အေပၚယံဟန္ေဆာင္မႈေတြမ်ားေနတဲ႔ေလာကၾကီးထဲ ကုိယ့္အေပၚ တကယ္ဂရုစုိက္တဲ႔သူဆုိတာ…❤️

သင့္အနားမွာရိွေနတဲ႔သူေတြထဲမွာ သင့္အေပၚ တကယ္ဂရုစုိက္တဲ႔သူက ဘယ္ႏွစ္ေယာက္မ်ားရွိတယ္လုိ႔သင္ထင္ပါသလဲ?အကုန္လံုးကသင့္အေပၚတကယ္ဂရုစုိက္တယ္ဆုိရင္ေတာ့ ဒါက ကံေကာင္းတာပါပဲ။ဒါေပမဲ႔ တကယ္ကံေကာင္းတာေရာ ဟုတ္ရဲ ႔လား။ကုိယ္က ကုိယ့္အေပၚ ဂရုစုိက္ၾကတယ္ထင္ေနေပမဲ႔ အေပၚယံဟန္ေဆာင္မႈေတြမ်ားလြန္းတဲ႔ေလာကၾကီးမွာ အရာအားလံုးစစ္မွန္ေနဖုိ႔ဆုိတာ မလြယ္ပါဘူး။ဒီေတာ့ ဘယ္သူက ကုိယ့္အေပၚတကယ္ဂရုစုိက္လဲဆုိတာ ဒီအခ်က္ေလးေတြနဲ႔ဆန္းစစ္ၾကည့္လိုက္ပါ။

*ေလးစားမႈရွိရွိနဲ႔ ပြင့္ပြင့္လင္းလင္းအမွန္အတိုင္းေျပာတတ္သူ
ရွည္ရွည္ေ၀းေ၀းေတာ့ ေတြးစရာမလိုပါဘူး။ဥပမာ သင္က ပန္းေရာင္ဂါ၀န္တစ္ထည္ကုိ၀တ္ၾကည့္တယ္။ဒါေပမဲ့ ဒီအက်ီနဲ႔ဆုိ သင့္ခႏၶာကုိယ္က ပုိျပီး၀တယ္လုိ႔ထင္ရတယ္။အဲ႔ဒီေတာ့ တစ္ေယာက္က “ေဟး ဒီဂါ၀န္နဲ႔နင့္ကိုၾကည့္ရတာ ၀တုတ္ေနတာပဲ။သြားလဲလုိက္စမ္းပါ”လုိ႔ေျပာမယ္။ေနာက္တစ္ေယာက္က “ေဟး အ၀ါေရာင္ဂါ၀န္ေလး ထပ္၀တ္ၾကည့္လိုက္ပါလား?ဒီပန္းေရာင္ၾကီးက နင္နဲ႔သိပ္မလိုက္ဘူး” ျခားနားခ်က္ကုိေတြ႔ရဲ႔လား? သင့္ကုိ တကယ္ဂရုစုိက္တယ္ဆုိတာ စကားလံုးရိုင္းစုိင္းမႈေတြ၊မေလးစားမႈေတြမပါပဲ သူတုိ႔ရဲ႔အျမင္ကုိ ရိုးရိုးေလးေျပာျပသြားတာပါပဲ။စကားလံုးရိုင္းရုိင္းစုိင္းစုိင္းေျပာတာက စိတ္ပိုင္းဆုိင္ရာကုိထိခုိက္ေစတယ္ဆုိတာ သင့္အေပၚတကယ္ဂရုစုိက္တဲ႔သူတုိင္းသိပါတယ္။

*နားေထာင္ေပးတတ္သူေတြ…
သင္ေျပာသမ်ွကုိ ေသခ်ာနားေထာင္မယ္။အၾကံဥာဏ္ေတြေပးမယ္။ဘာလို႔လဲ?သင္က သူတုိ႔အတြက္ အေရးပါလုိ႔ေပါ့။ခံစားခ်က္ေတြကုိ Sharing လုပ္လုိ႔ရတယ္ဆုိတာ တကယ္ကုိသိပ္ေကာင္းပါတယ္။သင့္ခံစားခ်က္ေတြကုိ အတူတူမ်ွေ၀လို႔ရတဲ႔သူေတြအနားမွာရွိတယ္ဆုိရင္ သူတုိ႔ကုိ တန္ဖုိးထားပါ။

