အိပ္ေပ်ာ္ေနတုန္း သြားၾကိတ္တတ္တဲ႔အက်င့္ကို ဘယ္လုိေဖ်ာက္ၾကမလဲ?

ညဘက္အိပ္တဲ႔အခါ ေဟာက္တတ္တဲ႔သူေတြရွိသလုိ သြားၾကိတ္တတ္တဲ႔သူေတြလည္းရွိၾကတယ္ဟုတ္!သင္ေရာ သြားၾကိတ္တတ္သူတစ္ေယာက္လား?ဒါဆုိရင္ေတာ့ ဒီစာေလးကုိေသခ်ာဖတ္သင့္ျပီေနာ္။ဘာလို႔သြားၾကိတ္တာျဖစ္တာလဲဆုိရင္ ညအိပ္စက္ခ်ိန္မွာလည္ေခ်ာင္းၾကြက္သားေတြက အနားယူၾကျပီးအဲ႔ဒီအခ်ိန္မွာ ေလေပါက္ပိတ္ဆုိ႔မႈျဖစ္ကာ အသက္ရႈလမ္းေၾကာင္းကုိအေႏွာင့္အယွက္ေပးေနလုိ႔ပဲျဖစ္ပါတယ္။အဲ႔ဒါေၾကာင့္သြားၾကိတ္တာ၊ေဟာက္တာေတြျဖစ္လာတတ္တာပါ။

သြားၾကိတ္တတ္တဲ႔အက်င့္က ကုိယ့္သြားက်န္းမာေရးအတြက္မေကာင္းသလို တစ္ျခားသူေတြအတြက္လည္းအိပ္စက္ခ်ိန္မွာအေႏွာင့္အယွက္ျဖစ္ေစႏုိင္ပါတယ္။ဒီေတာ့ ညဘက္မွာ ကိုယ္လည္း ေကာင္းေကာင္းအိပ္ရျပီး သြားေလးေတြလည္းက်န္းမာေအာင္ ဒီအခ်က္ေလးေတြကုိေသခ်ာသတိထားျပီးေရွာင္ေပးပါ။ဘယ္လိုအခ်က္ေတြကုိေရွာင္ရမလဲဆုိေတာ့…

*ပထမဆံုးအေနနဲ႔ ကဖင္းဓာတ္နဲ႔အရက္ကိုေရွာင္ပါ


စားေသာက္ေနထုိင္မႈပံုစံကလည္း အိပ္စက္တဲ႔အခါသက္ေရာက္မႈရွိပါတယ္။ကဖင္းဓာတ္မ်ားျပားတဲ႔အခါ အိပ္စက္ခ်ိန္မွာလည္း တက္ၾကြေနျပီးအိပ္စက္ခ်ိန္မမွန္ကန္ေတာ့ပဲျဖစ္တတ္ပါတယ္။ဒီေတာ့ ကဖင္းဓာတ္ပါ၀င္မႈျမင့္မားတဲ႔ ေကာ္ဖီ၊Coke၊အားျဖည့္အခ်ိဳရည္ေတြေသာက္သံုးတာကုိ ေလ်ွာ့ေပးရပါမယ္။အရက္ေသာက္တာဟာလည္း အိပ္စက္ျခင္းကုိအေႏွာင့္အယွက္ျဖစ္ေစပါတယ္။ဒါေၾကာင့္ အရက္ကုိမၾကာခဏေသာက္ေလ့ရွိတယ္ဆုိရင္ ဒီထက္ပုိျပီးေလ်ွာ့ေသာက္ပါေတာ့။

*စိတ္ဖိစီးမႈေတြကုိ ေလ်ွာ့ခ်ပါ

စိတ္ဖိစီးမႈမ်ားတာဟာ သြားၾကိတ္ေစတဲ႔အေၾကာင္းရင္းတစ္ခုပါပဲ။တစ္ေန႔လံုးစိတ္ဖိစီးမႈေတြ၊စိတ္ပင္ပန္းမႈရလာတဲ႔အခါညဘက္အိပ္ခ်ိန္မွာသြားျပီးထိခိုက္ပါေတာ့တယ္။အဲ႔ဒါေၾကာင့္ ကုိယ့္အေတြးေတြကုိ အေႏွာင့္အယွက္ျဖစ္ေစတဲ႔အေတြးေတြ၊လူေတြ၊အျဖစ္အပ်က္ေတြကို ေခါင္းထဲမွာထည့္မထားပဲ
လႊင့္ပစ္ပါ။အိပ္ခါနီးေလ့က်င့္ခန္းလုပ္တာ၊တရားထုိင္တာမ်ိဳးကလည္းစိတ္ကုိတည္ျငိမ္ေစပါတယ္။

