BTS အဖွဲ့ဝင်တွေရဲ့ မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာလေးတွေဟာ ဆိုရင်တော့ဖြင့်

အခုခေတ်မှာ ယောက်ျားလေး အဆိုတော် ၊ သရုပ်ဆောင်တွေလည်း ကင်မရာထဲမှာ ကြည့်ကောင်းနေဖို့ မိတ်ကပ်တွေလိမ်းလာရပါပြီ။ သူတို့ကကြည့်ကောင်းဖို့ မိတ်ကပ်လိမ်းရတယ်ဆိုပေမယ့် တကယ်တမ်း နဂိုမျက်နှာလေးတွေက မချောလို့မဟုတ်ပါဘူးနော်။ သဘာဝတိုင်းကြည့်မယ်ဆိုရင်လည်း သူတို့အားလုံးရဲ့မျက်နှာလေးတွေက နုဖတ်ပြီး ဝင်းစိုနေတာပါ။ ကဲ.. အခုပြောပြမယ့် အနုပညာရှင်တွေကတော့ BTS အဖွဲ့ဝင်တွေရဲ့ မိတ်ကပ်မပါတဲ့မျက်နှာလေးတွေကို မြင်တွေ့ရှုစားရမှာဖြစ်ပါတယ် ။

Jin


ဆွဲဆောင်မှုအရှိဆုံး BTS အဖွဲ့ဝင်ဖြစ်တဲ့ Jin ကလည်း မိတ်ကပ်မပါတဲ့ မျက်နှာလေးက ကလေး
တစ်ယောက်အလားပဲ။

Suga


Suga ရဲ့ rapping skill အောက်မှာ ကျရှုံးခံရတဲ့ မိန်းကလေးတွေထဲ ခုသင်ရော ပါနေပြီလား ။ သူ့ရဲ့အကြည့်တွေကလည်း ရူးလောက်တယ်နော်။ မိတ်ကပ်မပါတဲ့ မျက်နှာကိုလည်း တစ်ချက်လောက်ကြည့်လိုက်ပါဦး…

RM


စင်ပေါ်မှာ ကြည့်လိုက်ရင် လူကြီးတစ်ယောက်လိုလို ၊ မိတ်ကပ်မပါတဲ့ မျက်နှာနဲ့ ကင်မရာတွေနောက်ကွယ်ရောက်တော့ အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လိုပဲ ပြုံးနေတာကိုသာ ရှိုး

J-Hope


အကမှာဆို ဆရာတစ်ဆူဖြစ်တဲ့ J-Hope ကိုလည်း မိတ်ကပ်မပါတဲ့ မျက်နှာလေးမြင်ဖူးချင်ကြမယ်ဟုတ် !

V


V က အစတည်းက ပရိတ်သတ်များအသည်းနှလုံးကို ဆုပ်ကိုင်ထားသူတစ်ယောက်ပါ။ ပွဲတိုင်းမှာ
မိန်းကလေးများကို အမြဲဖမ်းစားထားနိုင်တယ်။ လေဆိပ်တစ်ခုမှာ မိတ်ကပ်မပါတဲ့ သူ့ရဲ့မျက်နှာလေးကို ဓာတ်ပုံတစ်ပုံမှာ မြင်တွေ့ရမှာပါ။

Jimin


sexy dancing တွေနဲ့ မိန်းကလေးတွေရင်ထဲကို လှိုက်ခနဲ လှိုက်ခနဲဖြစ်စေတဲ့ Jimin ကရော .. ပုံမှန်ဖျော်ဖြေပွဲတွေမရှိရင် သူ့ရဲ့သဘာဝတိုင်း မျက်နှာလေးက ဘယ်လိုဖြစ်မလဲ..

Jungkook


နှလုံးရောဂါ ရချင်စရာနော်။ Jungkook နဲ့ အပြင်မှာဆုံမိတိုင်း ပရိတ်သတ်တွေတိုင်း ပျော်လွန်းလို့
မျက်ရည်မကျတဲ့သူ မရှိပါဘူး။ မိတ်ကပ်မပါတဲ့ မျက်နှာလေးကို မြင်ပြန်တော့လည်း ပိုလို့တောင် အချစ်ပိုရပါတယ်။ ကြည့်ပါဦးး….

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.