အခ်ိန္ေတြအၾကာၾကီးသူ႔ကုိခ်စ္လာေပမဲ႔ သူ႔ဘက္ကတံု႔ျပန္မႈမရွိတဲ႔အခါ ဒါေတြကုိမေမ့လိုက္ပါနဲ႔…🍀

ကုိယ္ၾကိဳက္ေနတဲ႔သူက ကုိယ့္ကုိျပန္မၾကိဳက္ဘူးဆုိတဲ႔အျဖစ္က အထူးအဆန္းၾကီးေတာ့မဟုတ္ပါဘူး။ေယာက်္ားေလးေတြကလည္း သူတုိ႔ခ်စ္တဲ႔မိန္းကေလးေတြရဲ႔အျငင္းခံရသလို မိန္းကေလးေတြက်ေတာ့လည္း ကုိယ္ခ်စ္ေနတဲ႔ေယာက်္ားေလးရဲ႔အခ်စ္ကုိ ျပန္မရတာမ်ိဳးေတြရွိတတ္ပါတယ္။ကုိယ္ကသူ႔ကုိခရက္ရွ္ေနသလို သူကလည္း တစ္ျခားတစ္္ေယာက္ကုိခရက္ရွ္ေနတာမ်ိဳးဆုိ အသည္းကြဲတာေပါ့။

ကုိယ္ခ်စ္ရတဲ႔သူက ကုိယ့္ကိုျပန္မခ်စ္ဘူးဆုိတာသိလုိက္ရတဲ႔အခ်ိန္၊တစ္ျခားတစ္ေယာက္ကုိသူခ်စ္ေနတယ္လို႔သိလိုက္ရတဲ႔အခ်ိန္က ကမာၻတစ္ျခမ္းေမွာင္သြားသလိုပဲခံစားလုိက္ရမွာပါ။ဘ၀မွာသူတစ္ေယာက္တည္းကုိပဲပုိင္ဆုိင္ရရင္ေက်နပ္ျပီဆုိတဲ႔စိတ္မ်ိဳးရွိရင္ေတာင္ သူကိုယ့္ကုိျပန္မခ်စ္ဘူးဆုိတဲ႔အခ်က္နဲ႔တင္ ဘ၀မွာရွင္သန္ေနထုိင္ရတာအရင္ကထက္ပုိျပီးအဓိပၸာယ္မဲ႔သြားသလို ခံစားရမွာအမွန္ပါပဲ။ကုိယ္က သူ႔အေပၚ အခ်ိန္ေတြအၾကာၾကီး ေမွ်ာ္လင့္ခ်က္ၾကီးၾကီးခ်စ္ထားခဲ႔ရင္ေပါ့။

အခု Trend ပရိသတ္ပ်ိဳေမတို႔အတြက္ေရာ၊ကုိကုိေတြအတြက္ပါ ကုိယ္ခ်စ္ရတဲ႔သူက ကုိယ့္ကုိျပန္မခ်စ္ဘူးဆုိတာသိလိုက္ရတဲ႔အခ်ိန္ နာက်င္ခံစားရမႈေလ်ာ့နည္းေစဖုိ႔အတြက္ ေနထုိင္ျပဳမူရမယ့္အခ်က္ေလးေတြရယ္၊စိတ္ထားတတ္ဖုိ႔ရယ္ ျပန္ျပီးမ်ွေ၀ေပးမွာျဖစ္ပါတယ္။