*အစားအစာမဟုတ္တဲ႔အရာေတြကုိ မကုိက္ပါနဲ႔

ဒါက ကေလးဘ၀ကတည္းက စြဲလာတဲ႔အက်င့္ဆုိးတစ္ခုပါပဲ။လက္သညး္ကုိက္တာ၊ေဘာပင္ကိုက္တာ၊ခဲတံကုိက္တာစသျဖင့္အစားအစာမဟုတ္တဲ႔အရာေတြကိုကုိက္တာဟာ သြားၾကိတ္တဲ႔အက်င့္ျဖစ္လာေစတဲ႔အဓိကအေၾကာင္းတစ္ခုလို႔ေတာင္ေျပာလို႔ရပါတယ္။ကုိက္ခ်င္စိတ္ကုိ မထိန္းခ်ဳပ္ႏုိင္တာကလည္းစိတ္ဖိစီးမႈရဲ ႔ရလဒ္တစ္ခုပါပဲ။တကယ္လို႔ ဒီလုိခဲတံ၊ေဘာပင္ကုိက္တတ္တဲ႔အက်င့္ကုိခ်က္ခ်င္းေဖ်ာက္ဖုိ႔ မလြယ္ေသးဘူးဆုိရင္ ပီေက၀ါးတာမ်ိဳး၊တစ္ျခားအစားအစာကုိစားတာမ်ိဳးလုပ္ေပးျပီး ကုိက္တတ္တဲ႔အက်င့္ကုိေဖ်ာက္ပါ။

*Calcium နဲ႔ Magnesium လံုေလာက္စြာရွိပါေစ

ဒီလုိသြားၾကိတ္တတ္လာတာဟာ ကယ္လ္စီယမ္န႔ဲမဂၢနီဆီယမ္ဓာတ္ေတြခ်ိ႔ဳတဲ႔လာတာေၾကာင့္လည္းျဖစ္ႏုိင္ပါတယ္။အရင္တုန္းက သြားမၾကိတ္တတ္ေပမဲ႔ေနာက္ပုိင္းမွာသြားၾကိတ္တတ္လာတယ္ဆုိတာ ဒီလုိမ်ိဳးဓာတ္တစ္ခုခုခ်ိဳ႔တဲ႔ေနလုိ႔ပဲျဖစ္ပါတယ္။ဒီေတာ့ ၾကြက္သားနဲ႔အာရံုေၾကာေတြကုိ က်န္းမာေစဖုိ႔supplements ေတြကုိ ဆရာ၀န္နဲ႔ေသခ်ာတုိင္ပင္ျပီးေသာက္ေပးသင့္ပါတယ္။

*အိပ္ရာမ၀င္ခင္ ခဏေလာက္အနားယူေပးပါ

အိပ္ရင္အနားယူတာနဲ႔အတူတူပဲဆုိေပမဲ႔ မအိပ္ခင္ ၁၅မိနစ္ေလာက္မွာ လည္ပင္း၊ပုခံုးနဲ႔မ်က္နွာက အေၾကာေလးေတြကုိႏွိပ္နယ္ေပးတာမ်ိဳး၊အိပ္ခါနီးအေၾကာေလ်ွာ့ေလ့က်င့္ခန္းေတြလုပ္ေပးတာမ်ိဳး၊ေကာင္းေကာင္းအိပ္ေပ်ာ္ေစတဲ႔ က်န္းမာေရးလက္ဖက္ေျခာက္ေရေႏြးေလးေသာက္ေပးျပီးစိတ္ကုိအနားေပးတာမ်ိဳးလုပ္ေပးမယ္ဆုိရင္ ခႏၶာကုိယ္ၾကြက္သားေတြကုိပါ အနားယူသလိုျဖစ္ေစျပီး ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။

