ဆေးနွံထဲကနေ အပြီးပြတ်ရုန်းထွက်နိုင်ခဲ့ပြီဖြစ်တဲ့ Demi Lovato

Demi Lovato ရဲ့မိသားစုက Demi အတွက် အရမ်းကိုဝမ်းသာနေကြပါတယ်။

Patrick Lovato, Demi Lovato, Dallas Lovato, Madison De La Garza, Dianna De La Garza

ပြီးခဲ့တဲ့ ၂ဝရက်နေ့က Demi Lovato ရဲ့အသက် ၂၆နှစ်ပြည့် မွေးနေ့လည်းဖြစ်သလို ဒီလိုမွေးနေ့လေးမှာ သူမအောင်မြင်စွာ ဆေးအလွန်ကျွံသုံးစွဲမှုကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဝမ်းသာအားရနေကြပါတယ်။ သူမရဲ့ညီမလေး Madison de La Garza က အင်စတာဂရမ်မှာ Demi အတွက် မွေးနေ့ဆုတောင်းစာလေးတင်ထားပေးပါတယ်။

Image result for Demi Lovato

ဇူလိုင်လ ၂၄ရက်နေ့က ပြင်းထန်တဲ့ဝေဒနာကိုခံစားခဲ့ရတယ်။ ဘဝရဲ့အဆိုးဝါးဆုံးနေ့ရက်ပါပဲ ။ ဒါပေမယ့်ဒီနေ့ထိ ကျွန်မကိုရှင်သန်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်နဲ့ အရမ်းတော်တဲ့ ဆရာ​၀န်တွေကို ကျေးဇူးတင်ကြောင်း Demi က ထပ်မံပြောထားပါတယ်။

Demi Lovato, America Music Awards, 2017

Madison de La Garza ကလည်း Demi ကို ဒီလိုနေ့မှာ happy birthday လို့ပြောခွင့်ရတဲ့အတွက် အရမ်းဝမ်းသာကြောင်းပြောခဲ့ပါတယ်။ သူမအမေကလည်း “I am truly blessed ” လို့တင်ထားခဲ့ပါတယ်။

94 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.