*ဘ၀မွာ အျမဲတမ္းကုိယ္ျဖစ္ခ်င္တာခ်ည္းျဖစ္လာတာမဟုတ္ဘူးဆုိတာသတိရပါ
ဘ၀ဆုိတာ ဂိမ္းတစ္ခုလိုပါပဲ။တစ္ခါတစ္ေလႏုိင္မယ္၊တစ္ခါတစ္ေလ ရွံဳးမယ္၊ကိုယ္သေဘာက်တဲ႔လူေတြရွိသလုိ ကုိယ္သေဘာမက်တဲ႔လူေတြနဲ႔လည္းေတြ႔လာရမွာပါပဲ။လူတုိင္းကုိ သေဘာက်ဖုိ႔ဆုိတာလည္းခက္သား။ကုိယ္ေတာင္ သေဘာမက်တဲ႔သူေတြရွိတာ သူ႔အေနနဲ႔လည္း ကုိုယ့္ကုိ
ျပန္ျပီးသေဘာက်ခ်င္မွက်မယ္ဆုိတာ ေမ့ထားလို႔မရပါဘူး။သူ ကုိယ့္ကုိသေဘာမက်ဘူးဆုိတာနဲ႔ပဲ လူတုိင္းက ကုိယ့္ကုိသေဘာမက်ေလာက္ဘူးဆုိျပီးမေတြးမိသြားပါနဲ႔။လူတုိင္းအတြက္ သင့္ေတာ္လိုက္ဖက္တဲ႔သူတစ္ေယာက္ဆုိတာ အျမဲတမ္းရွိပါတယ္။

*လူတုိင္းက စိတ္ပ်က္စရာေတြနဲ႔ၾကံဳေတြ႔ရတယ္ဆုိတာသတိရပါ
ကုိယ္တစ္ေယာက္တည္းတင္မကပါဘူး။တစ္ျခားလူေတြမွာလည္း ကုိယ္စီကုိယ္စီစိတ္ပ်က္စရာ၊စိတ္ညစ္စရာအေျခအေနေတြရိွတတ္ပါတယ္။ကုိယ့္ကုိသူသေဘာမက်ဘူးဆုိတာဟာ ကိုယ္က လူတစ္ေယာက္သေဘာက်ရေလာက္တဲ႔အေနအထားမ်ိဳးမရွိဘူးဆုိတဲ႔အဓိပၸာယ္မ်ိဳးမဟုတ္ဘူးဆုိတာ
ေတာ့ ေသခ်ာေလးမွတ္ထားေပးပါ။

*လႊတ္ခ်လိုက္ပါ
ကုိယ့္ကုိမခ်စ္တဲ႔သူတစ္ေယာက္ ကုိယ့္ကုိခ်စ္လာဖုိ႔ၾကိဳးစားေနတယ္ဆုိတာ ေရထဲအရုပ္ေရးေနသလုိ အရာထင္မွာမဟုတ္ပါဘူး။ဒါက ကုိယ္ကုိယ္တုိင္အတြက္လည္းစိတ္ပင္ပန္းေစပါတယ္။တကယ္တမ္းေပ်ာ္ရႊင္သာယာတဲ႔ဘ၀ကုိလိုခ်င္တယ္ဆုိရင္ စြန္႔လႊတ္လိုက္ရတဲ႔နာက်င္မႈကုိ သင္ယူဖုိ႔လိုပါတယ္။အျငင္းခံရတာက အရမ္းနာက်င္ရပါတယ္။ဒါေပမဲ႔ သင့္ဘ၀အတြက္ ဒီထက္ပုိေကာင္းတဲ႔သူတစ္ေယာက္၊ဒီထက္ပုိခ်စ္ရတဲ႔သူမေတြ႔လာႏုိင္ဘူးလုိ႔မေျပာႏုိင္ပါဘူး။ဒီေတာ့ ကုိယ့္ရဲ႔ဆံုးရွံဳးမႈေတြကုိ ေရတြက္ေနမယ့္အစား လႊတ္ခ်လိုက္ျပီးေရွ႔ဆက္ေလ်ွာက္ပါ။ကုိယ့္ကုိယ့္ကုိယ္ပုိခ်စ္ပါ။နာက်င္စရာေတြကုိ လႊတ္ခ်ခဲ႔ပါ။

