ခပ်ဆိုးဆိုးကောင်လေးဇာတ်ရုပ်နဲ့အမြဲတွေ့ရတဲ့ ယူတို့ရဲ့ Kim Woo Bin အကြောင်း 💕
Unicode
Kim Woo Bin ဆိုရင် “The Heirs” ဇာတ်ကားထဲက ခပ်ဆိုးဆိုးကောင်လေး၊ဂျစ်ကန်ကန်ကောင်လေးကိုပြေးမြင်မိကြတယ်ဟုတ်! သူ့ရဲ့ဇာတ်ရုပ်ကိုအမြဲပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ တောင်ကိုရီးယားမင်းသားချော Kim Woo Bin ဟာ အခုချိန်မှာတော့ ကျန်းမာရေးသိပ်မကောင်းသေးလို့ အနားယူနေရဆဲအချိန်လေးပါ။ဒါပေမဲ့ ပရိသတ်တွေနဲ့အဆက်မပြတ်အောင်လို့ ပရိသတ်တွေသိပ်မသိကြသေးတဲ့ Kim Woo Bin ရဲ့အကြောင်းလေးတွေကိုပြောပြပေးချင်ပါတယ်။
*အချစ်ဆုံးသူငယ်ချင်းက မင်းသားချော Lee Jong Suk ပါ 💕
Kim Woo Bin နဲ့ Lee Jong Suk တို့ရဲ ့Bromance ကို တစ်ချို့ပရိသတ်တွေကတော့သိပြီးသားပဲဖြစ်မှာပါ။သူတို့က School 2013 မှာအတူတွဲဖက်သရုပ်ဆောင်ခဲ့ပြီး အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပါ။သူတို့နှစ်ယောက်ဒိတ်နေကြတယ်လို့တောင် သတင်းထွက်လောက်တဲ့အထိ ညီအစ်ကိုလိုချစ်ကြတာပါ။သူငယ်ချင်းသံယောဇဉ်ဆိုတာလည်း အချစ်ပုံစံတစ်မျိုးပဲလို့ Woo Bin က အင်တာဗျူးမှာဖြေခဲ့ဖူးပါတယ်။သူတို့နှစ်ယောက်အမြဲတမး်မဆုံဖြစ်ပေမဲ့ မကြာခဏတွေ့ဆုံလေ့ရှိပါတယ်တဲ့။Twenty VIP press conference ပွဲကျင်းပတုန်းက Kim Woo Bin ဟာ အဲ့ဒီပွဲကိုမလာရင် စိတ်ဆိုးမယ်ဆိုပြီး Lee Jong Suk ကို ခြိမ်းခြောက်ခဲ့ပါတယ်တဲ့ ။How cute!
*Kim Woo Bin ရဲ ့လက်သီးထိုးအားက Kim Jong Kook ထက်တောင်ပြင်းပါတယ်
Rm ပရိသတ်တွေဆိုရင် အဖွဲ့ဝင်တွေထဲမှာ Kim Jong Kook က အားအကြီးဆုံးလို့သိကြပါတယ်။ဒါပေမဲ့ Kim Woo Bin လာကစားတဲ့အခန်းမှာ လက်သီးထိုးတာဘယ်လောက်ပြင်းလဲဆိုပြီး စမ်းခဲ့ကြပါတယ်။အဲ့ဒီမှာ Woo Bin ရဲ ့လက်သီးထိုးအားက ၈၃၇ တောင်ရှိခဲ့ပြီး Kim Jong Kook ရဲ ့လက်သီးထိုးအားက ၆၆ရပဲရှိခဲ့ပါတယ်။အဲ့ဒီတော့ Woo Bin ရဲ ့Boxing skill က မြင့်တယ်ပြောရမှာပေါ့
*နှုတ်ခမ်းကိုလျှာနဲ့သပ်တတ်တဲ့အချက်လည်း ယူတို့ရဲ ့Woo Bin မှာရှိပါသေးတယ်
*Kim Woo Bin ရဲ့အိပ်မက်ကတော့ မော်ဒယ်လ်ဖြစ်ချင်တာပါ
သူငယ်ငယ်လေးကတည်းက မော်ဒယ်လ်ဖြစ်ချင်ခဲ့တာလို့ပြောပြခဲ့ဖူးပြီး ဖက်ရှင်မော်ဒယ်လ်အပိုင်းကို မေဂျာအဖြစ်ယူချင်ခဲ့ကြောင်း ပရော်ဖက်ဆာဆီအကြောင်းကြားတင်ပြခဲ့ဖူးပါသေးတယ်တဲ့။
*အထက်တန်းကျောင်းသားဘဝတုန်းက Kim Woo Bin က မျက်မှန်လေးနဲ့ပါ
*Bad Boy ပုံစံဇာတ်ရုပ်ကို သူကပိုပြီးကျွမ်းကျင်စွာသရုပ်ဆောင်နိုင်ပါတယ်
ဒါကသူ့ရဲ့Trademark လိုတောင်ဖြစ်နေပါပြီ။ Heirs ၊ School 2013 နဲ့ Gentleman’s Dignity တို့မှာ သူက ခပ်ဆိုးဆိုးကောင်လေးအဖြစ်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
*သူ့ရဲ့နာမည်အရင်းက Kim Hyun Joong ဖြစ်ပြီး Kim Woo Bin က အနုပညာနာမည်ပါ။ဒါပေမဲ့ သူကလည်း နာမည်အရင်းကိုခေါ်ရင်မကြိုက်ပါဘူးတဲ့။
*သူ စစချင်းပွဲဦးထွက်တုန်းက သူ့ကို Bigbang အဖွဲ့ဝင် T.O.P နဲ့ဆင်တူတယ်လို့ ပရိသတ်တွေကပြောကြပါသေးတယ်။
*ပထမဆုံးသူခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးခဲ့တဲ့ဇာတ်ကားဟာ Bae Suzy နဲ့တွဲဖက်ရိုက်ကူးတဲ့ Uncontrollably Fond ဇာတ်ကားဖြစ်ပြီးအဲ့ဒီဇာတ်ကားဟာ အာရှတစ်ခွင်အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တာဖြစ်ပါတယ်။အထူးသဖြင့် တရုတ်နိုင်ငံမှာပိုပြီးလူကြိုက်များအောင်မြင်ခဲ့ပါတယ်။
*သူက ဟန်မြစ်ကမ်းနားတစ်လျှောက်လမ်းလျှောက်ရတာအကြိုက်ဆုံးဖြစ်ပြီး ခေါက်ဆွဲပြုတ်ကိုလည်းအရမ်းကြိုက်ပါတယ်တဲ့။
ဒီလောက်ဆိုရင် Woo Bin ရဲ ့ပရိသတ်လေးတွေကျေနပ်ကြမယ်ထင်ပါတယ်နော် ❤
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.