ဟောလိဝုဒ်စတားတစ်ယောက်အလား ပြောင်းလဲသွားစေမယ့် အလှပရေးရာလျို့ ဝှက်ချက်

မျိုးစုံသော ဖိစီးမှုတွေရှိလာရင် ခန္ဓာကိုယ်ပါထိရောက်မှုရှိစေရုံမက ၊ မျက်နှာအသားရည်ကိုပါ ညှိုးနွမ်း စေပါတယ်။ နေ့ရက်တိုင်းကို လန်းဆန်းတဲ့အလှလေးနဲ့ ဖြတ်သန်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အလှပရေးရာ လျို့ ဝှက်ချက်လေးတွေကို သိထားသင့်တယ်နော်။

ကြည်လင် တောက်ပတဲ့အသားရည်လေးအတွက်


ဘယ်လို မိတ်ကပ်လိမ်းလိမ်း အသားရည်ကို လိုချင်သလိုဖြစ်မလာဘူးဆိုရင် အချိန် ၁၅မိနစ်လောက်ယူပြီး အသားရည်ကို ပြန်ကောင်းအောင်လုပ်ဖို့လိုနေပါပြီ။ ပထမဦးဆုံးအနေနဲ့ အရေပြားသန့်စင်အောင် ကောင်းကောင်း ဆေးကြောင်သန့်စင်ပေးဖို့လိုပါတယ်။ ဆားဝက်ခြံတွေနဲ့ အမည်းစက်တွေ မျက်နှာပေါ်မှာမရှိတော့ဘူးဆိုရင်တောင် မျက်နှာလေးတော်တော် ဝင်းသွားမှာပါ။ mask လုပ်ဖို့အတွက် လိုအပ်တဲ့
ပစ္စည်းတွေက –
– နွားနို့ လက်ဖက်ရည်ဇွန်း ၂
– gelatin လက်ဖက်ရည်ဇွန်း ၁
ဒီနှစ်ခုကို microwave မှာ စက္ကန့်၃ဝလောက်အပူပေးပြီး (သို့) ခရင်မ်လို ပျစ်ချွဲချွဲလေးဖြစ်သွားအောင် မွှေပေးပါ။ မျက်နှာပေါ်လိမ်းတဲ့အခါ ညှင်သာစွာ ပွတ်လိမ်းပေးပါ။ အခြောက်ခံပြီးရင် ပုံပါအတိုင်းခွာချလို့ရပါပြီ။ တစ်ခါလုပ်ပြီးတာနဲ့ တော်တော်လေး ထူးခြားတယ်နော်။

၁ဝမိနစ်အတွင်း ဆားဝက်ခြံတွေရှင်းမယ်


ဆားဝက်ခြံတွေကို အချိန်တိုတွင်းရှင်းချင်တယ်ဆိုရင် နည်းလမ်းတစ်ချို့ ရှိပါတယ်။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်ကို ရောပြီး ဆားဝက်ခြံရှိတဲ့နေရာပေါ်မှာ လိမ်းပါ။ ၅မိနစ်လောက်ထားပြီးရင် ဂွမ်းလေးနဲ့သုတ်ပေးပါ။အကုန်သန့်ပြီဆိုမှ မျက်နှာကိုသန့်စင်လိုက်ပါ။

အသားရည်ကို ပုံမှန်အစိုဓာတ်ပေးဖို့လို


မနက်ကနေ ညအထိ စိုအိဝင်းပနေတဲ့ မျက်နှာလေးပိုင်ဆိုင်နိုင်ဖို့ဆိုတာ အစိုဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်ဖို့လည်း လိုပါတယ်။ ကိုယ့်အသားရည်နဲ့ကိုက်တဲ့ ပစ္စည်းကိုလည်း ရွေးချယ်သုံးစွဲတတ်ဖို့လိုပါတယ်။ အသားရည်ခြောက်သူများအတွက် beeswax က အကောင်းဆုံးပါပဲ။ ခရင်မ်မှာ ရေဓာတ်တော့မပါဘူးပေါ့။ အဆီပြန်တတ်သူများအတွက် သဘာဝ silicone ပါဝင်တဲ့ emulsions လေး အသုံးပြုပေးပါ။ သဘာဝအသားရည်နဲ့ ပေါင်းစပ်သမားအတွက် mineral oil ပါတဲ့ ခရင်မ်နဲ့ dimethicone ကိုအသုံးပြုပေးနိုင်ပါတယ်။

ပန်ဒါမျက်ဝန်းပိုင်ရှင်လေးများ


ကျန်တဲ့နေရာ အသားရည်ကောင်းပေမယ့် မျက်နှာတစ်ခုလုံးမှာ မျက်တွင်းကြီးညိုနေတာ ကြည့်ရဆိုးပါတယ်။ အပြင်ကလည်း သွားရတော့မယ်။ မျက်တွင်း တစ်ဝှိက်ကို concealer လိမ်းပါ။ concealer တောင်မနိုင်ရင်တော့ သဘာဝနည်းလမ်းနဲ့ မျက်ကွင်းညိုတာကို ဖျောက်ဖို့လိုအပ်နေပါပြီ။ လက်ဖက်ရည်ထုတ် ၊ သခွားသီး ဒါမှမဟုတ် အာလူးတို့ကိုပုံမှန်ကပ်ပေးပါ။

မိတ်ကပ်လိမ်းရင်း peach နဲ့ pink ကာလာလေးတွေကိုရောစပ်ပြီး မျက်ဝန်းတစ်ဝိုက်မှာ ဖျော့ဖျော့လေးခြယ်လိမ်းပါ။ ပြီးမှ ပေါင်ဒါသားနဲ့ပြန်ဖို့ လိုက်ရင်… မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြီးပြည့်စုံတဲ့ မျက်နှာလေးကို ရရှိမှာဖြစ်ပါတယ်။

မှန်ကန်တဲ့ Highlight


မျက်နှာမှာ မိတ်ကပ်လိမ်းပြီးရင် Highlight ကို မှန်မှန်ကန်ကန်တင်တတ်ဖို့လိုပါတယ်။ Highlight တင်ထားရင် မျက်နှာလေးက ဘယ်လိုကြည့်ကြည့် လှကိုလှနေတာပါ။ ပုံထဲမှာပြထားတဲ့အတိုင်း မျက်နှာရဲ့အဓိက ၀ိုင်းပြထားတဲ့နေရာကို Highlight တင်ပါ။

Vaseline ရဲ့ အထူးအားသာချက်


ပုံကျလှပတဲ့ ရင်သားတစ်စုံပိုင်ဆိုင်နိုင်ဖို့အတွက် Vaseline က ဖြည့်ဆည်းပေးနိုင်မှာပါ။ ညအိပ်ရာမဝင်ခင်Vaselineကို ပုံမှန်လိမ်းပေးပါ။ ၂ပတ်ကြာတဲ့အခါ အသားရည်တွေတင်းရင်းလာလပြီး အစိုဓာတ်ပြည့်​ဝကာ အရင်ကထက်ကျစ်လစ်တဲ့ ရင်သားတစ်စုံကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်နော့။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.