*ဒါက သင့္အမွားမဟုတ္ဘူးဆုိတာ သိထားပါ
သူကုိယ့္ကုိျပန္မၾကိဳက္ဘူး၊ျပန္မခ်စ္ဘူးဆုိတာနဲ႔ ကုိယ္က ရုပ္ဆုိးလို႔၊၀လို႔၊ပိန္လို႔၊အရပ္ပုလို႔စသျဖင့္ ေတြးမိတတ္ၾကပါတယ္။ကုိယ္ကသူ႔ကုိခ်စ္တယ္။ဒါေပမဲ႔သူက ကုိယ့္ကုိမခ်စ္ဘူး။It’s okay.အဆင္ေျပပါတယ္။လူတုိင္းက လူတုိင္းကုိ ၾကည္ျဖဴသေဘာက်ဖုိ႔ဆုိတာ မလြယ္ပါဘူး။ဒါေၾကာင့္ သူကုိုယ့္ကုိသေဘာမက်တာနဲ႔ကုိယ့္ရဲ႔မျပည့္စံုမႈေတြကို အျပစ္မတင္ပါနဲ႔။ဒါက ကုိယ့္ကုိယ့္ကုိယ္ယံုၾကည္မႈကုိပါ ေမွးမိွန္သြားေစပါတယ္။မေကာင္းျမင္တဲ႔အေတြးေတြကုိေဖ်ာက္ပါ။

*ငိုပါ
၀မ္းနည္းစြာငိုေၾကြးတာက လူတုိင္းၾကံဳေတြ႔ဖူးတဲ႔သဘာ၀ျဖစ္စဥ္တစ္ခုပါပဲ။၀မ္းနည္းမႈေတြကုိေျဖေဖ်ာက္ႏုိင္ဖုိ႔ ငိုလုိက္ပါ။ငုိခ်လိုက္တာက ပုိျပီးခံစားရသက္သာေစပါတယ္။ျပီးရင္ေတာ့ ကုိယ့္ကုိေပ်ာ္ရႊင္ေစတဲ႔အရာကုိပဲလုပ္ပါ။နာက်င္မႈေတြနဲ႔စိတ္ပ်က္စရာအေျခအေနေတြက အခ်ိန္အနည္းငယ္
ၾကာတဲ႔အခါ အနည္ထုိင္သြားပါလိမ့္မယ္။သင္သာ အဲ႔ဒီတစ္ေနရာတည္းမွာရပ္မေနရင္ေပါ့။

*ခံစားခ်က္ေတြကုိဖြင့္ဟတုိင္ပင္ပါ
ကုိယ့္မွာျဖစ္ေနတဲ႔ခံစားခ်က္ေတြကုိ အစစအရာရာတုိင္ပင္လို႔ရတဲ႔သူငယ္ခ်င္းတစ္ေယာက္ကုိဖြင့္ဟပါ။ယံုၾကည္ရတဲ႔တစ္ေယာက္ကိုေပါ့။ဘာလုိ႔ကုိယ့္ကုိမၾကိဳက္ရတာလဲ၊သေဘာမက်ရတာလဲဆုိတဲ႔အေတြးနဲ႔ပတ္သက္လို႔ေယာင္လို႔ေတာင္မေတြးမိပါေစနဲ႔။လူတစ္ေယာက္ကုိ ဘာလို႔ခ်စ္တယ္ဆိုတာ အေၾကာင္းရင္းမရွိသလို မခ်စ္ရတဲ႔အေၾကာင္းရင္းဆုိတာလည္းမရွိပါဘူး။ေသခ်ာတာကေတာ့ သူက သင္လုိေနတဲ႔နံရုိးတစ္ေခ်ာင္းမဟုတ္လုိ႔ပါပဲ။

