရဲ႔ ဆံပင္သားကပုိျပီးႏူးညံ႔ျပီးၾကည့္လို႔ေကာင္းသြားတယ္လုိ႔
အင္တာဗ်ဴးမွာေျဖခဲ႔ဖူးပါတယ္။

Blake Lively

အေမရိကန္မင္းသမီးေခ်ာကေတာ့ သူမရဲ႔ဆံပင္ကုိ မုေယာနိစ္နဲ႔ေပါင္းတင္ပါတယ္တဲ႔။သူမရဲ႔အေမက ေပးခဲ႔တဲ႔အၾကံဥာဏ္လို႔လည္းေျပာျပပါေသးတယ္။မုေယာနိစ္မွာ သံလြင္ဆီျဖစ္ေစ၊အုန္းဆီျဖစ္ေစအနည္းငယ္ထည့္ျပီးေခါင္းမေလ်ွာ္ခင္ ဆံပင္အႏွံ႔ကုိပြတ္လိမ္းေပးပါ။အဲ႔ဒါဆုိ ေခါင္းေလ်ွာ္ျပီးတဲ႔အခိ်န္မွာလည္းဆံပင္သားကုိ အစိုဓာတ္ထိန္းေပးျပီးေပ်ာ့ေပ်ာင္းလွပေနေစပါတယ္ဆုိျပီး နည္းလမ္းေလးေျပာျပခဲ႔တာျဖစ္ပါတယ္။

Catherine Zeta-Jones

Catherine Zeta-Jones ကေတာ့ သူမရဲ႔ ဆံပင္သား က်န္းမာလွပေစဖုိ႔ ေပ်ာ့ေဆးအစားဘီယာကုိသံုးပါတယ္တဲ႔။ပ်ားရည္နဲ႔ဘီယာကုိေရာစပ္ျပီးေပ်ာ့ေဆးအျဖစ္သံုးတာက ဆံပင္သားအတြက္ ထူးျခားတဲ႔ေကာင္းမြန္မႈမ်ိဳးရလာေစပါတယ္လို႔ သူမရဲ႔ဆံပင္သားလွပရျခင္းလ်ွိဳ႔၀ွက္ခ်က္ကို
မ်ွေ၀ေပးခဲ႔ပါတယ္။

Chloë Grace Moretz

နာမည္ေက်ာ္မင္းသမီးတစ္လက္ျဖစ္တဲ႔ Chloë Grace Moretz ကေတာ့ သူမရဲ႔မ်က္ႏွာကိုသံလြင္ဆီနဲ႔သန္႔စင္ေပးပါတယ္တဲ႔။ျပီးေတာ့သူမရဲ႔မ်က္ႏွာကိုသံလြင္ဆီနဲ႔သန္႔စင္ေပးတာက အသားအရည္ကုိသိသိသာသာပုိျပီးေကာင္းလာေစတယ္ဆုိတဲ႔အေၾကာင္း အခိုင္အမာေျပာဆုိ
ခဲ႔ပါတယ္။

Julianne Hough

Julianne Hough ကေတာ့ သူမရဲ႔ သြားေတြက်န္းမာလွပေစဖုိ႔ နႏြင္းမႈန္႔ကုိသံုးပါတယ္တဲ႔။နႏြင္းမႈန္႔ဟာ သူမရဲ႔သြားေတြကုိက်န္းမာေစျပီးခိုင္မာျဖဴစင္ေစတယ္လုိ႔ သူမကေျပာျပခဲ႔ပါတယ္။တစ္ျခားသူေတြက နႏြင္းမႈန္႔နဲ႔သြားတုိက္တဲ႔အခါ သြားေတြ၀ါသြားတယ္ထင္ၾကေပမဲ႔ တကယ္ေတာ့သြားေတြကုိပုိျပီးျဖဴလာေစတာပါတဲ႔။လုပ္ၾကည့္ဖုိ႔ေတာင္တိုက္တြန္းထားပါေသးတယ္။