*သင္နဲ႔ပတ္သက္လုိ႔ အေသးစိတ္ကအစ မွတ္မိေနမယ္…
လူတစ္ေယာက္ကုိတကယ္စိတ္ထဲမွာရွိရင္ အဲ႔ဒီလူနဲ႔ပတ္သက္တာမွန္သမ်ွက မွတ္ထားစရာမလုိပဲ အလိုလိုမွတ္မိေနတာပါ။သင္ၾကိဳက္တတ္တဲ႔အစားအစာေတြ၊သင္မၾကိဳက္ဘူးဆုိတဲ႔အရာေတြကုိ သင့္ကုိတကယ္ဂရုစုိက္တယ္ဆုိတဲ႔သူေတြကပဲ သိတာပါ။

*သင့္အတြက္အျမဲရွိေနေပးတဲ႔သူေတြ…
အခက္အခဲေတြၾကံဳေတြ႔ရတဲ႔အခါမွ မိတ္ေဆြစစ္၊မိတ္ေဆြတုဆုိတာ ခြဲျခားရပိုလြယ္လာတာပါ။သင္ အခက္အခဲျဖစ္ေနတဲ႔အခ်ိန္၊သင္အားငယ္ေနတဲ႔အခ်ိန္သင့္ေဘးနားမွာရွိေနတဲ႔သူေတြက သင့္ကုိတကယ္ဂရုစုိက္ခ်စ္ခင္ေပးတဲ႔သူေတြပါပဲ။အဲ႔ဒီေတာ့မွ သင့္ေဘးနားမွာရွိေနတဲ႔သူေတြထဲက ဘယ္ႏွစ္ေယာက္ကမ်ားသင့္အတြက္တကယ္ဂရုစုိက္ေပးလဲဆုိတာ ေသခ်ာသိပါလိမ့္မယ္။စိတ္ဓာတ္က်ေနတဲ႔အခ်ိန္၊မလိုအပ္တဲ႔အရာေတြေၾကာင့္စိတ္ရႈပ္ေနရတဲ႔အခ်ိန္ေတြမွာသူတုိ႔က သင့္အတြက္ နားခိုရာျဖစ္ေစမွာပါ။တစ္ခ်ိဳ႔ေတြက သူတုိ႔ဘယ္ေလာက္ခင္ခင္ စိတ္ထဲမွာပဲထားတတ္တယ္။မေဖာ္ျပတတ္ဘူး။အဲ႔လုိလူမ်ိဳးေတြက်ေတာ့ သင္အေရးၾကံဳေနတဲ႔အခ်ိန္မွာ သူတုိ႔ရဲ ႔ခင္မင္မႈကုိ သက္ေသျပတတ္ၾကတတ္ပါတယ္။

*သင္နဲ႔အတူ အခ်ိန္ကုန္ဆံုးရတာၾကိဳက္တယ္
ဒါက သင့္ကုိဘယ္သူေတြတကယ္ဂရုစုိက္တယ္ဆိုတာသိႏုိင္တဲ႔နည္းလမ္းေလးပါပဲ။အားလပ္ရက္တုိင္းမွာ သင္နဲ႔အတူ ေလ်ွာက္လည္တယ္၊မုန္႔ေတြေလ်ွာက္စားၾကတယ္၊ခရီးေတြအတူထြက္ၾကတယ္။မေတြ႔ရတာၾကာရင္ေတာင္ အဆင္ေျပရဲ႔လားလို႔ စာေလးပို႔ျပီးေမးတတ္ၾကတယ္။ဘယ္သူကမွ
အတူမရွိခ်င္တဲ႔သူ၊အတူအခ်ိန္မျဖဳန္းခ်င္တဲ႔သူအတြက္ အခ်ိန္ေတြမေပးထားပါဘူး။အိုေခေနာ္..ဒီေတာ့ သင္နဲ႔အတူ အခ်ိန္ကုန္ဆံုးရတာ ၾကိဳက္တဲ႔သူက ဘယ္သူေတြလဲ?

တကယ္လုိ႔မ်ား ဒီလိုေတြဆန္းစစ္ၾကည့္လုိ႔ ကိုယ့္အေပၚ တကယ္ဂရုစုိက္တဲ႔သူဆုိတာ မရွိတဲ့အခါ ဒါမွမဟုတ္ နည္းနည္းေလးပဲရွိတဲ႔အခါ ကုိယ့္အေပၚအေလးမထားတဲ႔သူေတြေၾကာင့္ ၀မ္းမနည္းပါနဲ႔။အနားမွာရွိတဲ႔လူေတြကုိသာ တုိးျပီးတန္ဖုိးထားပါ။တစ္ခါတစ္ေလက် ကုိယ္မထင္ထားတဲ႔သူေတြက ကုိယ့္အေပၚတကယ္ဂရုစုိက္တာမ်ိဳးေတြရွိတယ္ေလ။အေပါင္းအသင္းေတြအမ်ားၾကီးထက္ ကုိယ့္ကုိအေလးထားတဲ႔သူတစ္ေယာက္ရွိရင္ကုိ ဘ၀မွာရွင္သန္ေနထုိင္ဖုိ႔ အားအင္္ေတြလံုေလာက္ေနပါျပီ။

ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ ကုိယ့္ေဘးနားမွာရွိေနတဲ႔သူေတြကုိ တန္ဖုိးထားဖုိ႔ မေမ့ပါနဲ႔ 

Unicode

သင့်အနားမှာရှိနေတဲ့သူတွေထဲမှာ သင့်အပေါ် တကယ်ဂရုစိုက်တဲ့သူက ဘယ်နှစ်ယောက်များရှိတယ်လို့သင်ထင်ပါသလဲ?အကုန်လုံးကသင့်အပေါ်တကယ်ဂရုစိုက်တယ်ဆိုရင်တော့ ဒါက ကံကောင်းတာပါပဲ။ဒါပေမဲ့ တကယ်ကံကောင်းတာရော ဟုတ်ရဲ ့လား။ကိုယ်က ကိုယ့်အပေါ် ဂရုစိုက်ကြတယ်ထင်နေပေမဲ့ အပေါ်ယံဟန်ဆောင်မှုတွေများလွန်းတဲ့လောကကြီးမှာ အရာအားလုံးစစ်မှန်နေဖို့ဆိုတာ မလွယ်ပါဘူး။ဒီတော့ ဘယ်သူက ကိုယ့်အပေါ်တကယ်ဂရုစိုက်လဲဆိုတာ ဒီအချက်လေးတွေနဲ့ဆန်းစစ်ကြည့်လိုက်ပါ။

*လေးစားမှုရှိရှိနဲ့ ပွင့်ပွင့်လင်းလင်းအမှန်အတိုင်းပြောတတ်သူ
ရှည်ရှည်ဝေးဝေးတော့ တွေးစရာမလိုပါဘူး။ဥပမာ သင်က ပန်းရောင်ဂါဝန်တစ်ထည်ကိုဝတ်ကြည့်တယ်။ဒါပေမဲ့ ဒီအကျီနဲ့ဆို သင့်ခန္ဓာကိုယ်က ပိုပြီးဝတယ်လို့ထင်ရတယ်။အဲ့ဒီတော့ တစ်ယောက်က “ဟေး ဒီဂါဝန်နဲ့နင့်ကိုကြည့်ရတာ ဝတုတ်နေတာပဲ။သွားလဲလိုက်စမ်းပါ”လို့ပြောမယ်။နောက်တစ်ယောက်က “ဟေး အဝါရောင်ဂါဝန်လေး ထပ်ဝတ်ကြည့်လိုက်ပါလား?ဒီပန်းရောင်ကြီးက နင်နဲ့သိပ်မလိုက်ဘူး” ခြားနားချက်ကိုတွေ့ရဲ့လား? သင့်ကို တကယ်ဂရုစိုက်တယ်ဆိုတာ စကားလုံးရိုင်းစိုင်းမှုတွေ၊မလေးစားမှုတွေမပါပဲ သူတို့ရဲ့အမြင်ကို ရိုးရိုးလေးပြောပြသွားတာပါပဲ။စကားလုံးရိုင်းရိုင်းစိုင်းစိုင်းပြောတာက စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေတယ်ဆိုတာ သင့်အပေါ်တကယ်ဂရုစိုက်တဲ့သူတိုင်းသိပါတယ်။

*နားထောင်ပေးတတ်သူတွေ…
သင်ပြောသမျှကို သေချာနားထောင်မယ်။အကြံဉာဏ်တွေပေးမယ်။ဘာလို့လဲ?သင်က သူတို့အတွက် အရေးပါလို့ပေါ့။ခံစားချက်တွေကို Sharing လုပ်လို့ရတယ်ဆိုတာ တကယ်ကိုသိပ်ကောင်းပါတယ်။သင့်ခံစားချက်တွေကို အတူတူမျှဝေလို့ရတဲ့သူတွေအနားမှာရှိတယ်ဆိုရင် သူတို့ကို တန်ဖိုးထားပါ။