*အံကပ္တစ္ခု၀ယ္ထားပါ

ေနာက္ဆံုး ဘယ္လုိမွအဆင္မေျပဘူး၊သြားကအျမဲၾကိတ္ေနတယ္ဆုိရင္ေတာ့ အံကပ္တစ္ခု၀ယ္ထားျပီး သြားေတြမပ်က္စီးေအာင္ ကာကြယ္ထားဖုိ႔လိုပါတယ္။ေန႔တိုင္းသြားၾကိတ္ေနရင္ သြားေတြက်ိဳးပဲ႔ပ်က္စီးကုန္ေတာ့မွာပါ။တစ္ေယာက္နဲ႔တစ္ေယာက္သြားတည္ေဆာက္ပံုကလည္းမတူညီတာေၾကာင့္အံကပ္ကုိကုိယ့္သြားနဲ႔ကြက္တိလုပ္ႏုိင္ရင္အေကာင္းဆံုးေပါ့။ဒါဆုိ သြားၾကိတ္လည္း သင့္ရဲ႔သြားအစစ္ေတြမထိခိုက္မပ်က္စီးေတာ့ပါဘူး။

Unicode

ညဘက်အိပ်တဲ့အခါ ဟောက်တတ်တဲ့သူတွေရှိသလို သွားကြိတ်တတ်တဲ့သူတွေလည်းရှိကြတယ်ဟုတ်!သင်ရော သွားကြိတ်တတ်သူတစ်ယောက်လား?ဒါဆိုရင်တော့ ဒီစာလေးကိုသေချာဖတ်သင့်ပြီနော်။ဘာလို့သွားကြိတ်တာဖြစ်တာလဲဆိုရင် ညအိပ်စက်ချိန်မှာလည်ချောင်းကြွက်သားတွေက အနားယူကြပြီးအဲ့ဒီအချိန်မှာ လေပေါက်ပိတ်ဆို့မှုဖြစ်ကာ အသက်ရှုလမ်းကြောင်းကိုအနှောင့်အယှက်ပေးနေလို့ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်သွားကြိတ်တာ၊ဟောက်တာတွေဖြစ်လာတတ်တာပါ။

သွားကြိတ်တတ်တဲ့အလေ့အကျင့်က ကိုယ့်သွားကျန်းမာရေးအတွက်မကောင်းသလို တစ်ခြားသူတွေအတွက်လည်းအိပ်စက်ချိန်မှာအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဒီတော့ ညဘက်မှာ ကိုယ်လည်း ကောင်းကောင်းအိပ်ရပြီး သွားလေးတွေလည်းကျန်းမာအောင် ဒီအချက်လေးတွေကိုသေချာသတိထားပြီးရှောင်ပေးပါ။ဘယ်လိုအချက်တွေကိုရှောင်ရမလဲဆိုတော့…

*ပထမဆုံးအနေနဲ့ ကဖင်းဓာတ်နဲ့အရက်ကိုရှောင်ပါ
စားသောက်နေထိုင်မှုပုံစံကလည်း အိပ်စက်တဲ့အခါသက်ရောက်မှုရှိပါတယ်။ကဖင်းဓာတ်များပြားတဲ့အခါ အိပ်စက်ချိန်မှာလည်း တက်ကြွနေပြီးအိပ်စက်ချိန်မမှန်ကန်တော့ပဲဖြစ်တတ်ပါတယ်။ဒီတော့ ကဖင်းဓာတ်ပါဝင်မှုမြင့်မားတဲ့ ကော်ဖီ၊Coke၊အားဖြည့်အချိုရည်တွေသောက်သုံးတာကို လျှော့ပေးရပါမယ်။အရက်သောက်တာဟာလည်း အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ဒါကြောင့် အရက်ကိုမကြာခဏသောက်လေ့ရှိတယ်ဆိုရင် ဒီထက်ပိုပြီးလျှော့သောက်ပါတော့။

*စိတ်ဖိစီးမှုတွေကို လျှော့ချပါ
စိတ်ဖိစီးမှုများတာဟာ သွားကြိတ်စေတဲ့အကြောင်းရင်းတစ်ခုပါပဲ။တစ်နေ့လုံးစိတ်ဖိစီးမှုတွေ၊စိတ်ပင်ပန်းမှုရလာတဲ့အခါညဘက်အိပ်ချိန်မှာသွားပြီးထိခိုက်ပါတော့တယ်။အဲ့ဒါကြောင့် ကိုယ့်အတွေးတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွေးတွေ၊လူတွေ၊အဖြစ်အပျက်တွေကို ခေါင်းထဲမှာထည့်မထားပဲ
လွှင့်ပစ်ပါ။အိပ်ခါနီးလေ့ကျင့်ခန်းလုပ်တာ၊တရားထိုင်တာမျိုးကလည်းစိတ်ကိုတည်ငြိမ်စေပါတယ်။