Miranda Kerr

နာမည္ေက်ာ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ႔ Miranda Kerr ဟာ သူမရဲ႔မ်က္ေတာင္ေတြေကာ့ညႊတ္ေနေစဖုိ႔ မ်က္ေတာင္ေကာ့တံေတြ၊မ်က္္ေတာင္ဆက္တာေတြမလုပ္ပါဘူး။သူမသံုးတာက ဇြန္းတစ္ေခ်ာင္းပါပဲ။သူမဟာ ဇြန္းကုိ ေရေႏြးပူထဲခဏစိမ္ထားျပီး ဇြန္းနဲ႔သူမရဲ႔မ်က္ေတာင္ေတြကုိေကာ့တင္တာပဲျဖစ္ပါတယ္။ျပီးေတာ့ မက္စ္ကာရာဆုိးလုိက္တာပါ။ဇြန္းကုိ နည္းနည္းပူေအာင္ ဆံပင္အေျခာက္ခံက္နဲ႔မႈတ္ေပးလည္းရပါတယ္။ဇြန္းတစ္ေခ်ာင္းရွိရံုနဲ႔ ေကာ့ညႊတ္တဲ႔မ်က္ေတာင္ေလးေတြရျပီေနာ္။

Kate Hudson

Kate Hudson ကေတာ့ သူမရဲ႔လွပတဲ႔အသားအရည္ကုိထိန္းသိမ္းဖုိ႔ေရခဲတံုးေလးေတြကုိသံုးပါတယ္။မိတ္ကပ္မလိမး္ခင္ မ်က္ႏွာေတြဘာေတြသစ္ျပီးေရခဲတံုးအနည္းငယ္ထည့္စိမ္ထားတဲ႔ေရထဲမွာ စကၠန္႔သံုးဆယ္ေလာက္မ်က္နွာကုိခဏႏွစ္ပါတယ္တဲ႔။ေရခဲတံုးေလးေတြက သင့္မ်က္ႏွာက
ေခြ်းေပါက္ေတြကုိက်ဥ္းသြားေစသလို မ်က္ႏွာေဖာေရာင္တာကုိလည္းေလ်ွာ့ခ်ေပးပါတယ္။ျပီးေတာ့မိတ္ကပ္လိမး္တဲ႔အခါမွာလည္းတင္းတင္းရင္းရင္းေလးျဖစ္ေစပါတယ္။

Unicode

Celebrity တစ်ယောက်ဆိုတာ တစ်ခြားသူတွေထက်ပိုပြီးထင်းလင်းလှပနေတာ အားလုံးအသိပါပဲ။ဒီတော့ Trend ရဲ ့ပျိုမေလေးတွေကိုလည်းပိုပြီးလှပတဲ့အလှတရားလေးတွေပိုင်ဆိုင်ရအောင် သူတို့သုံးတဲ့ ထူးထူးခြားခြား နည်းလမ်းလေးတစ်ချို့ကို ပြန်ပြီးမျှဝေပေးချင်ပါတယ်။နာမည်ကျော်တွေဖြစ်လို့ စျေးကြီးတဲ့အကောင်းစားအလှကုန်ပစ္စည်းတွေသုံးလိမ့်မယ်လို့ နည်းနည်းမှမထင်လိုက်ပါနဲ့။တကယ့် သဘာဝပစ္စည်းတွေချည်းသုံးတာပါ။ဒီတော့ ဘယ်သူတွေက ဘယ်လိုသဘာဝပစ္စည်းတွေသုံးလဲဆိုတာ ကြည့်လိုက်ရအောင်။

Suki Waterhouse

နာမည်ကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Suki Waterhouse ကတော့ သူမရဲ ့ဆံပင်ကို ကိုကာကိုလာနဲ့လျှော်ပါတယ်တဲ့။မကြာခဏဆိုသလို ကိုကာကိုလာနဲ့သူမရဲ့ခေါင်းကိုလျှော်လေ့ရှိပြီး ခေါင်းလျှော်ရည်နဲ့လျှော်တာထက် သူမရဲ့ ဆံပင်သားကပိုပြီးနူးညံ့ပြီးကြည့်လို့ကောင်းသွားတယ်လို့
အင်တာဗျူးမှာဖြေခဲ့ဖူးပါတယ်။

Blake Lively

အမေရိကန်မင်းသမီးချောကတော့ သူမရဲ့ဆံပင်ကို မုယောနိစ်နဲ့ပေါင်းတင်ပါတယ်တဲ့။သူမရဲ့အမေက ပေးခဲ့တဲ့အကြံဉာဏ်လို့လည်းပြောပြပါသေးတယ်။မုယောနိစ်မှာ သံလွင်ဆီဖြစ်စေ၊အုန်းဆီဖြစ်စေအနည်းငယ်ထည့်ပြီးခေါင်းမလျှော်ခင် ဆံပင်အနှံ့ကိုပွတ်လိမ်းပေးပါ။အဲ့ဒါဆို ခေါင်းလျှော်ပြီးတဲ့အချိန်မှာလည်းဆံပင်သားကို အစိုဓာတ်ထိန်းပေးပြီးပျော့ပျောင်းလှပနေစေပါတယ်ဆိုပြီး နည်းလမ်းလေးပြောပြခဲ့တာဖြစ်ပါတယ်။

