ဒီကောင်မလေးလူရွေးမှန်သွားခဲ့ပြီ…😚🤞
ယောက်ျားတိုင်းမလုပ်နိုင်တဲ့ အလုပ်ပါပဲ။ မိန်းမချောမိန်းမလှ လေးတွေ ရှယ်ကိတ်လေးတွေ ကိုရှောင်ကွင်းနိုင်ပြီးကိုယ့်ချစ်ရသူမိန်းကလေးအတွက်ကိုယ့်ရဲ့စိတ်အလိုတွေကိုထိန်းချုပ်နိုင်တယ်ဆိုရင်တော့ တကယ်ကိုတန်ဖိုးရှိတဲ့ ယောက်ျားကောင်းပါပဲ။
Unicode
မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ ကောင်းမွန်တဲ့ယောကျ်ားတစ်ယောက်ရဲ့အချစ်ကိုရရှိဖို့ဆိုတာ အင်မတန်လိုအပ်တဲ့အရာပါ။ ကောင်းမွန်တဲ့ယောကျ်ားလို့ပြောလိုက်လို့ လိုအပ်ချက်မရှိအရာရာပြည့်စုံနေတဲ့သူမျိုးမှလို့မဆိုလိုဘူးနော်ကိုယ်ရှိနေရင်ပြည့်စုံတယ်ဆိုတဲ့ယောကျ်ားမျိုး ကိုယ့်အတွက်ဆိုရင် ကြိုးစားပေးမယ်ဆိုတဲ့ယောက်ျားမျိုးဖြစ်နေဖို့ပဲလိုတာပါ။ ချစ်သူကောင်းမဖြစ်ရင် အိမ်ထောင်ဦးစီးကောင်းမဖြစ်နိုင်သလို အိမ်ထောင်ဦးစီးကောင်းမဖြစ်ရင်လည်း ဖခင်ကောင်းမမဖြစ်လာနိုင်ပါဘူး ။ ဆိုတော့မိန်းကလေးတစ်ယောက်လူရွေးမှန်သွားတာမျိုးဆိုတာ…ဘယ်လိုမျိုးပါလိမ့်?…
(၁) သူ့ကြောင့်ချစ်သူမိန်းကလေးအရှက်မရစေရဘူး
ကိုယ့်ကြာင့်ကိုယ်ချစ်သူမိန်းကလေးဘဝမှာ အရှက်ရစရာကိစ္စတွေကို မဖြစ်စေအောင်အမြဲနေတတ်ကြတဲ့သူတွေပါ။ သူ့ကြောင့်ဂုဏ်မယူရရင်တောင်အနည်းဆုံးတော့ သူ့ကြောင့်အရှက်မရစေရပါဘူး။
(၂) တင့်တောင်းတင့်တယ်ဖြစ်အောင်ကြိုးစားလေ့ရှိတယ်
ကိုယ့်မိန်းကလေးကို တစ်ခြားသူတွေထက်အမြဲသာလွန်စေချင်တယ် အကောင်းဆုံးမဟုတ်ရင်တောင် လူကြားထဲတင့်တင့်တယ်တယ်ထားနိုင်အောင်ကြိုးစားလေ့ရှိတတ်ကြတယ်။ ဒီလိုလုပ်ဖို့ကိုလည်းပြောစရာမလိုအောင်ကိုဘယ်တော့မှမငြိုငြင်တတ်ဘူး။
(၃) ပြောတဲ့စကားတွေကို စိတ်ရှည်ရှည်နားထောင်ပေးတယ်
ကိုယ့်ကောင်မလေးရဲ့စိတ်ပင်ပန်းမှုတွေပျော်ရွှင်မှုတွေနဲ့ရင်ဖွင့်မှုတွေကို အတက်နိုင်ဆုံးအချိန်ပေးပြီးနားထောင်ပေးလေ့ရှိတယ်။ မျှဝေခံစားပေးတဲ့သဘောပေါ့။
(၄) အမှားမှန်ကိုထောက်ပြရှင်းပြဖို့ဝန်မလေးဘူး
အမှားမှန်ကို ထောက်ပြပြီး ပြုပြင်ပြောင်းလဲပေးဖို့ကြိုးစားကြတယ်။ ကိုယ့်မိန်းကလေးရဲ့အားနည်းချက်တွေကို ဖုံးသင့်တာဖုံးပြင်သင့်တာပြင်ပေးပြီးဦးစီးဦးဆောင်လုပ်ဖို့ဝန်မလေးတတ်ဘူး။
(၅) အမြဲကာကွယ်ပေးဖို့ကြိုးစားတယ်
ကိုယ့်မိန်းကလေးကို အမြဲကာကွယ်ပေးဖို့ကြိုးစားတတ်တယ်။ သူများတွေဘာပဲပြောပြောကိုယ့် ချစ်သူဘက်ကကာကွယ်ပေးတတ်ပြီး သူများတွေကွယ်ရာမှ မှားရင်မှားနေမှန်း အမှန်ပြင်သင့်ကြောင်း
ညင်ညင်သာသာနားဝင်အောင်ကြိုးစားလေ့ရှိတယ်။(တစ်ခါတစ်လေ အနုနည်းမရလည်းအကြမ်းနည်းနဲ့နားဝင်အောင်ပြောရတာမျိုးတော့ရှိတာပေါ့ :-P)
(၆) ကိုယ့်ချစ်ရသူမိန်းကလေးအတွက် တစ်ခြားမိန်းမချောတွေကိုစွန့်လွှတ်နိုင်တယ်
ယောကျ်ားတိုင်းမလုပ်နိုင်တဲ့ အလုပ်ပါပဲ။ မိန်းမချောမိန်းမလှ လေးတွေ ရှယ်ကိတ်လေးတွေ ကိုရှောင်ကွင်းနိုင်ပြီးကိုယ့်ချစ်ရသူမိန်းကလေးအတွက်ကိုယ့်ရဲ့စိတ်အလိုတွေကိုထိန်းချုပ်နိုင်တယ်ဆိုရင်တော့ တကယ်ကိုတန်ဖိုးရှိတဲ့ ယောကျ်ားကောင်းပါပဲ။
ဒီကောင်မလေးလူရွေးမှန်သွားပြီလို့အပြောခံရတဲ့ထဲမှာ သင်တို့လည်းပါပါစေ…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.