ကိုယ္႔ကိုယ္ကိုယ္အေကာင္းဆံုး Control လုပ္နုိင္ျပီဆိုရင္သင္႔ဘ၀မွာ က်ရံႈးစိတ္ပ်က္မႈေတြမရွိသေလာက္နည္းပါးမွာပါ🤞🤞

ေလာကျကီးမွာ ကိုယ္႔ကိုယ္ကိုယ္အေကာင္းဆံုးဖန္တီးနုိင္တာကိုယ္ပါပဲ…ေကာင္းတာဖန္တီးနိုင္တာလည္းကိုယ္ပဲျဖစ္သလုိ ဆိုးတာေတြျဖစ္လာေအာင္လမ္းစေဖာ္ခဲ႔မိတာလည္းကိုယ္ပါပဲ။ တစ္ခါတစ္ခါမွစိတ္သိပ္ပင္ပန္းတတ္ျကတယ္၊ ဒီလုိပဲ အတိုင္းမသိလည္းေပ်ာ္ရႊင္တတ္ျကတယ္ ေပ်ာ္ရႊင္မႈေတြ စိတ္ညစ္မႈေတြကို လံုးေစ႔ပတ္ေစ႔ ခံစားတတ္ပင္မဲ႔ဒီအရာေတြက ကိုယ္ကိုယ္တိုင္ဖန္တီးထားတယ္ဆိုတာကိုေတာ႔ေမ႔ေနတတ္ျကပါတယ္။ ဒါေျကာင္႔ လူတစ္ေယာက္ရဲ႕ဘ၀ဟာ ေပ်ာ္စရာေတြျဖစ္လာဖို႕ အတတ္နုိင္ဆံုးစိတ္ပင္ပန္းစရာေတြကင္းေ၀းဖို႕ စိတ္ပင္ပန္းလာခဲ႔ရင္လည္း အေကာင္းဆံုး ျဖစ္ေအာင္အျမန္အဆံုးသတ္နုိင္ဖို႕ အလုိအပ္ဆံုးကေတာ႔ ကိုယ္႔စိတ္နဲ႕ကိုယ္႔ကိုယ္ကို အေကာင္းဆံုးControl လုပ္နုိင္ဖုိ႕ပါပဲ။ Control ဆိုတာ ထိန္းခ်ဳပ္တာမဟုတ္ပါဘူး၊ ထိန္းသိမ္းတာမ်ိဳးပါ။ ဘယ္အရာကိုလုပ္သင္႔တယ္ ဘယ္အရာကိုေတာ႔ကိုယ္ေရွာင္ရမယ္ ဆိုတာမ်ိဳးပါ။ ခက္ခဲတဲ႔အပိုင္းကေတာ႔ စိတ္ပင္ပန္းေနတဲ႔အခ်ိန္ ေျကမြပ်က္စီးေနတဲ႔စိတ္ကို ျပန္လည္တည္ေဆာက္ေနရတဲ႔အခ်ိန္မ်ိဳးပါ။ ဒီလုိအခ်ိန္မ်ိဳးမွာကိုယ္႔စိတ္ကို ကိုယ္အေကာင္းဆံုးထိန္းသိမ္းျပီး ေျဖေဖ်ာက္နိုင္ရင္တာမ်ိဳးျဖစ္ပါေစ။ ေနာက္တစ္ခုက သိပ္ကိုေပ်ာ္စရာေကာင္းတဲ႔အခ်ိန္ေတြေရာက္လာတဲ႔အခါလည္း ေပ်ာ္လုိက္ပါေပ်ာ္သင္႔သေလာက္ေပ်ာ္ျပီးဒါေတြကအျမဲထိုင္ေပ်ာ္ေနတာနဲ႕ျပီးမဲ႔အရာမဟုတ္ဘူးဆိုတာေတြးျပီးကိုယ္႔အရွိန္ေလးနဲ႕ကိုယ္ထိန္းပါ။ ဒီလုိသာ အရာရာတုိင္းကို စိတ္လက္မာန္မာတရားလြန္မခံစားပဲ ကိုယ္႔စိတ္နဲ႕ကိုယ္႔ကိုယ္ကို ေကာင္းေကာင္းျကီး Control လုပ္နုိင္ျပီဆုိရင္ေတာ႔ သင္႔ဘ၀မွာေတာ္ရံုျပႆနာေတြကို ေျဖရွင္းဖို႕မမႈေတာ႔သလို အျကီးက်ယ္ရုပ္ျပတ္ဆင္းျပတ္ရံႈးနိမ္႔ပ်က္စီးမႈမ်ိဳးကို သင္႔ဘ၀မွာ မျကံုေတြ႕နုိင္ေတာ႔တာအေသခ်ာပါပဲ….ကိုယ္႔ဘ၀ကို ကိုယ္တုိင္အေကာင္းဆံုး Control လုပ္ရင္း တစ္ပါးသူေတြရဲ႕ေလာင္းရိပ္ေအာက္ကေန လြတ္ေျမာက္နုိင္ပါေစ…