*ရဲရဲရင္ဆုိင္ပါ
တံခါးတစ္ခ်ပ္ပိတ္သြားတဲ႔အခါ ေနာက္ထပ္တံခါးတစ္ခ်ပ္ပြင့္လာပါလိမ့္မယ္။နာက်င္မႈေတြကုိေရရွည္မခံစားႏုိင္ဘူးဆုိရင္ ကုိယ္လုပ္ရမွာက နာက်င္ေနရတဲ႔ေနရာကေနေျပးထြက္ဖုိ႔ပါပဲ။ကုိယ့္ကုိ သူသေဘာမက်ဘူးဆုိတဲ႔အခ်က္ကို လက္ခံလိုက္ပါ။လက္မခံသေရြ႔ေတာ့ နာက်င္ေနဦးမွာပါပဲ။ျပီးရင္ေတာ့ ေျပာင္းလဲမႈအသစ္္ေတြန႔ဲေန႔ရက္ေတြကုိစတင္ပါ။

*ကုိယ့္ကုိယ့္ကုိယ္အလုပ္ေပးထားပါ
တစ္ခါတစ္ေလ ကုိယ္သေဘာက်တဲ႔သူက ကိုယ့္ကုိသေဘာမက်ဘူးဆုိတာသိလိုက္ရတဲ႔အခ်ိန္က ကမာၻတစ္ျခမး္ေမွာင္သြားသလုိခံစားရတတ္ပါတယ္။ဒါေပမဲ႔ အဲ႔ဒါကပဲ ကုိယ့္ကုိ ဒီထက္ပုိျပီးသန္မာေအာင္၊ရင့္က်က္ေအာင္၊နာက်င္မႈေတြကိုခံႏုိင္ရည္ရွိေအာင္၊ဒီေန႔ကုိယ္ထက္ မနက္ျဖန္မွာပိုျပီးေတာ္တဲ႔ကုိယ့္ကုိ ေမြးဖြားဖုိ႔ေထာက္ပံ့ေပးတဲ႔လမ္းေၾကာင္းတစ္ခုျဖစ္သြားတတ္ပါတယ္။ကုိယ္က နာက်င္မႈေတြကုိ ကုိယ့္အတြက္ အားအင္အျဖစ္လက္ခံေတြးထားဖုိ႔ပဲလိုပါတယ္။ဒီေတာ့ သူ႔ေၾကာင့္လြမ္းေဆြးေနဖုိ႔၊ငိုေနဖုိ႔အခ်ိန္မရွိေအာင္ သင္တန္းေတြတက္၊ခရီးေတြထြက္၊သူငယ္ခ်င္းေတြကုိပုိျပီးအခ်ိန္ေပး၊ကုိယ့္ကုိယ့္ကုိယ္ပုိျပီးလွေအာင္၊ပုိျပီးထက္ျမက္တုိးတက္ေအာင္ လုပ္လုိက္ပါေတာ့။ဒီအခ်ိန္က ကုိုယ္ဘယ္သူလဲ ကုိယ္ဘာလုပ္နုိင္လဲဆုိတာ ေသခ်ာရွာရမယ့္အခိ်န္ပါပဲ။

ဖုိက္တင္းးး❤

Unicode

ကိုယ်ကြိုက်နေတဲ့သူက ကိုယ့်ကိုပြန်မကြိုက်ဘူးဆိုတဲ့အဖြစ်က အထူးအဆန်းကြီးတော့မဟုတ်ပါဘူး။ယောကျ်ားလေးတွေကလည်း သူတို့ချစ်တဲ့မိန်းကလေးတွေရဲ့အငြင်းခံရသလို မိန်းကလေးတွေကျတော့လည်း ကိုယ်ချစ်နေတဲ့ယောကျ်ားလေးရဲ့အချစ်ကို ပြန်မရတာမျိုးတွေရှိတတ်ပါတယ်။ကိုယ်ကသူ့ကိုခရက်ရှ်နေသလို သူကလည်း တစ်ခြားတစ််ယောက်ကိုခရက်ရှ်နေတာမျိုးဆို အသည်းကွဲတာပေါ့။

ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်မချစ်ဘူးဆိုတာသိလိုက်ရတဲ့အချိန်၊တစ်ခြားတစ်ယောက်ကိုသူချစ်နေတယ်လို့သိလိုက်ရတဲ့အချိန်က ကမ္ဘာတစ်ခြမ်းမှောင်သွားသလိုပဲခံစားလိုက်ရမှာပါ။ဘဝမှာသူတစ်ယောက်တည်းကိုပဲပိုင်ဆိုင်ရရင်ကျေနပ်ပြီဆိုတဲ့စိတ်မျိုးရှိရင်တောင် သူကိုယ့်ကိုပြန်မချစ်ဘူးဆိုတဲ့အချက်နဲ့တင် ဘဝမှာရှင်သန်နေထိုင်ရတာအရင်ကထက်ပိုပြီးအဓိပ္ပာယ်မဲ့သွားသလို ခံစားရမှာအမှန်ပါပဲ။ကိုယ်က သူ့အပေါ် အချိန်တွေအကြာကြီး မျှော်လင့်ချက်ကြီးကြီးချစ်ထားခဲ့ရင်ပေါ့။

အခု Trend ပရိသတ်ပျိုမေတို့အတွက်ရော၊ကိုကိုတွေအတွက်ပါ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်မချစ်ဘူးဆိုတာသိလိုက်ရတဲ့အချိန် နာကျင်ခံစားရမှုလျော့နည်းစေဖို့အတွက် နေထိုင်ပြုမူရမယ့်အချက်လေးတွေရယ်၊စိတ်ထားတတ်ဖို့ရယ် ပြန်ပြီးမျှဝေပေးမှာဖြစ်ပါတယ်။

*ဘဝမှာ အမြဲတမ်းကိုယ်ဖြစ်ချင်တာချည်းဖြစ်လာတာမဟုတ်ဘူးဆိုတာသတိရပါ
ဘဝဆိုတာ ဂိမ်းတစ်ခုလိုပါပဲ။တစ်ခါတစ်လေနိုင်မယ်၊တစ်ခါတစ်လေ ရှုံးမယ်၊ကိုယ်သဘောကျတဲ့လူတွေရှိသလို ကိုယ်သဘောမကျတဲ့လူတွေနဲ့လည်းတွေ့လာရမှာပါပဲ။လူတိုင်းကို သဘောကျဖို့ဆိုတာလည်းခက်သား။ကိုယ်တောင် သဘောမကျတဲ့သူတွေရှိတာ သူ့အနေနဲ့လည်း ကိုုယ့်ကို
ပြန်ပြီးသဘောကျချင်မှကျမယ်ဆိုတာ မေ့ထားလို့မရပါဘူး။သူ ကိုယ့်ကိုသဘောမကျဘူးဆိုတာနဲ့ပဲ လူတိုင်းက ကိုယ့်ကိုသဘောမကျလောက်ဘူးဆိုပြီးမတွေးမိသွားပါနဲ့။လူတိုင်းအတွက် သင့်တော်လိုက်ဖက်တဲ့သူတစ်ယောက်ဆိုတာ အမြဲတမ်းရှိပါတယ်။

*လူတိုင်းက စိတ်ပျက်စရာတွေနဲ့ကြုံတွေ့ရတယ်ဆိုတာသတိရပါ
ကိုယ်တစ်ယောက်တည်းတင်မကပါဘူး။တစ်ခြားလူတွေမှာလည်း ကိုယ်စီကိုယ်စီစိတ်ပျက်စရာ၊စိတ်ညစ်စရာအခြေအနေတွေရှိတတ်ပါတယ်။ကိုယ့်ကိုသူသဘောမကျဘူးဆိုတာဟာ ကိုယ်က လူတစ်ယောက်သဘောကျရလောက်တဲ့အနေအထားမျိုးမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးမဟုတ်ဘူးဆိုတာ
တော့ သေချာလေးမှတ်ထားပေးပါ။

