နယူးယော့မြို့ ကိုရောက်ရှိတော့မှာဖြစ်တဲ့ မှော်ဆန်ဆန်ဘားဆိုင် The Cauldron

The Cauldron NYC

wizarding-theme ဘားကတော့ မကြာမှီအချိန်တွင်းမှာ နယူးယော့မြို့ ကိုရောက်လာတော့မှာဖြစ်ပါတယ်။ လန်ဒန်မှာ အောင်မြင်စွာ ဖွင့်လှစ်ပြီးသွားပြီဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝန်းကို တဖြည်းဖြည်းရောက်ရှိလာတော့တော့မှာဖြစ်ပါတယ်။

The Cauldron NYC

လာရောက်တဲ့ ဧည့်သည်တွေကတော့ ဟယ်ရီပေါ်တာ ဇာတ်ကားထဲကလို အမည်းရောင် ဝတ်ရုံရှည်ကြီးတွေဝတ်ပြီး ကြိုက်နှစ်သက်ရာ drink ကိုသုံးဆောင်နိုင်မှာပါ။ ticket တစ်ခုကို ဒေါ်လာ ၄၄.၉၉ ကျပါတယ်။ နယူးယော့မှာ လာမယ့် စက်တင်ဘာလ ၁၃ရက်နေ့ဆို Manhattan မြို့ က Stone Street မှာဖွင့်လှစ်မှာဖြစ်ပါတယ်။

The Cauldron NYC

လန်ဒန်မှာလိုပဲ လာရောက်တဲ့ ဧည့်သည်တွေမှာ မှော်တုတ်တံကိုယ်စီ ရရှိမှာဖြစ်ပြီး ဒဏ္ဍာရီပုံပြင်တွေထဲကလို မှော်ဆေးခွက်အရည်တွေ စပ်သလို စိတ်ကူးပုံဖော်နိုင်မှာဖြစ်တဲ့အတွက် ဒီဆိုင်လေးဟာ
လူကြိုက်များဦးမယ်လို့ ယုံကြည်ပါတယ်။

The Cauldron NYC

magic ဆို စိတ်ဝင်စားပြီးသားဖြစ်တဲ့ လူတွေကို ဒီလိုအိုင်ဒီယာမျိုးနဲ့ ဆွဲဆောင်နိုင်တာ သဘောကျစရာပါပဲ။ မှော်အစွမ်းတွေဟာ လူသားတွေအတွက် စိတ်ကူးယဉ်တစ်ခုသာဖြစ်ပေမယ့် အခုချိန်မှာတော့ လက်တွေ့မြင်ပြီး ခံစားရတော့မှာဖြစ်ပါတယ်။

The Cauldron co-founders David Duckworth (L) and Matthew Cortland (R).

The Cauldron ရဲ့ co – founders တွေဖြစ်တဲ့ David Duckworth (L) နဲ့ Matthew Cortland (R)

71 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.