Unicode

လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖန်တီးနိုင်တာကိုယ်ပါပဲ…ကောင်းတာဖန်တီးနိုင်တာလည်းကိုယ်ပဲဖြစ်သလို ဆိုးတာတွေဖြစ်လာအောင်လမ်းစဖော်ခဲ့မိတာလည်းကိုယ်ပါပဲ။ တစ်ခါတစ်ခါမှစိတ်သိပ်ပင်ပန်းတတ်ကြတယ်၊ ဒီလိုပဲ အတိုင်းမသိလည်းပျော်ရွှင်တတ်ကြတယ် ပျော်ရွှင်မှုတွေ စိတ်ညစ်မှုတွေကို လုံးစေ့ပတ်စေ့ ခံစားတတ်ပင်မဲ့ဒီအရာတွေက ကိုယ်ကိုယ်တိုင်ဖန်တီးထားတယ်ဆိုတာကိုတော့မေ့နေတတ်ကြပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ဘဝဟာ ပျော်စရာတွေဖြစ်လာဖို့ အတတ်နိုင်ဆုံးစိတ်ပင်ပန်းစရာတွေကင်းဝေးဖို့ စိတ်ပင်ပန်းလာခဲ့ရင်လည်း အကောင်းဆုံး ဖြစ်အောင်အမြန်အဆုံးသတ်နိုင်ဖို့ အလိုအပ်ဆုံးကတော့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ကို အကောင်းဆုံးControl လုပ်နိုင်ဖို့ပါပဲ။ Control ဆိုတာ ထိန်းချုပ်တာမဟုတ်ပါဘူး၊ ထိန်းသိမ်းတာမျိုးပါ။ ဘယ်အရာကိုလုပ်သင့်တယ် ဘယ်အရာကိုတော့ကိုယ်ရှောင်ရမယ် ဆိုတာမျိုးပါ။ ခက်ခဲတဲ့အပိုင်းကတော့ စိတ်ပင်ပန်းနေတဲ့အချိန် ကြေမွပျက်စီးနေတဲ့စိတ်ကို ပြန်လည်တည်ဆောက်နေရတဲ့အချိန်မျိုးပါ။ ဒီလိုအချိန်မျိုးမှာကိုယ့်စိတ်ကို ကိုယ်အကောင်းဆုံးထိန်းသိမ်းပြီး ဖြေဖျောက်နိုင်ရင်တာမျိုးဖြစ်ပါစေ။ နောက်တစ်ခုက သိပ်ကိုပျော်စရာကောင်းတဲ့အချိန်တွေရောက်လာတဲ့အခါလည်း ပျော်လိုက်ပါပျော်သင့်သလောက်ပျော်ပြီးဒါတွေကအမြဲထိုင်ပျော်နေတာနဲ့ပြီးမဲ့အရာမဟုတ်ဘူးဆိုတာတွေးပြီးကိုယ့်အရှိန်လေးနဲ့ကိုယ်ထိန်းပါ။ ဒီလိုသာ အရာရာတိုင်းကို စိတ်လက်မာန်မာတရားလွန်မခံစားပဲ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ကို ကောင်းကောင်းကြီး Control လုပ်နိုင်ပြီဆိုရင်တော့ သင့်ဘဝမှာတော်ရုံပြဿနာတွေကို ဖြေရှင်းဖို့မမှုတော့သလို အကြီးကျယ်ရုပ်ပြတ်ဆင်းပြတ်ရှုံးနိမ့်ပျက်စီးမှုမျိုးကို သင့်ဘဝမှာ မကြုံတွေ့နိုင်တော့တာအသေချာပါပဲ….ကိုယ့်ဘဝကို ကိုယ်တိုင်အကောင်းဆုံး Control လုပ်ရင်း တစ်ပါးသူတွေရဲ့လောင်းရိပ်အောက်ကနေ လွတ်မြောက်နိုင်ပါစေ…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.