*လွှတ်ချလိုက်ပါ
ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက် ကိုယ့်ကိုချစ်လာဖို့ကြိုးစားနေတယ်ဆိုတာ ရေထဲအရုပ်ရေးနေသလို အရာထင်မှာမဟုတ်ပါဘူး။ဒါက ကိုယ်ကိုယ်တိုင်အတွက်လည်းစိတ်ပင်ပန်းစေပါတယ်။တကယ်တမ်းပျော်ရွှင်သာယာတဲ့ဘဝကိုလိုချင်တယ်ဆိုရင် စွန့်လွှတ်လိုက်ရတဲ့နာကျင်မှုကို သင်ယူဖို့လိုပါတယ်။အငြင်းခံရတာက အရမ်းနာကျင်ရပါတယ်။ဒါပေမဲ့ သင့်ဘဝအတွက် ဒီထက်ပိုကောင်းတဲ့သူတစ်ယောက်၊ဒီထက်ပိုချစ်ရတဲ့သူမတွေ့လာနိုင်ဘူးလို့မပြောနိုင်ပါဘူး။ဒီတော့ ကိုယ့်ရဲ့ဆုံးရှုံးမှုတွေကို ရေတွက်နေမယ့်အစား လွှတ်ချလိုက်ပြီးရှေ့ဆက်လျှောက်ပါ။ကိုယ့်ကိုယ့်ကိုယ်ပိုချစ်ပါ။နာကျင်စရာတွေကို လွှတ်ချခဲ့ပါ။

*ဒါက သင့်အမှားမဟုတ်ဘူးဆိုတာ သိထားပါ
သူကိုယ့်ကိုပြန်မကြိုက်ဘူး၊ပြန်မချစ်ဘူးဆိုတာနဲ့ ကိုယ်က ရုပ်ဆိုးလို့၊ဝလို့၊ပိန်လို့၊အရပ်ပုလို့စသဖြင့် တွေးမိတတ်ကြပါတယ်။ကိုယ်ကသူ့ကိုချစ်တယ်။ဒါပေမဲ့သူက ကိုယ့်ကိုမချစ်ဘူး။It’s okay.အဆင်ပြေပါတယ်။လူတိုင်းက လူတိုင်းကို ကြည်ဖြူသဘောကျဖို့ဆိုတာ မလွယ်ပါဘူး။ဒါကြောင့် သူကိုုယ့်ကိုသဘောမကျတာနဲ့ကိုယ့်ရဲ့မပြည့်စုံမှုတွေကို အပြစ်မတင်ပါနဲ့။ဒါက ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုကိုပါ မှေးမှိန်သွားစေပါတယ်။မကောင်းမြင်တဲ့အတွေးတွေကိုဖျောက်ပါ။

*ငိုပါ
ဝမ်းနည်းစွာငိုကြွေးတာက လူတိုင်းကြုံတွေ့ဖူးတဲ့သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ဝမ်းနည်းမှုတွေကိုဖြေဖျောက်နိုင်ဖို့ ငိုလိုက်ပါ။ငိုချလိုက်တာက ပိုပြီးခံစားရသက်သာစေပါတယ်။ပြီးရင်တော့ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာကိုပဲလုပ်ပါ။နာကျင်မှုတွေနဲ့စိတ်ပျက်စရာအခြေအနေတွေက အချိန်အနည်းငယ်
ကြာတဲ့အခါ အနည်ထိုင်သွားပါလိမ့်မယ်။သင်သာ အဲ့ဒီတစ်နေရာတည်းမှာရပ်မနေရင်ပေါ့။

