ဓမ္မတာလာချိန်နာကျင်မှုတွေကို သောက်ဆေးမလိုပဲဘယ်လိုနည်းလေးတွေနဲ့ကုသနိုင်သလဲဆိုတာ…

(၁) ရေနွေးအိတ်ကပ်ပါ
(၃) ထညက်စားပါ

Unicode

မိန်းကလေးတိုင်းတော့ နာကျင်မှုကိုမခံစားရင်မဲ့တော်တော်များများ မိန်းကလေးတွေကတော့ ရာသီလာချိန်မှာ နာကျင်မှုကိုအနည်းနဲ့အများတော့ခံစားရမှာပါ။ တစ်ချို့က ရင်ဘတ်တွေတင်းပြီးနာတယ်၊ တစ်ချို့က ခါးတွေကိုက်ပြီး တစ်ချို့ကတော့ တစ်ကိုယ်လုံးကိုက်ခဲကာ တစ်ချို့ကဆီးစပ်နေရာဝမ်းဗိုက်တစ်လျှောက်သေမလောက်ကိုနာကျင်တတ်တကြပါတယ်။ ဒီလိုအချိန်မှာ ဖြစ်တဲ့နာကျင်မှုတွေကိုဆေးမသောက်ပဲ ဘယ်လိုသက်သာအောင်နေမလဲဆိုတာ…
(၁) ရေနွေးအိတ်ကပ်ပါ
ရေနွေးအိတ်ကို နာကျင်တဲ့ ဝမ်းဗိုက်(သို့) ခါးပတ်ပတ်လည်ကို ကပ်ပေးပါ။ ရေနွေးရဲ့အပူရှိန်က နာကျင်မှုဒဏ်ကို အနည်းငယ်ကို သက်သာစေပါတယ်။ဒါကြောင့် တစ်အားနာကျင်လာတဲ့အခါ ရေနွေးအိတ်လေးပြေးကပ်လိုက်ပါ။
(၂) လိမ်းဆေးပူပူလေးလိမ်းပေးပါ
လိမ်းဆေးပူပူလေးကို လိမ်းပေးပါ။ ရာသီလာတဲ့အခါ နဂိုထက်ပိုပြီးချမ်းစိမ့်စိမ့်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဆေးပူ လေးကိုခြေဖဝါးနဲ့ ခန္ဓာကိုယ် တစ်လျှောက်လိမ်းပေးပြီးနွေးနွေးထွေးထွေးနေပါ။ ခန္ဓာကိုယ်အေးရင် ဗိုက်ပိုကိုက်စေတာမလို့ ခန္ဓာကိုယ်အနွေးဓာတ်ရဖို့လိုပါတယ်။
(၃) ထညက်စားပါ
ထညက်ဟာ အချိုဓာတ် အပြည့်ဝပါဝင်တာကြောင့် ရာသီသွေးချုပ်တာတွေဘာတွေမရှိပဲ သွေးကောင်းကောင်းကောင်းဆင်းစေပါတယ်။
(၄) ဂျင်းပြုတ်ရည်ကျိုသောက်ပါ
ဂျင်းပြုတ်ရည် ဟာမိန်းကလေးတွေရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကသွေးလည်ပတ်မှုအားကို ကောင်းမွန်စေတာကြောင့် သွေးချုပ်ပြီးဗိုက်အောင့်တာတွေကို ဖြစ်ခြင်းမှကင်းဝေးစေပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.