ပရိတ်သတ်တွေအကြားမြင်ရနေတဲ့ နောက်ထပ်ဒိတ်သတင်းထွက်လာမယ့် အတွဲလေး 👫

myid

ပြီးခဲ့တဲ့လ ၂၇ရက်နေ့က ထွက်ရှိခဲ့တဲ့ My ID Is Gangnam Beauty ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်Cha Eunwoo နဲ့ Jo Woori တို့ရဲ့ စကားပြောဆိုပုံ အမူရာတို့ကို အကဲခတ်ပြီး ပရိတ်သတ်တွေမှသူတို့ရဲ့ကြိုတင်ခန့်မှန်းချက်ကို လတ်တလော သုံးသပ်နေတာဖြစ်ပါတယ်။ 🤨

chaeunwoo

Cha Eunwoo နဲ့ Jo Woori တို့က အခြားအနုပညာရှင်တွေထက်ပိုပြီး သူတို့နှစ်ယောက် အမြဲတပူးပူးတတွဲတွဲ ပိုရှိနေတတ်ကြတယ်လို့ ပရိတ်သတ်တွေက ထင်နေပါတယ်။ ရုပ်ရှင်ရိုက်ကွင်း နောက်ကွယ်က scenes တွေမှာ နှစ်ယောက်သား တစ်ယောက်ကိုယ် တစ်ယောက်ကြည့်ပြီး ရယ်မောပုံတွေမှာ သူတို့နှစ်ယောက်ရဲ့ခံစားမှုတွေကို မြင်တွေ့နေရပါတယ်။

jo woori

Jo Woori က Cha Eunwoo အတွက် ကာတွန်းပုံလေးဆွဲပေးပြီး စနောက်နေတဲ့ GIF လေးလည်းတက်လာပါတယ်။

ဇာတ်ကားရိုက်နေရင်း အမှားလုပ်မိလည်း နှစ်ယောက်သား တခစ်ခစ်နဲ့ ရယ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်လှန်သင်ကြားပြသပေးပါတယ်။ ဇာတ်ကားအတူရိုက်တဲ့ မင်းသားနဲ့မင်းသမီးတိုင်း အပြင်မှာတကယ်ကြိုက်သွားကြတာများတော့ ပရိတ်သတ်တွေက ဒီရုပ်ရှင်ထဲမှာ သရုပ်ဆောင်တွေလည်း မကြာခင်မှာ သတင်းကောင်းကြားရဖို့ မြင်ယောင်နေတယ်လို့ ပြေလာကြတယ်။

woori4

ဒီလောက်လေးရင်းနှီးတာနဲ့ ဒိတ်ဖို့မဖြစ်နိုင်ဘူးလို့လည်း တစ်ချို့ ပရိတ်သတ်တွေက ပြောနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်နေရမှာပါပဲ။ 😉

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.