Catherine Zeta-Jones

Catherine Zeta-Jones ကတော့ သူမရဲ့ ဆံပင်သား ကျန်းမာလှပစေဖို့ ပျော့ဆေးအစားဘီယာကိုသုံးပါတယ်တဲ့။ပျားရည်နဲ့ဘီယာကိုရောစပ်ပြီးပျော့ဆေးအဖြစ်သုံးတာက ဆံပင်သားအတွက် ထူးခြားတဲ့ကောင်းမွန်မှုမျိုးရလာစေပါတယ်လို့ သူမရဲ့ဆံပင်သားလှပရခြင်းလျှို့ဝှက်ချက်ကို
မျှဝေပေးခဲ့ပါတယ်။

Chloë Grace Moretz

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Chloë Grace Moretz ကတော့ သူမရဲ့မျက်နှာကိုသံလွင်ဆီနဲ့သန့်စင်ပေးပါတယ်တဲ့။ပြီးတော့သူမရဲ့မျက်နှာကိုသံလွင်ဆီနဲ့သန့်စင်ပေးတာက အသားအရည်ကိုသိသိသာသာပိုပြီးကောင်းလာစေတယ်ဆိုတဲ့အကြောင်း အခိုင်အမာပြောဆို
ခဲ့ပါတယ်။

Julianne Hough

Julianne Hough ကတော့ သူမရဲ့ သွားတွေကျန်းမာလှပစေဖို့ နနွင်းမှုန့်ကိုသုံးပါတယ်တဲ့။နနွင်းမှုန့်ဟာ သူမရဲ့သွားတွေကိုကျန်းမာစေပြီးခိုင်မာဖြူစင်စေတယ်လို့ သူမကပြောပြခဲ့ပါတယ်။တစ်ခြားသူတွေက နနွင်းမှုန့်နဲ့သွားတိုက်တဲ့အခါ သွားတွေဝါသွားတယ်ထင်ကြပေမဲ့ တကယ်တော့သွားတွေကိုပိုပြီးဖြူလာစေတာပါတဲ့။လုပ်ကြည့်ဖို့တောင်တိုက်တွန်းထားပါသေးတယ်။

Miranda Kerr

နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Miranda Kerr ဟာ သူမရဲ့မျက်တောင်တွေကော့ညွှတ်နေစေဖို့ မျက်တောင်ကော့တံတွေ၊မျက််တောင်ဆက်တာတွေမလုပ်ပါဘူး။သူမသုံးတာက ဇွန်းတစ်ချောင်းပါပဲ။သူမဟာ ဇွန်းကို ရေနွေးပူထဲခဏစိမ်ထားပြီး ဇွန်းနဲ့သူမရဲ့မျက်တောင်တွေကိုကော့တင်တာပဲဖြစ်ပါတယ်။ပြီးတော့ မက်စ်ကာရာဆိုးလိုက်တာပါ။ဇွန်းကို နည်းနည်းပူအောင် ဆံပင်အခြောက်ခံက်နဲ့မှုတ်ပေးလည်းရပါတယ်။ဇွန်းတစ်ချောင်းရှိရုံနဲ့ ကော့ညွှတ်တဲ့မျက်တောင်လေးတွေရပြီနော်။

Kate Hudson

Kate Hudson ကတော့ သူမရဲ့လှပတဲ့အသားအရည်ကိုထိန်းသိမ်းဖို့ရေခဲတုံးလေးတွေကိုသုံးပါတယ်။မိတ်ကပ်မလိမး်ခင် မျက်နှာတွေဘာတွေသစ်ပြီးရေခဲတုံးအနည်းငယ်ထည့်စိမ်ထားတဲ့ရေထဲမှာ စက္ကန့်သုံးဆယ်လောက်မျက်နှာကိုခဏနှစ်ပါတယ်တဲ့။ရေခဲတုံးလေးတွေက သင့်မျက်နှာက
ချွေးပေါက်တွေကိုကျဉ်းသွားစေသလို မျက်နှာဖောရောင်တာကိုလည်းလျှော့ချပေးပါတယ်။ပြီးတော့မိတ်ကပ်လိမး်တဲ့အခါမှာလည်းတင်းတင်းရင်းရင်းလေးဖြစ်စေပါတယ်။

Unicode

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.