ကိုယ်တိုင်ပြောင်းလဲယူလို့မရတဲ့အရာတွေအပေါ် အများကြီးမမျှော်လင့်မိပါစေနဲ့…🙃🙃
Unicode
လောကကြီးမှာတစ်ချို့သောအရာတွေက ကိုယ်ဘယ်လောက်ပဲကြိုးစားပြီးပြောင်းလဲပြောင်းလဲ ပင်ကိုဗီဇအရပဲဖြစ်ဖြစ်အမျိုးသောအကြောင်းအရာတွေကြောင့် ပြောင်းလဲယူလို့မရတဲ့ကိစ္စတွေများကြီးပါ။ဒါကို မမေ့ထားဖို့တော့လိုပါတယ်။ဒီလိုအရာကို မေ့ထားပြီးကိုယ့်ဘက်ကဖြစ်ချင်တာတွေကို တစ်ဖက်သတ်ကြီးအတင်းကိုကြိုးစားယူတဲ့အခါမလိုလားအပ်တဲ့စိတ်ပင်ပန်းစရာတွေဖြစ်လာနိုင်ပါတယ်။း ကြိုးစားရင်ဘာမဆိုဖြစ်တယ်ဆို ဒါဆိုဘာလို့မဖြစ်နိုင်ရတာလည်းဆိုတဲ့မေးခွန်းတွေမေးလာနိုင်ပါတယ်။ မှန်ပါတယ် ကြိုးစားရင်ရသင့်သလောက်တော့ရမှာပါ ဒါပင်မဲ့အရာရာတိုင်းတော့မရနိုင်ပါဘူး။ အထူးသဖြင့် ချစ်ရေးချစ်ရာလိုကိစ္စမျိုးတွေမှာပေါ့။ တစ်ခါတစ်ရံရှိတတ်ကြတယ်ဗျ တစ်ချို့ကကိုယ့်ချစ်သူအပေါ်အရမ်းချစ်တာတော့ဖြစ်စေချင်တာတွေ များလာတတ်ကြတယ်။ ကိုယ့်အချစ်တွေကအရမ်းများလာတော့ တစ်ဖက်သားဆီကအချစ်တွေကို ကိုယ့်နီးပါးမရရင် အားမလိုအားမရဖြစ်တတ်ကြတယ်။ ကိုယ်ဘက်ကတစ်အားကြင်နာယုယချင်နေပြန်တော့သူ့ဘက်ကကိုယ့်လောက်နှီးနီးဂရုမစိုက်မိရင်မချစ်ဖူးထင်ပြီးစိတ်ပင်ပန်းတတ်ကြတယ်။ နောက်တစ်ခုသိထားရမှာကလူတစ်ယောက်ကိုယ့်အပေါ်ချစ်လာအောင် လူတစ်ယောက်ကိုယ့်အပေါ်ခံစားသက်ဝင်လာအောင် လူတစ်ယောက်ကိုယ့်အပေါ်စိုးရိမ်လာအောင် ကိုယ့်ခံစားချက်တွေကို နားလည်ပေးနိုင်လာအောင်ဆိုတာမျိုး
တွေက ဖန်တီးယူလို့ရတဲ့အရာမျိုးတွေလုံးဝလုံးဝကိုမဟုတ်ပါဘူး။ ကိုယ်ဘယ်လိုပဲပြောင်းလဲပြောင်းလဲ ကိုယ့်အချစ်တွေသာသူအသိမှတ်ပြုပြင်ပြုမယ် သူကိုယ်တိုင်ကိုယ်လိုချင်တဲ့ပုံစံပြန်ပေးဖို့ဆိုတာကတော့ သူ့စိတ်ကိုုက ကိုယ့်ဆီမှာရှိနေမှဖြစ်မှာပါ။ လူတစ်ယောက်ရဲ့ပင်ကိုစိတ်ဓာတ် အကျင့်နဲ့ဗီဇဆိုတာမျိုးကအတင်းအကျပ်ပြောင်းလဲယူရခက်တဲ့အရာမျိုးပါ။ ကိုယ့်ကိုယ်ချစ်လို့ပြောင်းလဲသွားတယ်ဆိုရင်တောင် ခဏပဲဖြစ်မှာပါ။ နောက်အချိန်မရွေးပြန်ပေါ်လာနို်င်တာမျိုးပါပဲ။ ဒါကြောင့်ကိုယ်တိုင်ဘယ်လိုကြိုးစားကြိုးစားဖန်တီးယူလို့မရတဲ့အရာတွေဆီကနေ ဘာမှအများကြီးမမျှော်လင့်ထားတာကောင်းပါတယ်။ ကိုယ့်ဘက်ကပေးချင်စိတ်ရှိရင် အိတ်သွန်ဖာမှောက်တတ်နိုင်သလောက်ပေးလိုက်ပါ။ ဘာကြီးပြန်ရမှ ဘယ်လောက်ပြန်ရမှဆိုတာမျိုးတွေးမယ်လို့စိတ်ကူးရင်တော့အစတည်းကဝေါင်းဝေါးင်းရွေးးပြီးဝေးဝေးရှောင်ထားတာအကောင်းဆုံးပါပဲ။ ကိုယ့်ဘက်ကမျှော်လင့်သလောက်ပြန်ရနိုင်တဲ့သူဆီသွားတာ (သို့) တစ်ယောက်တည်းကိုယ့်ဆန္ဒကိုယ်ဖြည့်ဆည်းတာအကောင်းဆုံးပါပဲ။ ကိုယ်တကယ်မပိုင်တဲ့အရာတွေအပေါ်အများကြီးမျှော်လင့်မထားပါနဲ့…
560 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.