*ခံစားချက်တွေကိုဖွင့်ဟတိုင်ပင်ပါ
ကိုယ့်မှာဖြစ်နေတဲ့ခံစားချက်တွေကို အစစအရာရာတိုင်ပင်လို့ရတဲ့သူငယ်ချင်းတစ်ယောက်ကိုဖွင့်ဟပါ။ယုံကြည်ရတဲ့တစ်ယောက်ကိုပေါ့။ဘာလို့ကိုယ့်ကိုမကြိုက်ရတာလဲ၊သဘောမကျရတာလဲဆိုတဲ့အတွေးနဲ့ပတ်သက်လို့ယောင်လို့တောင်မတွေးမိပါစေနဲ့။လူတစ်ယောက်ကို ဘာလို့ချစ်တယ်ဆိုတာ အကြောင်းရင်းမရှိသလို မချစ်ရတဲ့အကြောင်းရင်းဆိုတာလည်းမရှိပါဘူး။သေချာတာကတော့ သူက သင်လိုနေတဲ့နံရိုးတစ်ချောင်းမဟုတ်လို့ပါပဲ။

*ရဲရဲရင်ဆိုင်ပါ
တံခါးတစ်ချပ်ပိတ်သွားတဲ့အခါ နောက်ထပ်တံခါးတစ်ချပ်ပွင့်လာပါလိမ့်မယ်။နာကျင်မှုတွေကိုရေရှည်မခံစားနိုင်ဘူးဆိုရင် ကိုယ်လုပ်ရမှာက နာကျင်နေရတဲ့နေရာကနေပြေးထွက်ဖို့ပါပဲ။ကိုယ့်ကို သူသဘောမကျဘူးဆိုတဲ့အချက်ကို လက်ခံလိုက်ပါ။လက်မခံသရွေ့တော့ နာကျင်နေဦးမှာပါပဲ။ပြီးရင်တော့ ပြောင်းလဲမှုအသစ််တွေနဲ့နေ့ရက်တွေကိုစတင်ပါ။

*ကိုယ့်ကိုယ့်ကိုယ်အလုပ်ပေးထားပါ
တစ်ခါတစ်လေ ကိုယ်သဘောကျတဲ့သူက ကိုယ့်ကိုသဘောမကျဘူးဆိုတာသိလိုက်ရတဲ့အချိန်က ကမ္ဘာတစ်ခြမး်မှောင်သွားသလိုခံစားရတတ်ပါတယ်။ဒါပေမဲ့ အဲ့ဒါကပဲ ကိုယ့်ကို ဒီထက်ပိုပြီးသန်မာအောင်၊ရင့်ကျက်အောင်၊နာကျင်မှုတွေကိုခံနိုင်ရည်ရှိအောင်၊ဒီနေ့ကိုယ်ထက် မနက်ဖြန်မှာပိုပြီးတော်တဲ့ကိုယ့်ကို မွေးဖွားဖို့ထောက်ပံ့ပေးတဲ့လမ်းကြောင်းတစ်ခုဖြစ်သွားတတ်ပါတယ်။ကိုယ်က နာကျင်မှုတွေကို ကိုယ့်အတွက် အားအင်အဖြစ်လက်ခံတွေးထားဖို့ပဲလိုပါတယ်။ဒီတော့ သူ့ကြောင့်လွမ်းဆွေးနေဖို့၊ငိုနေဖို့အချိန်မရှိအောင် သင်တန်းတွေတက်၊ခရီးတွေထွက်၊သူငယ်ချင်းတွေကိုပိုပြီးအချိန်ပေး၊ကိုယ့်ကိုယ့်ကိုယ်ပိုပြီးလှအောင်၊ပိုပြီးထက်မြက်တိုးတက်အောင် လုပ်လိုက်ပါတော့။ဒီအချိန်က ကိုုယ်ဘယ်သူလဲ ကိုယ်ဘာလုပ်နိုင်လဲဆိုတာ သေချာရှာရမယ့်အချိန်ပါပဲ။

ဖိုက်တင်းးး❤

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.