*အစားအစာမဟုတ်တဲ့အရာတွေကို မကိုက်ပါနဲ့
ဒါက ကလေးဘဝကတည်းက စွဲလာတဲ့အကျင့်ဆိုးတစ်ခုပါပဲ။လက်သညး်ကိုက်တာ၊ဘောပင်ကိုက်တာ၊ခဲတံကိုက်တာစသဖြင့်အစားအစာမဟုတ်တဲ့အရာတွေကိုကိုက်တာဟာ သွားကြိတ်တဲ့အကျင့်ဖြစ်လာစေတဲ့အဓိကအကြောင်းတစ်ခုလို့တောင်ပြောလို့ရပါတယ်။ကိုက်ချင်စိတ်ကို မထိန်းချုပ်နိုင်တာကလည်းစိတ်ဖိစီးမှုရဲ ့ရလဒ်တစ်ခုပါပဲ။တကယ်လို့ ဒီလိုခဲတံ၊ဘောပင်ကိုက်တတ်တဲ့အကျင့်ကိုချက်ချင်းဖျောက်ဖို့ မလွယ်သေးဘူးဆိုရင် ပီကေဝါးတာမျိုး၊တစ်ခြားအစားအစာကိုစားတာမျိုးလုပ်ပေးပြီး ကိုက်တတ်တဲ့အကျင့်ကိုဖျောက်ပါ။

*Calcium နဲ့ Magnesium လုံလောက်စွာရှိပါစေ
ဒီလိုသွားကြိတ်တတ်လာတာဟာ ကယ်လ်စီယမ်နဲ့မဂ္ဂနီဆီယမ်ဓာတ်တွေချိ့ုတဲ့လာတာကြောင့်လည်းဖြစ်နိုင်ပါတယ်။အရင်တုန်းက သွားမကြိတ်တတ်ပေမဲ့နောက်ပိုင်းမှာသွားကြိတ်တတ်လာတယ်ဆိုတာ ဒီလိုမျိုးဓာတ်တစ်ခုခုချို့တဲ့နေလို့ပဲဖြစ်ပါတယ်။ဒီတော့ ကြွက်သားနဲ့အာရုံကြောတွေကို ကျန်းမာစေဖို့supplements တွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးသောက်ပေးသင့်ပါတယ်။

*အိပ်ရာမဝင်ခင် ခဏလောက်အနားယူပေးပါ
အိပ်ရင်အနားယူတာနဲ့အတူတူပဲဆိုပေမဲ့ မအိပ်ခင် ၁၅မိနစ်လောက်မှာ လည်ပင်း၊ပုခုံးနဲ့မျက်နှာက အကြောလေးတွေကိုနှိပ်နယ်ပေးတာမျိုး၊အိပ်ခါနီးအကြောလျှော့လေ့ကျင့်ခန်းတွေလုပ်ပေးတာမျိုး၊ကောင်းကောင်းအိပ်ပျော်စေတဲ့ ကျန်းမာရေးလက်ဖက်ခြောက်ရေနွေးလေးသောက်ပေးပြီးစိတ်ကိုအနားပေးတာမျိုးလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြွက်သားတွေကိုပါ အနားယူသလိုဖြစ်စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။

*အံကပ်တစ်ခုဝယ်ထားပါ
နောက်ဆုံး ဘယ်လိုမှအဆင်မပြေဘူး၊သွားကအမြဲကြိတ်နေတယ်ဆိုရင်တော့ အံကပ်တစ်ခုဝယ်ထားပြီး သွားတွေမပျက်စီးအောင် ကာကွယ်ထားဖို့လိုပါတယ်။နေ့တိုင်းသွားကြိတ်နေရင် သွားတွေကျိုးပဲ့ပျက်စီးကုန်တော့မှာပါ။တစ်ယောက်နဲ့တစ်ယောက်သွားတည်ဆောက်ပုံကလည်းမတူညီတာကြောင့်အံကပ်ကိုကိုယ့်သွားနဲ့ကွက်တိလုပ်နိုင်ရင်အကောင်းဆုံးပါ။ဒါဆို သွားကြိတ်လည်း သင့်ရဲ့သွားအစစ်တွေမထိခိုက်မပျက်စီးတော့ပါဘူး။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.