*သင်နဲ့ပတ်သက်လို့ အသေးစိတ်ကအစ မှတ်မိနေမယ်…
လူတစ်ယောက်ကိုတကယ်စိတ်ထဲမှာရှိရင် အဲ့ဒီလူနဲ့ပတ်သက်တာမှန်သမျှက မှတ်ထားစရာမလိုပဲ အလိုလိုမှတ်မိနေတာပါ။သင်ကြိုက်တတ်တဲ့အစားအစာတွေ၊သင်မကြိုက်ဘူးဆိုတဲ့အရာတွေကို သင့်ကိုတကယ်ဂရုစိုက်တယ်ဆိုတဲ့သူတွေကပဲ သိတာပါ။

*သင့်အတွက်အမြဲရှိနေပေးတဲ့သူတွေ…
အခက်အခဲတွေကြုံတွေ့ရတဲ့အခါမှ မိတ်ဆွေစစ်၊မိတ်ဆွေတုဆိုတာ ခွဲခြားရပိုလွယ်လာတာပါ။သင် အခက်အခဲဖြစ်နေတဲ့အချိန်၊သင်အားငယ်နေတဲ့အချိန်သင့်ဘေးနားမှာရှိနေတဲ့သူတွေက သင့်ကိုတကယ်ဂရုစိုက်ချစ်ခင်ပေးတဲ့သူတွေပါပဲ။အဲ့ဒီတော့မှ သင့်ဘေးနားမှာရှိနေတဲ့သူတွေထဲက ဘယ်နှစ်ယောက်ကများသင့်အတွက်တကယ်ဂရုစိုက်ပေးလဲဆိုတာ သေချာသိပါလိမ့်မယ်။စိတ်ဓာတ်ကျနေတဲ့အချိန်၊မလိုအပ်တဲ့အရာတွေကြောင့်စိတ်ရှုပ်နေရတဲ့အချိန်တွေမှာသူတို့က သင့်အတွက် နားခိုရာဖြစ်စေမှာပါ။တစ်ချို့တွေက သူတို့ဘယ်လောက်ခင်ခင် စိတ်ထဲမှာပဲထားတတ်တယ်။မဖော်ပြတတ်ဘူး။အဲ့လိုလူမျိုးတွေကျတော့ သင်အရေးကြုံနေတဲ့အချိန်မှာ သူတို့ရဲ ့ခင်မင်မှုကို သက်သေပြတတ်ကြတတ်ပါတယ်။

*သင်နဲ့အတူ အချိန်ကုန်ဆုံးရတာကြိုက်တယ်
ဒါက သင့်ကိုဘယ်သူတွေတကယ်ဂရုစိုက်တယ်ဆိုတာသိနိုင်တဲ့နည်းလမ်းလေးပါပဲ။အားလပ်ရက်တိုင်းမှာ သင်နဲ့အတူ လျှောက်လည်တယ်၊မုန့်တွေလျှောက်စားကြတယ်၊ခရီးတွေအတူထွက်ကြတယ်။မတွေ့ရတာကြာရင်တောင် အဆင်ပြေရဲ့လားလို့ စာလေးပို့ပြီးမေးတတ်ကြတယ်။ဘယ်သူကမှ
အတူမရှိချင်တဲ့သူ၊အတူအချိန်မဖြုန်းချင်တဲ့သူအတွက် အချိန်တွေမပေးထားပါဘူး။အိုခေနော်..ဒီတော့ သင်နဲ့အတူ အချိန်ကုန်ဆုံးရတာ ကြိုက်တဲ့သူက ဘယ်သူတွေလဲ?

တကယ်လို့များ ဒီလိုတွေဆန်းစစ်ကြည့်လို့ ကိုယ့်အပေါ် တကယ်ဂရုစိုက်တဲ့သူဆိုတာ မရှိတဲ့အခါ ဒါမှမဟုတ် နည်းနည်းလေးပဲရှိတဲ့အခါ ကိုယ့်အပေါ်အလေးမထားတဲ့သူတွေကြောင့် ဝမ်းမနည်းပါနဲ့။အနားမှာရှိတဲ့လူတွေကိုသာ တိုးပြီးတန်ဖိုးထားပါ။တစ်ခါတစ်လေကျ ကိုယ်မထင်ထားတဲ့သူတွေက ကိုယ့်အပေါ်တကယ်ဂရုစိုက်တာမျိုးတွေရှိတယ်လေ။အပေါင်းအသင်းတွေအများကြီးထက် ကိုယ့်ကိုအလေးထားတဲ့သူတစ်ယောက်ရှိရင်ကို ဘဝမှာရှင်သန်နေထိုင်ဖို့ အားအင််တွေလုံလောက်နေပါပြီ။

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ဘေးနားမှာရှိနေတဲ့သူတွေကို တန်ဖိုးထားဖို့ မမေ့ပါနဲ့ ❤

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.